ထူးထူးဆန်းဆန်း သမုဒ္ဒရာနဲ့ဝေးရာ ၃မိုင် အကွာက နွားများကျက်စားရာမြေသို့ ရောက်နေခဲ့တဲ့ ပင်လယ်ဖျံလေးတစ်ကောင်

ငှက်များစောင့်ကြည့်ခြင်းကို ဝါသနာတဲ့ Ian Ellis အမည်ရှိအမျိုးသမီးတစ်ဦးဟာ တစ်နေ့မှာ စိတ်အပန်းဖြေဖို့ အပြင်ထွက်ပြီး ငှက်အချို့ကိုရှာဖွေနေစဉ် အဝေးကြည့်မှန်ပြောင်းမှထူးဆန်းတဲ့အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ နွားအုပ်စုတစ်စုဟာ ၎င်းတို့ရဲ့လယ်ကွင်းအတွင်းရှိ ရွံ့ဗွက်ထူတဲ့ချိုင့်တွင်းပတ်ဝန်းကျင်မှာ ဝန်းရံနေတာကိုတွေ့ရှိခဲ့ရပြီးနောက် နွားများအာရုံစူးစိုက်နေတဲ့ရွှံ့ဗွက်ထဲမှာရွေ့လျားနေတဲ့အရာတစ်ခုကို lan ကလည်း အာရုံစိုက်မိသွားခဲ့ပါတယ်။ ဘာလဲဆိုတာမသိတဲ့အတွက်ကြောင့် Ian ကလည်း ၎င်းကို အနီးကပ်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာတော့ ရွှံ့ဗွက်ထဲမှာ လူးလွန့်နေတဲ့ ပင်လယ်ဖျံလေးတစ်ကောင်ကို တွေ့လိုက်တဲ့အခါ သူမ အံ့ဩသွားခဲ့ရပါတယ်။

.

၎င်းပင်လယ်ဖျံလေးဟာ သမုဒ္ဒရာနဲ့ ၃ မိုင်ကျော်ဝေးနေတဲ့ နေရာမှာရောက်နေခဲ့တာပါ။ ထိုအဖြစ်ကြောင့် Ian လည်း ဒီနွားအုပ်စုက ပင်လယ်ဖျံကောင်လေး​ကြောင့် အထူးအဆန်းဖြစ်နေခဲ့တာကိုသိခဲ့ရပြီး အခက်အခဲများကြုံတွေ့နေရတဲ့ ပင်လယ်ဖျံလေးဟာလည်း အကူအညီလိုအပ်နေပုံပေါ်နေခဲ့ပါတယ်။
ထို့နောက်မှာတော့ Skegness Natureland Seal Sanctuary မှ အလုပ်သမားများက သနားစရာကောင်းတဲ့တိရိစ္ဆာန်အား ကူညီရန်အခင်းဖြစ်ပွားရာသို့ ပြေးလာခဲ့ကြပြီး ထိုပင်လယ်ဖျံလေးဟာ အဆုတ်ရောဂါကူးစက်မှုခံနေရတဲ့အပြင် အကြီးအကျယ်ရေဓါတ်ခန်းခြောက်ခြင်းနှင့် အာဟာရချို့တဲ့နေခဲ့ပါတယ်။

.

ပင်လယ်ဖျံလေးဟာ အနည်းငယ်ရုန်းပေမဲ့လည်း သူ့ကို ကယ်တင်နိုင်ခဲ့ပြီးနောက် ၎င်းအား ပင်လယ်ဖျံထိန်းသိမ်းရေးအဖွဲ့က ပင်လယ်ထဲပြန်လွှတ်ပေးမဲ့ Charlie လို့ခေါ်တဲ့ပင်လယ်ဖျံတစ်ကောင်နှင့်လည်း မိတ်ဖွဲ့ပေးခဲ့သလို ၎င်းကို Celebration လို့လည်း အမည်ပေးခဲ့ပါသေးတယ်။

.

Celebration လေးရဲ့ကျန်းမာရေးအခြေအနေအား သေချာစစ်ဆေးပေးပြီးနောက်မှာတော့ ပင်လယ်ဖျံလေးအား ဂရုစိုက်မှုကိုကောင်းစွာတုံ့ပြန်တဲ့အနေဖြင့် သမုဒ္ဒရာထဲသို့ပြန်လွှတ်ရန် အချိန်တန်ပြီလို့ သက်ဆိုင်ရာများက ဆုံးဖြတ်ပေးခဲ့ကြတဲ့အတွက် ၊ Charlie လေးနှင့်အတူ Celebration လေးကို သမုဒ္ဒရာထဲသို့ အတူတကွပြန်လွတ်ပေးခဲ့တာကြောင့် Celebration လေး ရဲ့အိမ်ပြန်ခရီးက အထီးကျန်တော့မှာ မဟုတ်ဘူးလို့ Ian က ဆိုခဲ့ပါတယ်။

၎င်းပင်လယ်ဖျံလေးနှစ်ကောင်တို့ အချင်းချင်း စိုက်ကြည့်ရင်း အိမ်ပြန်ဖို့ ဘယ်လောက်တောင်စိတ်လှုပ်ရှားနေခဲ့မဲ့ဓာတ်ပုံကိုလည်း Ian က တင်ပေးခဲ့ပြီး Ian က အိမ်ပြန်တဲ့လမ်းတစ်လျှောက်မှာ သူငယ်ချင်းအသစ်လေးရလိုက်တဲ့ Celebration လေးအတွက် ဝမ်းသာကြောင်းလည်း ရေးသားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : buzznicked

Be the first to comment on "ထူးထူးဆန်းဆန်း သမုဒ္ဒရာနဲ့ဝေးရာ ၃မိုင် အကွာက နွားများကျက်စားရာမြေသို့ ရောက်နေခဲ့တဲ့ ပင်လယ်ဖျံလေးတစ်ကောင်"

Leave a comment

Your email address will not be published.


*