အေႂကြျပားေစ့ေပါင္း ၂,၆၅၂ ျပားေစ့ျဖင့္ ေၾကးနီဝတ္စုံကို ဖန္တီးခ်ဳပ္လုပ္ခဲ့တဲ့ မိန္းကေလးတစ္ဦး

Instagram ရွိ follower ၁.၁ သန္းရွိတဲ့ အရာဝတၱဳမ်ားျဖင့္ ထူးဆန္းျခားနားတဲ့ဝတ္စုံမ်ားရဲ႕ဖန္တီးရွင္တစ္ဦးျဖစ္သူ Crescent Shay အမည္ရွိအမ်ိဳးသမီးဟာ ေၾကးနီအပိုင္းအစေသးေသးေလးမ်ားျဖင့္ ေတာက္ေျပာင္ေျပာင္လက္ေနေသာ ငါးေၾကးခြံပုံစံေၾကးနီဝတ္စုံကို ဖန္တီးႏိုင္ေစရန္အတြက္ အေႂကြျပားေစ့ pennies မ်ားအားလုံးကို ရွာေဖြစုေဆာင္းခဲ့ပါတယ္။ ဤပေရာဂ်က္ဟာ အခ်ိန္ႏွင့္ ႀကိဳးစားအားထုတ္မႈမ်ားစြာကို အေတာ္တန္ၾကာ အခ်ိန္ယူခဲ့ရပါတယ္။ ပထမဆုံး သူမလိုအပ္တဲ့ pennies မ်ားကိုစုေဆာင္းၿပီးတာနဲ႔ Crescent Shay ဟာ ၎တို႔ကို ေသခ်ာေဆးေၾကာသန္႔စင္ကာ အေခ်ာသပ္ၿပီး ၎တို႔တစ္ခုခ်င္းစီကို အပ္ထိုးထည့္လို႔ရတဲ့အေပါက္မ်ားေဖာက္ကာ ေပါ့ေပါ့ပါးပါး cocktail dress ဝတ္စုံဒီဇိုင္းျဖင့္ ခ်ဳပ္လုပ္ခဲ့ပါတယ္။

Crescent ဟာ ၎၀တ္စုံရဲ႕ အေပၚပိုင္းကို ပထမဆုံး ၿပီးေျမာက္ၿပီးေနာက္ အဆုံးမွာ ေအာက္ေျခပိုင္းကို တြဲေလာင္းေလးျဖင့္လည္း ဖန္တီးခဲ့ပါတယ္။ ထြက္လာတဲ့ေနာက္ဆုံးရလဒ္အတိုင္း Crescent ဟာ ၎ဝတ္စုံျပဳလုပ္ရန္ အေႂကြျပားေစ့ေပါင္း ၂,၆၅၂ ျပားေစ့ကို အသုံးျပဳခဲ့ရပါတယ္။ Crescent က “ ေနာက္ထပ္ ထူးဆန္းတဲ့ ပေရာဂ်က္တစ္ခုနဲ႔ ျပန္လာခဲ့ပါၿပီ၊ ဒီတစ္ေခါက္မွာေတာ့ အေႂကြျပားေစ့ေတြနဲ႔လုပ္ထားတဲ့ ၀တ္စုံတစ္စုံပါ။ ( ဝန္ခံပါတယ္ ၊ ဒီဝတ္စုံကိုဖန္တီးဖို႔ အေႂကြျပားေစ့ ဘယ္ေလာက္လိုအပ္တာကို ကြၽန္မေလ်ာ့တြက္ခဲ့မိတယ္ ) ” လို႔ဆိုကာ ဝတ္စုံႏွင့္ပတ္သက္ၿပီး ဗီဒီယိုျဖင့္ အေသးစိတ္ရွင္းျပထားခဲ့ပါတယ္။ စိတ္ဝင္စားစရာေကာင္းတဲ့ Crescent Shay ရဲ႕တီထြင္ဖန္တီးမႈဗီဒီယိုကိုလည္း ေအာက္မွာ ဆက္လက္ၾကည့္ရႈႏိုင္ပါတယ္ဗ် ။

.

.

.

Mia (Mckzone daily)

Reference : laughingsquid

Unicode

Instagram ရှိ follower ၁.၁ သန်းရှိတဲ့ အရာဝတ္တုများဖြင့် ထူးဆန်းခြားနားတဲ့ဝတ်စုံများရဲ့ဖန်တီးရှင်တစ်ဦးဖြစ်သူ Crescent Shay အမည်ရှိအမျိုးသမီးဟာ ကြေးနီအပိုင်းအစသေးသေးလေးများဖြင့် တောက်ပြောင်ပြောင်လက်နေသော ငါးကြေးခွံပုံစံကြေးနီဝတ်စုံကို ဖန်တီးနိုင်စေရန်အတွက် အကြွေပြားစေ့ pennies များအားလုံးကို ရှာဖွေစုဆောင်းခဲ့ပါတယ်။ ဤပရောဂျက်ဟာ အချိန်နှင့် ကြိုးစားအားထုတ်မှုများစွာကို အတော်တန်ကြာ အချိန်ယူခဲ့ရပါတယ်။ ပထမဆုံး သူမလိုအပ်တဲ့ pennies များကိုစုဆောင်းပြီးတာနဲ့ Crescent Shay ဟာ ၎င်းတို့ကို သေချာဆေးကြောသန့်စင်ကာ အချောသပ်ပြီး ၎င်းတို့တစ်ခုချင်းစီကို အပ်ထိုးထည့်လို့ရတဲ့အပေါက်များဖောက်ကာ ပေါ့ပေါ့ပါးပါး cocktail dress ဝတ်စုံဒီဇိုင်းဖြင့် ချုပ်လုပ်ခဲ့ပါတယ်။

Crescent ဟာ ၎င်း၀တ်စုံရဲ့ အပေါ်ပိုင်းကို ပထမဆုံး ပြီးမြောက်ပြီးနောက် အဆုံးမှာ အောက်ခြေပိုင်းကို တွဲလောင်းလေးဖြင့်လည်း ဖန်တီးခဲ့ပါတယ်။ ထွက်လာတဲ့နောက်ဆုံးရလဒ်အတိုင်း Crescent ဟာ ၎င်းဝတ်စုံပြုလုပ်ရန် အကြွေပြားစေ့ပေါင်း ၂,၆၅၂ ပြားစေ့ကို အသုံးပြုခဲ့ရပါတယ်။ Crescent က “ နောက်ထပ် ထူးဆန်းတဲ့ ပရောဂျက်တစ်ခုနဲ့ ပြန်လာခဲ့ပါပြီ၊ ဒီတစ်ခေါက်မှာတော့ အကြွေပြားစေ့တွေနဲ့လုပ်ထားတဲ့ ၀တ်စုံတစ်စုံပါ။ ( ဝန်ခံပါတယ် ၊ ဒီဝတ်စုံကိုဖန်တီးဖို့ အကြွေပြားစေ့ ဘယ်လောက်လိုအပ်တာကို ကျွန်မလျော့တွက်ခဲ့မိတယ် ) ” လို့ဆိုကာ ဝတ်စုံနှင့်ပတ်သက်ပြီး ဗီဒီယိုဖြင့် အသေးစိတ်ရှင်းပြထားခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ Crescent Shay ရဲ့တီထွင်ဖန်တီးမှုဗီဒီယိုကိုလည်း အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်ဗျ ။

Mia (Mckzone daily)

Be the first to comment on "အေႂကြျပားေစ့ေပါင္း ၂,၆၅၂ ျပားေစ့ျဖင့္ ေၾကးနီဝတ္စုံကို ဖန္တီးခ်ဳပ္လုပ္ခဲ့တဲ့ မိန္းကေလးတစ္ဦး"

Leave a comment

Your email address will not be published.


*