ဝန်ထမ်းများအားလုံးကို လစဉ်တိုင်းလိုလို ကြီးမားတဲ့လစာတိုးပေးပြီး စူပါကားများကိုလည်း ကုမ္ပဏီယာဉ်အဖြစ် အခမဲ့မောင်းခွင့်ပေးတဲ့ သူဌေး

ထိုင်ဝမ်က ATC Group ကုမ္ပဏီ ရဲ့ သူဌေးတစ်ယောက်ဖြစ်တဲ့ Wu Chong ဟာ သူ့ရဲ့ဝန်ထမ်းများကို အကောင်းဆုံးအကျိုးခံစားခွင့်များပေးတဲ့အပြင် လစဉ်လစာတိုးပေးပြီး သူဌေးရဲ့စူပါကားတွေကိည လှည့်ပတ်မောင်းနှင်နိုင်တဲ့ အခွင့်အရေးလည်း ပေးပါတယ် ။ ဒါက လူတိုင်းအလုပ်လုပ်ချင်စိတ်ရှိစေတဲ့ ကုမ္ပဏီဆိုတာ သေချာပါတယ် ။ ကုမ္ပဏီက ဘောနပ်စ်များနဲ့ လစာတိုးပေးခြင်းတစ်ခုတည်းအတွက် စုစုပေါင်း TWD 10.5 သန်းကိုလည်း ရင်းနှီးမြှုပ်နှံထားပါတယ် ။ သူဌေးဖြစ်သူ Wu Chong က “ဒါဟာ မလုံလောက်သေးဘူးလို့ ကျွန်တော် ခံစားနေတုန်းပါပဲ။ ကျွန်တော့် ရည်မှန်းချက်က ဝန်ထမ်းအားလုံးရဲ့ ပျမ်းမျှလစာ TWD 80,000 အထိ တိုးပေးချင်တယ်” လို့ ဆိုပါတယ် ။

.

စူပါကားများကို နှစ်သက်သူတစ်ဦးဖြစ်တဲ့ သူဌေး Wu Chong က သူ့ရဲ့ဝန်ထမ်းများကို လွတ်လွတ်လပ်လပ် မောင်းနှင်နိုင်ရန် ကုမ္ပဏီမှာ သူ့ရဲ့ စူပါကား ခုနစ်စီးလုံးကို ရပ်ထားပါတယ် ။

.

အကျိုးအမြတ်များစွာကို ပေးဆောင်ပြီး သူ့ကုမ္ပဏီကို ဘယ်လိုလုပ်ဆောင်နေသလဲလို့ မေးတဲ့အခါ Wu Ching က “ကုမ္ပဏီရဲ့ ၀င်ငွေအားလုံးကို ဝန်ထမ်းအကျိုးခံစားခွင့်အဖြစ် ပြောင်းလဲပေးတယ်။ ဝန်ထမ်းတွေကို လစာနဲ့ အကျိုးခံစားခွင့်တွေ ပေးရတာ သဘာဝကျတယ် ဘာလို့လဲဆိုတော့ ငါတို့က သူတို့ထက် ပိုက်ဆံပိုရှိတယ်။ အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတွေကို မြင့်မားတဲ့ လစာနဲ့ ခံစားခွင့်တွေ ပေးရတာက သူတို့ရဲ့အရည်အချင်းတွေကို ထိန်းသိမ်းထားဖို့ပါပဲ” လို့ ပြောဆိုခဲ့ပါတယ် ။

.

.

အကျိုးခံစားခွင့်များအားလုံးဖြင့် ဝန်ထမ်းများက ၎င်းတို့ရဲ့ သူဌေးကို ချစ်ကြောင်း အဆက်မပြတ်ပြောနေခြင်းမှာ သဘာဝကျပါတယ် ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ သူဌေးတစ်ယောက်ရှိလို့ တကယ်ကို ကံကောင်းပါတယ်။ လစဉ် လစာတိုးတဲ့အကြောင်း ကြားရုံနဲ့ အတိုင်းမသိ ဝမ်းသာပြီး မျက်ရည်တောင် ဝဲမိပါတယ် ။

JRose (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "ဝန်ထမ်းများအားလုံးကို လစဉ်တိုင်းလိုလို ကြီးမားတဲ့လစာတိုးပေးပြီး စူပါကားများကိုလည်း ကုမ္ပဏီယာဉ်အဖြစ် အခမဲ့မောင်းခွင့်ပေးတဲ့ သူဌေး"

Leave a comment

Your email address will not be published.


*