ထိုင္းႏိုင္ငံ၊Trang ၿမိဳ႕ရွိ အသက္ ၃၆ ႏွစ္အ႐ြယ္ တစ္ကိုယ္ေရမိခင္ Nong Jingle ဟာ သူ႔ရဲ႕၈ ႏွစ္အ႐ြယ္ ကေလးကို ခ်စ္စရာအသားညႇပ္ေပါင္မုန႔္ျပဳလုပ္ရန္ ေခၚၿပီး ေဖာက္သည္မ်ားစြာကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္ ။ ထို႔အျပင္ မၾကာေသးမီက ႏွင္းဆီအသားညႇပ္ေပါင္မုန႔္ျပဳလုပ္ရန္ ဆန္းသစ္တဲ့ စိတ္ကူးတစ္ခုကို ဖန္တီးခဲ့ပါတယ္ ။ “Nong Jingle”ရဲ႕ (၈) ႏွစ္အ႐ြယ္ သမီးေလးက အသားညႇပ္ေပါင္မုန႔္ကို ႀကိဳက္ႏွစ္သက္ေသာေၾကာင့္ ခ်စ္စဖြယ္ေကာင္းတဲ့ အသားညႇပ္ေပါင္မုန႔္ျပဳလုပ္ရန္ စိတ္ကူးတစ္ခု ထြက္ေပၚလာခဲ့ပါတယ္ ။
အဆိုပါတစ္ကိုယ္တည္းမိခင္ရဲ႕ ေန႔စဥ္ အသားညႇပ္ေပါင္မုန႔္က လတ္လတ္ဆတ္ဆတ္ရွိၿပီး အရည္အေသြးေကာင္းမြန္တဲ့ ပါဝင္ပစၥည္းမ်ား၊ အရသာရွိၿပီး ခ်စ္စရာအသြင္အျပင္လည္း ရွိပါတယ္ ။ သူတို႔ရဲ႕အသားညႇပ္ေပါင္မုန္႔က အမွာစာမ်ားစြာ ဝင္လာတဲ့အထိ အြန္လိုင္းခ်န္နယ္မ်ားမွာလည္း ေရာင္းခ်ေနပါတယ္ ။ ေနာက္ၿပီး ႏွင္းဆီအသားညႇပ္ေပါင္မုန႔္ျပဳလုပ္ရျခင္းဟာလည္း ခ်စ္သူမ်ားေန႔ ေရာက္ရွိလာေတာ့မွာျဖစ္လို႔ပါ ။
ဒါေၾကာင့္ ႏွင္းဆီအသားညႇပ္ေပါင္မုန႔္ျပဳလုပ္ဖို႔ စိတ္ကူးေပၚလာခဲ့ပါတယ္ ။ ခ်စ္သူမ်ားေနနဲ႔ လိုက္ဖက္ေအာင္ စုံတြဲပဲျဖစ္ျဖစ္၊ မိသားစုကိုခ်စ္တဲ့၊ မိဘကိုခ်စ္တဲ့သူငယ္ခ်င္းေတြျဖစ္ျဖစ္ ေပးႏိုင္ပါတယ္ ။ Customer တို႔ရဲ႕ အႀကိဳက္အတိုင္း စေတာ္ဘယ္ရီေထာပတ္၊ လိေမၼာ္ေထာပတ္၊ ဘလူးဘယ္ရီေထာပတ္၊ ေကာ္ဖီေထာပတ္စတဲ့ အရသာမ်ားစြာရွိပါတယ္ ။
JRose (Mckzone daily)
Reference : khaosod
Unicode
ထိုင်းနိုင်ငံ၊Trang မြို့ရှိ အသက် ၃၆ နှစ်အရွယ် တစ်ကိုယ်ရေမိခင် Nong Jingle ဟာ သူ့ရဲ့၈ နှစ်အရွယ် ကလေးကို ချစ်စရာအသားညှပ်ပေါင်မုန့်ပြုလုပ်ရန် ခေါ်ပြီး ဖောက်သည်များစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ ထို့အပြင် မကြာသေးမီက နှင်းဆီအသားညှပ်ပေါင်မုန့်ပြုလုပ်ရန် ဆန်းသစ်တဲ့ စိတ်ကူးတစ်ခုကို ဖန်တီးခဲ့ပါတယ် ။ “Nong Jingle”ရဲ့ (၈) နှစ်အရွယ် သမီးလေးက အသားညှပ်ပေါင်မုန့်ကို ကြိုက်နှစ်သက်သောကြောင့် ချစ်စဖွယ်ကောင်းတဲ့ အသားညှပ်ပေါင်မုန့်ပြုလုပ်ရန် စိတ်ကူးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ် ။
အဆိုပါတစ်ကိုယ်တည်းမိခင်ရဲ့ နေ့စဉ် အသားညှပ်ပေါင်မုန့်က လတ်လတ်ဆတ်ဆတ်ရှိပြီး အရည်အသွေးကောင်းမွန်တဲ့ ပါဝင်ပစ္စည်းများ၊ အရသာရှိပြီး ချစ်စရာအသွင်အပြင်လည်း ရှိပါတယ် ။ သူတို့ရဲ့အသားညှပ်ပေါင်မုန့်က အမှာစာများစွာ ဝင်လာတဲ့အထိ အွန်လိုင်းချန်နယ်များမှာလည်း ရောင်းချနေပါတယ် ။ နောက်ပြီး နှင်းဆီအသားညှပ်ပေါင်မုန့်ပြုလုပ်ရခြင်းဟာလည်း ချစ်သူများနေ့ ရောက်ရှိလာတော့မှာဖြစ်လို့ပါ ။
ဒါကြောင့် နှင်းဆီအသားညှပ်ပေါင်မုန့်ပြုလုပ်ဖို့ စိတ်ကူးပေါ်လာခဲ့ပါတယ် ။ ချစ်သူများနေနဲ့ လိုက်ဖက်အောင် စုံတွဲပဲဖြစ်ဖြစ်၊ မိသားစုကိုချစ်တဲ့၊ မိဘကိုချစ်တဲ့သူငယ်ချင်းတွေဖြစ်ဖြစ် ပေးနိုင်ပါတယ် ။ Customer တို့ရဲ့ အကြိုက်အတိုင်း စတော်ဘယ်ရီထောပတ်၊ လိမ္မော်ထောပတ်၊ ဘလူးဘယ်ရီထောပတ်၊ ကော်ဖီထောပတ်စတဲ့ အရသာများစွာရှိပါတယ် ။
JRose (Mckzone daily)
Be the first to comment on "၈ႏွစ္သမီးေလးကိုပါေခၚၿပီး အသားညႇပ္ေပါင္မုန႔္ျပဳလုပ္ခိုင္းခဲ့တာေၾကာင့္ customer မ်ားစြာကို ဆြဲေဆာင္ႏိုင္ခဲ့တဲ့ မိခင္"