ရေကန်အလယ်မှာ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ နတ်သမီးပုံပြင်ထဲက ရဲတိုက်ပုံစံကို တည်ဆောက်ခဲ့တဲ့ ရုရှားစီးပွားရေးသမားတစ်ဦး(ရုပ်သံ)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kabardino-Balkaria ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသမ္မတနိုင်ငံရှိ Chateau Erken လို့ခေါ်တဲ့ နတ်သမီးပုံပြင်ထဲက ရဲတိုက်ကို တည်ဆောက်ခဲ့ပါတယ် ။ Kabardino-Balkaria ရဲ့စပျစ်ခြံကြီးစိုးသော ကျေးလက်ဒေသမှာ တည်ရှိပြီး Chateau Erken က ရုရှားရှိအခြားကမ္ဘာလှည့်ခရီးသွားနေရာများနဲ့ မတူဘဲ ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်ပါတယ် ။ Chateau Erken က ဥရောပအလယ်ခေတ် ရဲတိုက်များရဲ့ ခံတပ်ပုံစံ ဒီဇိုင်းကို အတုယူရုံသာမက ငါးများနဲ့ တောရိုင်းငှက်များ ပြည့်နှက်နေတဲ့ လူလုပ်အိုင်အလယ်ရှိ ၎င်းရဲ့တည်နေရာက စွဲမက်ဖွယ်ကောင်းလွန်းလှပါတယ် ။

.

နိုင်ငံတစ်ဝှမ်းမှလူများက Chateau Erken ကိုလူကိုယ်တိုင်တွေ့ဖူးရန် ရုရှားတောင်ပိုင်းရှိ အဆိုပါကျေးလက်ဒေသသို့ လာရောက်ကြပါတယ် ။ အဆိုပါအံ့ဖွယ်ရဲတိုက်ကြီးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများဟာလည်း ဆိုရှယ်မီဒီယာပေါ်မှာ နှစ်အတော်ကြာအောင် ပျံ့နှံ့နေခဲ့ပါတယ် ။ ဒါပေမဲ့ အချို့လူများက Chateau Erken ကို ဘုရင်တစ်ပါးမှမဟုတ်ဘဲ ဂန္ထဝင်စီးပွားရေးသမားတစ်ဦးမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကို မယုံနိုင်ဖြစ်နေကြဆဲပါ ။ ဒီ Chateau Erken ကို ရုရှားစီးပွားရေးသမားက Tembulat Erkenov လို့ခေါ်တဲ့ အမျိုးသားက တည်ဆောက်ခဲ့တာပါ ။

.

ယနေ့မှာ Chateau Erken ရဲ့ အဓိက လုပ်ဆောင်ချက်များက အဆိုပါခမ်းနားလှတဲ့ ရဲတိုက်အတွင်းမှာ တည်ရှိသော်လည်း ထိုနေရာက ဒေသတွင်း ခရီးသွားများကို ဆွဲဆောင်မှုတစ်ခုအဖြစ်လည်း လုပ်ဆောင်ပါတယ် ။

အတွင်းပိုင်းကို ကြည့်ချင်သူတွေကတော့ လည်ပတ်ခ ပေးရပေမယ့် အပြင်ကနေ ကြည့်လို့ကောင်းလောက်အောင် များပြားလှတဲ့ ရဲတိုက်ကြီးဟာ လူလုပ်ရေကန်ရဲ့ အလယ်မှာ တည်ရှိပြီး သားငါးတွေနဲ့ သားရဲငှက်တွေ ပြည့်နှက်နေတဲ့ အလယ်မှာ တည်ရှိနေတာ ဖြစ်ပါတယ် ။

Tembulat Erkenov က 2017 ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး သားဖြစ်သူက Chateau Erken ကိုကိုင်တွယ်ထားပါတယ် ။ ဒါပေမဲ့ သူတည်ဆောက်ခဲ့တဲ့ ငါးထပ်ရဲတိုက်ကြီးကလည်း သူ့ဘဝရဲ့လက်ရာအတွက် သက်သေတစ်ခုအဖြစ် ကျန်နေပါသေးတယ် ။

JRose (Mckzone daily)

Reference :

Be the first to comment on "ရေကန်အလယ်မှာ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ နတ်သမီးပုံပြင်ထဲက ရဲတိုက်ပုံစံကို တည်ဆောက်ခဲ့တဲ့ ရုရှားစီးပွားရေးသမားတစ်ဦး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*