အသက် ၁၉ နှစ်အရွယ် လူနာကို ဆုံးရှုံးခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ကြေကွဲမှုကို ခံစားခဲ့ရတဲ့ ဆရာဝန်တစ်ဦးရဲ့ စိတ်မကောင်းဖွယ်ပုံရိပ်

လူသားများအနေနှင့် အချို့သောလူတွေဟာ ရှင်သန်လာရတဲ့ဘဝတစ်လျှောက်လုံးမှာ ဥပမာအားဖြင့် ကျန်းမာသန်စွမ်းစွာ ကားစီးခြင်းကဲ့သို့ ရိုးရှင်းသည့်အရာ သို့မဟုတ် ကျွန်တော်တို့ရှူရှိုက်သည့်လေကိုခံစားခြင်းမျိုးကဲ့သို့သော အသေးအဖွဲ့အရာများစွာအတွက် အထူးသလည်အလေးထားခြင်းမျိုးကိုမေ့နေတတ်ပြီး ပေါ့ပေါ့ပါးပါး ရှင်သန်နေတတ်ကြပါတယ်။ ဒါပေမဲ့ ဆေးဘက်ဆိုင်ရာနယ်ပယ်က လူတွေကတော့ ၎င်းကဲ့သို့သောခံစားခွင့်မျိုးကို အထူးသလည်ကျေးဇူးတင်နေကြမှာဖြစ်သလို ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့ကလည်း ၎င်းတို့ရဲ့အိမ်မက်တစ်ခုလိုဖြစ်နေမှာအမှန်ပါဘဲ။ ဓာတ်ပုံတစ်ပုံဟာ စကားလုံးတစ်ထောင်တန်တယ်လို့ အချို့ကပြောကြပြီး အောက်ဖော်ပြပါ ထိမိသော ဆေးဘက်ဆိုင်ရာ ဓာတ်ပုံတစ်ပုံထက် ပိုမှန်ကန်တဲ့အရာမရှိလောက်တော့ဘူးထင်ပါတယ်။

.

ဒီဓာတ်ပုံကို ဆေးရုံတစ်ခုမှာ မကြာသေးမီကမှ ရိုက်ကူးခဲ့ပြီး Reddit အသုံးပြုသူတစ်ဦးက မျှဝေပေးခဲ့ကာ သူက ၎င်းဓာတ်ပုံနှင့်ပတ်သက်ပြီး “ ဒီဓာတ်ပုံထဲက ဆရာဝန်က သူ့လူနာထဲက တစ်ယောက်ကို မကယ်တင်နိုင်ခဲ့ဘူး ။

.

လူနာတွေက အသက်ကြီးတာ ဒါမှမဟုတ် နေမကောင်းလို့ သေဆုံးသွားကြတာက သူ့လုပ်ငန်းခွင်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့လည်း အသက် ၁၉ နှစ်အရွယ် သူ့လူနာအတွက် သူက ကိုယ့်ကိုကိုယ်အပြစ်ရှိသလို ဖြေမဆယ်နိုင်သလို ခံစားနေရပုံရတယ် ၊ ဒါ့ကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကလည်း လူနာတွေလို လူသားတွေဘဲဆိုတာကိုသိစေချင်တဲ့အပြင် ကျွန်တော့်အနေနဲ့ ဒီဓာတ်ပုံက မြင်ဖူးခဲ့သမျှတွေထဲမှာ အထိမိဆုံးဆိုတာကို ပြချင်လို့ ဒီပုံကိုမျှဝေပေးလိုက်တာပါ ” လို့ ရေးသားခဲ့ပါတယ်။

.

အသုံးပြုသူက ၎င်း ဆရာဝန် သို့မဟုတ် ကွယ်လွန်သွားတဲ့ လူနာအကြောင်း အသေးစိတ်ကို မျှဝေထားခြင်းမရှိခဲ့ပေမဲ့လည်း မိနစ်အနည်းငယ်အကြာမှာတော့ ၎င်းဆရာဝန်က သူ့ခေါင်းကိုကုတ်ရင်း အထဲသို့ပြန်ဝင်သွားခဲ့ကြောင်းကိုသာ ထပ်မံ ဖော်ပြထားပေးခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတိုင်းလည်း အသည်းမမာနိုင်ဘူးဆိုတာကိုပြသနေပါတယ် ။

Mia (Mckzone daily)

Reference : buzznicked

Be the first to comment on "အသက် ၁၉ နှစ်အရွယ် လူနာကို ဆုံးရှုံးခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ကြေကွဲမှုကို ခံစားခဲ့ရတဲ့ ဆရာဝန်တစ်ဦးရဲ့ စိတ်မကောင်းဖွယ်ပုံရိပ်"

Leave a comment

Your email address will not be published.


*