ကျန်းမာရေးဆိုင်ရာပရောဂျက်ကို လေ့လာကာ ၉ နှစ်အရွယ်မှာ တက္ကသိုလ်မှဘွဲ့ရခဲ့ပြီး တစ်ချိန်မှာ သိပ္ပံပညာရှင်ဖြစ်ဖို့ ရည်မှန်းထားတဲ့ ကောင်လေး

Europe နိုင်ငံ၊ Belgium မှာ မွေးဖွားပြီး Netherlands မှာ ကြီးပြင်းလာသူ Laurent Simons ဟာ ငယ်ရွယ်စဉ်ကတည်းက သူ့ရဲ့ ရွယ်တူများထက် ဉာဏ်ရည်ဉာဏ်သွေး သာလွန်နေပါတယ် ။ သူက အသက် ၆ နှစ်မှ အထက်တန်းကျောင်းသို့ စောစီးစွာဝင်ရောက်ခဲ့ပြီး သူ့ရဲ့ရွယ်သူ ကောင်လေးနဲ့ မိန်းကလေးတွေထက် စောသော်လည်း ကျောင်းရှိပရိုဂရမ်က Laurent စိတ်ဓာတ်ကျစေရန် လွယ်ကူလွန်းတယ်လို့ ထင်ရပါတယ် ။ ဒါကြောင့် အမ်စတာဒမ်မှာရှိတဲ့ Academic Medical Center မှာ သုတေသနပရောဂျက်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

.

အထက်တန်းကျောင်းပြီးတဲ့အခါ အရည်အချင်းရှိတဲ့ကောင်လေးက Eindhoven နည်းပညာတက္ကသိုလ်ကို တက်ခဲ့ပါတယ် ။ မျှော်လင့်ထားသည့်အတိုင်း၊ လူများထက် ဉာဏ်ရည်ပိုရှိသဖြင့် Laurent ဟာ ၉ လကြာ လေ့လာပြီး ဘွဲ့နှင်းသဘင် ပရောဂျက်ကို ပြီးမြောက်ခဲ့ပါတယ် ။

.

လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို လက်ခံရရှိတဲ့အခါမှာ Laurent က တက္ကသိုလ်မှဘွဲ့ရတဲ့ အသက်အငယ်ဆုံးဖြစ်သောကြောင့် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်ခံရပါတယ် ။ သင်္ချာ၊ ဆေးပညာစသည်ဖြင့် မတူညီသော နယ်ပယ်များမှာ ဉာဏ်ကောင်းပြီး စိတ်ပါဝင်စားစွာဖြင့် Laurent ရဲ့ လက်ရှိ IQ က 145 ဖြစ်ပါတယ် ။

.

သူ့ရဲ့အနာဂတ်အိပ်မက်များအကြောင်းကို မေးမြန်းတဲ့အခါ Laurent က ၎င်းသည် တစ်ချိန်မှာ ဆရာဝန်တစ်ဦး သို့မဟုတ် အာကာသယာဉ်မှူးတစ်ဦးဖြစ်ရန် ရည်ရွယ်ထားတာကြောင့် အဆိုပါအလုပ်အကိုင်နှစ်ခုက သင်္ချာဘာသာရပ်မှာ သူရဲ့စိတ်ဝင်စားမှုနဲ့ နီးကပ်စွာဆက်စပ်နေသောကြောင့်ဖြစ်ပါတယ် ။ နောက်ပိုင်းမှာ Laurent က သူ့ရဲ့အဖိုးအဖွားတွေမှာ နှလုံးရောဂါရှိသောကြောင့် လူ့အသက်ရှည်ခြင်းကို သုတေသနပြုနိုင်စေရန် သိပ္ပံပညာရှင်တစ်ဦးဖြစ်ရန် ရည်မှန်းချက်ကိုထားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

Jasmine (Mckzone daily)

Reference : yan

Be the first to comment on "ကျန်းမာရေးဆိုင်ရာပရောဂျက်ကို လေ့လာကာ ၉ နှစ်အရွယ်မှာ တက္ကသိုလ်မှဘွဲ့ရခဲ့ပြီး တစ်ချိန်မှာ သိပ္ပံပညာရှင်ဖြစ်ဖို့ ရည်မှန်းထားတဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*