အဖိုးဆီကနေရတဲ့ နှစ်သစ်ကူး လက်ဆောင် ရွှေလက်စွပ်ကွင်းကို ပြပြီး လူတွေကို အားကျစေခဲ့တဲ့ မိန်းကလေး



.

.

.

JRose (Mckzone daily)

Reference : bestie

Unicode

မကြာသေးမီက Tik tok အကောင့်ပိုင်ရှင် bbiboo003 ဟာ သူ့အဖိုးထံမှ ရရှိတဲ့ ကံကောင်းခြင်းငွေများကို တင်ပြီး အွန်လိုင်းအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပါတယ် ။ အများအားဖြင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားဆိုရာမှာ ငွေသား၊ မဟုတ်ရင် လက်ဆောင်သေတ္တာများ သို့မဟုတ် ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ရှိတဲ့ ဆန္ဒများ ပေးကြပေမဲ့ အဆိုပါမိန်းကလေးရဲ့အဖိုးက သူ့မြေးမလေးအတွက် အရည်အသွေးပြည့်မီတဲ့ ရွှေလက်စွပ်ကွင်းကို ပေးအပ်ခဲ့ပါတယ် ။

အဆိုပါ ဗီဒီယိုဖိုင်မှာ မိန်းကလေးရဲ့ မျှဝေချက်အရ သူမရဲ့ အဖိုးဟာ ယခု အသက် ၈၀ ကျော်နေပြီဖြစ်သော်လည်း နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ သားသမီး မြေးများ ပေးဆောင်ရန် အသုံးပြုတဲ့ ရွှေလက်စွပ်များဖြစ်တဲ့ အနီရောင်အိတ်လေး ဆောင်ထားလေ့ရှိပါတယ် ။ ထိုကဲ့သို့သော အဖိုးတန်မွေးနေ့လက်ဆောင်ကို လက်ခံရယူရင်း မိန်းကလေးက လူတိုင်းကို အားကျစေခဲ့ပါတယ် ။ အင်တာနက်အသုံးပြုသူတွေက အကောင့်ပိုင်ရှင်အတွက် ချစ်ခင်ရတဲ့ အဘိုးတစ်ယောက်ရှိတာကြောင့် ကံကောင်းတယ်လို့ဆိုကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အဖိုးဆီကနေရတဲ့ နှစ်သစ်ကူး လက်ဆောင် ရွှေလက်စွပ်ကွင်းကို ပြပြီး လူတွေကို အားကျစေခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*