အဝေးကနေ သမီးရဲ့မင်္ဂလာဆောင်ပွဲကို လာပြီး ပြန်ဖို့အချိန်ရောက်တဲ့အခါမှာ ခံစားချက်ကို ထိန်းမနိုင်တော့ဘဲ မျက်ရည်များကျခဲ့တဲ့ဖခင်



JRose (Mckzone daily)

Reference : yan

Unicode

သမီးလေးလက်ထပ်လိုက်တာကို မြင်ရခြင်းဟာ ပျော်ရွှင်စရာကောင်းတဲ့ခံစားချက်တစ်ခုဖြစ်ပေမယ့် မိဘတွေရဲ့ရင်ထဲမှာ ဝမ်းနည်းစရာ ခံစားချက်များစွာရှိနေပါတယ် ။ မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ ဖခင်တစ်ဦးက သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်ပွဲသွားပြီး မင်္ဂလာဆောင်ပြီးတဲ့နောက် နှုတ်ဆက်ရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ် ။ သမီးဖြစ်သူကို ခွဲရတော့မှာဖုစ်တဲ့အတွက် အသက် ၅၀ အရွယ် ဒီဖခင်က ခံစားချက်ကို ထိန်းမနိုင်တော့ဘဲ မျက်လုံးများ ရုတ်တရက် မျက်ရည်များ ပြည့်လာပြီး ငိုချလိုက်ပါတယ် ။

သူ့အဖေက အိမ်ပြန်ချင်စိတ်မရှိတာကို မြင်တော့ သတို့သမီးက ရှက်ပြီး “ပျော်စရာကောင်းတဲ့နေ့ကို ဘာလို့ ငိုနေတာလဲ” လို့ ပြောပြီး အဖေ့ကို ပွေ့ဖက်ကာ နှစ်သိမ့်လိုက်ပါတယ် ။ ဖခင်ငိုနေတာက မြင်ရသူတွေကို ရယ်မောစေပေမဲ့ အဆိုပါအရာက အလွန်အဓိပ္ပာယ်ရှိပြီး ဖခင်ရဲ့ ချစ်ခြင်းကို လူတိုင်းသိနားလည်ကြပါတယ် ။ ကလေးတွေ သိထားတာက ဖခင်အများစုဟာ ခက်ထန်ကြမ်းတမ်းတဲ့ မျက်နှာကို အမြဲထားလေ့ရှိကြတယ်လို့ ထင်ကြပါတယ် ။ ဒါပေမဲ့ အဖေက သူ့သားသမီးများကို အလွန်တိတ်ဆိတ်စွာ ချစ်မြတ်နိုးတတ်သူဖြစ်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အဝေးကနေ သမီးရဲ့မင်္ဂလာဆောင်ပွဲကို လာပြီး ပြန်ဖို့အချိန်ရောက်တဲ့အခါမှာ ခံစားချက်ကို ထိန်းမနိုင်တော့ဘဲ မျက်ရည်များကျခဲ့တဲ့ဖခင်"

Leave a comment

Your email address will not be published.


*