မိခင်ဖြစ်သူ ပင်ပန်းနေတာကို မြင်လိုက်ရတဲ့အတွက် အိပ်ခိုင်းပြီး တစ်ယောက်တည်း တိတ်ဆိတ်စွာ ပန်းကန်ဆေးနေခဲ့တဲ့ ကောင်လေး



JRose (Mckzone daily)

Reference : sanook

Unicode

ဗီဒီယိုဖိုင်ထဲမှာ ညီငယ်လေး တစ်ယောက်တည်း ပန်းကန်များကို လျှို့ဝှက်စွာ ဆေးသွားတာကို တွေ့မြင်နိုင်ပါတယ် ။ ဒီကောင်လေးဟာ အမေ့ကို အိမ်အလုပ်တွေ ခက်ခက်ခဲခဲ မလုပ်စေချင်တာကြောင့် သူကိုယ်တိုင်လျှို့စွာ ဆေးကြောနေတာပါ ။ မိခင်ဖြစ်သူ ပင်ပန်းနွမ်းနယ်နေတာကို မြင်လိုက်ရတဲ့အတွက် ကောင်လေးက သူ့အမေကို အိပ်ဖို့ တွန်းအားပေးခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ် ။

သူမရဲ့ ဗီဒီယိုဖိုင်ကို မျှဝေပြီးနောက်မှာတော့ ဗီဒီယိုကို အကြိမ်ရေ ၁ သန်းကျော် ကြည့်ရှုခဲ့ပြီး Like အကြိမ်ရေ 100,000 အထိ ရှိတဲ့အပြင် မှတ်ချက်များက ညီငယ်လေးကို အရမ်းချစ်တယ်လို့ ပြောဆိုကြပါတယ် ။ သားသမီးများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးတဲ့ မိခင်ကိုလည်း ချီးကျူးဂုဏ်ပြုတဲ့သူလည်း ရှိပါသေးတယ် ။

JRose (Mckzone daily)

Be the first to comment on "မိခင်ဖြစ်သူ ပင်ပန်းနေတာကို မြင်လိုက်ရတဲ့အတွက် အိပ်ခိုင်းပြီး တစ်ယောက်တည်း တိတ်ဆိတ်စွာ ပန်းကန်ဆေးနေခဲ့တဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*