သခင်များက သူ့ရဲ့မွေးနေ့ကို အမှတ်ရလို့ အရမ်းပျော်ရွှင်သွားခဲ့တဲ့ ခွေးတစ်ကောင် (ရုပ်သံ)

Odin အမည်ရှိခွေးလေးတစ်ကောင်ဟာ Joyce Cetina အမည်ရှိအမျိုးသမီး နှင့် သူမရဲ့မိသားစုတို့နှင့်အတူ Mexico နိုင်ငံမှာ နေထိုင်ပါတယ်။ Cetina တို့မိသားစုက Odin လေးကို လွန်ခဲ့တဲ့ 3 နှစ်ကမွေးစားလိုက်ကတည်းက Odin အား နေ့တိုင်း ၎င်းတို့ရဲ့ချစ်ခြင်းမေတ္တာကို လိုလေသေးမရှိ ပေးခဲ့ကြပါတယ်။ ” Odin က အရမ်းသစ္စာရှိတဲ့ အဖော်ဖြစ်ပြီး သူက ပွေ့ဖက်ကစားရတာကို နှစ်သက်တယ် ” လို့ Cetina က ပြောကြားခဲ့ပါတယ်။ Cetina တို့မိသားစုက ယခုလအစောပိုင်းမှာ သူမတို့က Odin လေးအား မည်မျှတန်ဖိုးထားကြောင်း ပြသရန် Odin လေးအတွက် အံ့အားသင့်ဖွယ် မွေးနေ့ပါတီတစ်ခု ပြုလုပ်ပေးခဲ့ကြပါတယ်။ ထို့ပြင် Cetina က သူမတို့ခွေးလေးနှင့်လိုက်ဖက်တဲ့ ကိတ်မုန့်ကို မှာယူခဲ့ပြီး မွေးနေ့အလှဆင်ပစ္စည်းများကိုပါ ချိတ်ဆွဲထားပေးခဲ့ပါတယ်။

.

ထိုနေ့မှာ သခင်ဖြစ်သူတွေက သူ့ မွေးနေ့ကို အမှတ်ရနေကြောင်း သိလိုက်ရတဲ့အခါ ထိတ်လန့် ပျော်ရွှင်သွားခဲ့တဲ့ မွေးနေ့ရှင် Odin လေးရဲ့အကြောင်းကို Cetina က “ အစပိုင်းမှာတော့ Odin က နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားပုံရတယ်။ ပြီးတော့ သူ ဘာမှ နားမလည်ပုံပေါ်နေခဲ့တယ်၊ နောက်တော့မှ သူ့အပေါ် မိသားစုအားလုံးရဲ့အာရုံစူးစိုက်မှုရှိနေတာကို သိလိုက်ပြီး အဲ့ကိတ်မုန့်ကလည်း သူ့အတွက်ဆိုတာသေချာသိတော့မှ သူ အရမ်းပျော်သွားခဲ့တယ် ” လို့ ဆိုခဲ့ပါတယ်။

.

ပျော်ရွှင်စရာ မွေးနေ့သီချင်းမပါဘဲ မွေးနေ့ဆိုတာ ပြီးမြောက်မှာမဟုတ်သလို Odin လေးအတွက်လည်း Cetina တို့မိသားစုက သီချင်းဆိုပေးခဲ့ကြပြီးနောက် သူ့ကြိုက်တဲ့လက်ဆောင်များစွာကိုပေးအပ်တော့ Odin လေးက ပျော်ရွှင်နေခဲ့ပါတယ်။

.

ဒါပေမဲ့ ” အဓိကကတော့ သူ ရရှိခဲ့တဲ့ အနမ်းများစွာနဲ့ ပွေ့ဖက်မှုတွေကို Odin က ပိုသဘောကျနေခဲ့တယ် ” လို့လည်း Cetina က ဆိုခဲ့ပါတယ်။ ” ပုံမှန်က Odin ကို တစ်နှစ်ပတ်လုံး ချစ်ခင်နှစ်သက်ပါတယ်။ ဒါပေမယ့် ဒီနေ့က ကျွန်မတို့ဘဝထဲကို သူဝင်လာတဲ့နေ့လည်းဖြစ်သလို သူက ကျွန်မတို့မိသားစုအားလုံးကို အရမ်းပျော်ရွှင်စေခဲ့တဲ့နေ့လေးမို့ ကျွန်မတို့အတွက်လည်း ဒီနေ့ဟာ အရေးကြီးပါတယ် ” လို့ Cetina က ထပ်မံပြောကြားခဲ့ပါတယ်။

ထိုနေ့က Odin လေးရဲ့ ကြီးကျယ်ခမ်းနားတဲ့နေ့ ဒါမှမဟုတ် သူ့ကိုမွေးစားတဲ့နေ့ရဲ့ နှစ်ပတ်လည်နေ့ဖြစ်ပေမယ့်လည်း Cetina မိသားစုအတွက်ကတော့ သူမတို့ဘဝရဲ့ အကြီးမားဆုံး လက်ဆောင်ကို ရရှိခဲ့တဲ့နေ့လို့ ခံစားခဲ့ကြမှာ အမှန်ပါဘဲ။

JRose (Mckzone daily)

Reference : thedodo

Be the first to comment on "သခင်များက သူ့ရဲ့မွေးနေ့ကို အမှတ်ရလို့ အရမ်းပျော်ရွှင်သွားခဲ့တဲ့ ခွေးတစ်ကောင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*