ဦးထုပ်မဆောင်းဘဲ စတန့်ထွင်ပြီး ဆိုင်ကယ်ပေါ် ဘေးတိုက်ခြေကလင်ချိတ်ထိုင်ကာ မြို့ပတ်စီးခဲ့လို့ အမှုဖွင့်တိုင်ကြားခံခဲ့ရတဲ့ အမျိုးသား

အများအမြင်မှာ မိမိမိုက်မိုက်ဖြစ်နေခြင်းက ကောင်းမွန်ပေမဲ့လည်း သင့်အနေနဲ့ သင့်ရဲ့ကန့်သတ်ချက်များကို သိထားသင့်ပါတယ်။ အနည်းဆုံး အနားယူရန် အချိန် နှင့် နေရာမှန်ကို သိထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် သင့်ရဲ့“ မိမိုက်တဲ့ ပုံစံ ” က တခြားသူများကို တင်းမာသွားစေနိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံရှိ ဆိုင်ကယ်မောင်းရင်း ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်ဖင်ထိုင်ခုံပေါ်ခြေကလင်ချိတ်ထိုင်နေခဲ့တဲ့ အမျိုးသားတစ်ဦးကို ပြသတဲ့ဗီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုဗီဒီယိုကို အင်တာနက်အသုံးပြုသူတစ်ဦးက “ နေ့လည်ထမင်းစားဖို့သွားတုန်းက လမ်းမှာ ဒါကိုတွေ့ခဲ့တယ်။ သူ ဘာဖြစ်နေတာလဲ?” လို့ရေးပြီး ပို့စ်တင်ခဲ့ခြင်းကနေ စတင်တာဘဲဖြစ်ပါတယ်။

.

အွန်လိုင်းရှိ လူအများအပြားက ထိုအမျိုးသားရဲ့အပြုအမူကြောင့် ထိတ်လန့်နေကြစဉ်မှာ ဗီဒီယိုထဲမှာပါတဲ့ အနီရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ အမျိုးသားတစ်ဦးကတော့ ထိုအမျိုးသားကို လက်မထောင်ပြနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ထိုဖြစ်စဉ်က Phetchabun ပြည်နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများတဲ့ အဝေးပြေးလမ်းမကြီး အမှတ် ၂၁ မှာ ဖြစ်ပွါးခဲ့တာပါ။ အံ့သဩစရာမရှိအောင်ဘဲ အင်တာနက်သုံးစွဲသူများစွာက ဒီအမျိုးသားရဲ့လုပ်ရပ်ကို ဝိုင်းပြီး ဝေဖန်ခဲ့ကြပါတယ်။ ဒီလိုဂရုမစိုက်တဲ့ စတန့်ထွင်ခြင်းက သူ့ကိုယ်သူ အန္တရာယ်ပြုနိုင်ပြီး ပိုဆိုးသည်မှာ လမ်းပေါ်ရှိ အခြားအပြစ်မဲ့သူများအား ထိခိုက်မှာကို ပိုသဘောမတူနိုင်ကြောင်း လူအများက ပြောဆိုခဲ့ကြပါတယ်။

သို့ပေမဲ့ ၎င်းဖြစ်ရပ်က 2019 ခုနှစ်မှာဖြစ်ပွါးခဲ့ပြီး ထိုအမျိုးသားက Khon Kaen မြို့မှ အသက် 27 နှစ်အရွယ် Adisorn Ratchasri ဖြစ်ကြောင်း Sanook News က ပြန်လည်ဖော်ပြခဲ့ပါတယ်။ အမှန်က Adisorn ဟာ ထိုစဉ်က ၎င်းရဲ့ချစ်သူရှိတဲ့ Phetchabun ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုဒေသရောက်တော့ Adisorn က သူ့ချစ်သူရဲ့ဆိုင်ကယ်ကို ငှါးစီးကာ ဒီဒေသမှာ သူ့ကိုဘယ်သူမှသိမီာမဟုတ်ဘူးလို့တွေးပြီး ထိုနည်းအတိုင်း စတန့်ထွင်ပြီး ဆိုင်ကယ်စီးခဲ့တာဖြစ်ပါတယ်။

.

သို့ပေမဲ့ Adisorn က အဆိုပါ ဗီဒီယို ပျံ့နှံ့သွားချိန်မှာ သူ အတော်လေး အံ့အားသင့်ခဲ့ရကြောင်း ဆိုပါတယ်။ ဒါပေမဲ့ Adisorn က ဆိုင်ကယ်အား ပေါ့လျော့စွာမောင်းနှင်မှု နှင့် ဦးထုပ်မဆောင်းဘဲ မောင်းနှင်မှုတို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရပါတယ်။ ဒါ့ကြောင့် လူတိုင်း အန္တရာယ်ရှိတဲ့စတန့်တွေကို မဆင်မခြင် မထွင်စေချင်လိုပါဘူး။ သင် လမ်းပေါ်ရှိစဉ်၊ လူတိုင်း အန္တရာယ်ကင်းစွာ ခရီးထွက်နိုင်စေရန်အတွက် နှင့် သင်ကိုယ်တိုင်ကဲ့သို့ သင့်ရဲ့ခရီးသည်များကိုလည်း ဂရုစိုက်သင့်ပါတယ်။

Mia (KB Chimmy one)

Reference : thesmartlocal

Be the first to comment on "ဦးထုပ်မဆောင်းဘဲ စတန့်ထွင်ပြီး ဆိုင်ကယ်ပေါ် ဘေးတိုက်ခြေကလင်ချိတ်ထိုင်ကာ မြို့ပတ်စီးခဲ့လို့ အမှုဖွင့်တိုင်ကြားခံခဲ့ရတဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*