အဝလွန်နေတာကြောင့် သခင်က ဂေဟာသို့ ပို့ဆောင်ပြီးနောက် ဝိတ်ချတဲ့ လုပ်ငန်းတစ်ခုကြောင့် ရုတ်တရက် နာမည်ကြီးသွားတဲ့ ခွေးမလေး

မကြာသေးမီက လူဝီစီယားနား (USA) မှ Rosemary အမည်ရှိ ခွေးမလေးရဲ့ အံ့မခန်းပြောင်းလဲမှုနဲ့ ကိုယ်အလေး အတက်အကျများအကြောင်းကို The Do Do မှ မျှဝေခဲ့ပါတယ် ။ ခွေးလေးရဲ့ ဇွဲလုံ့လနဲ့ စိတ်ပိုင်းဖြတ်မှုဟာ ခွေးကလေးရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးတာကြောင့် လူတော်တော်များများကို အံ့အားသင့်စေခဲ့တယ်လို့ သိရှိရပါတယ် ။ Rosemary က အသက်အရမ်းကြီး ခန္ဓာကိုယ်လည်း အဝလွန်တဲ့အတွက် သူမရဲ့ယခင်ပိုင်ရှင်က သူ့ကို Texas ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး ထားခဲ့လိုက်ပါတယ် ။

.

ဝန်ထမ်းဖြစ်တဲ့ Erin Shirley က The DoDo သို့ ပြောကြားရာမှာ ” Rosemary ရဲ့ ဓာတ်ပုံကို လက်ခံရရှိချိန်မှာတော့ သူမဟာ အဝလွန်နေမှန်း သိခဲ့ရပြီး အခြေအနေက နေ့စဉ်နဲ့အမျှ ပိုဆိုးလာနေပါတယ်။ သူ့ခန္ဓာကိုယ်လေးလံလာတာကြောင့် လှုပ်ရှားရုန်းကန်ခဲ့ရတာလည်း ခက်ခဲစေတယ်” လို့ဆိုပါတယ် ။

.

ထိုအချိန်မှာ Rosemary က သာမန် Chihuahua တစ်ကောင်ရဲ့ အလေးချိန်ထက် 12 ကီလိုဂရမ်အထိ ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ် ။ ထိုအချိန်မှစပြီး ခွေးလေးက ကိုယ်အလေးချိန်လျှော့ချရန်နဲ့ ကျန်းမာရေးကို မြှင့်တင်ရန်ခရီးကို စတင်ခဲ့ပါတယ် ။ ကံကောင်းထောက်မစွာ၊ ချစ်စဖွယ်မျက်နှာနဲ့ မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ခွေးကလေးက လူတိုင်းရဲ့နှလုံးသားကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပါတယ် ။

.

Rosemary ခွေးလေးက တစ်နေ့မှာ မိနစ် 20 အထိ လေ့ကျင့်ခန်းလုပ်ပြီး ဝန်ထမ်းများကို အလွန်အံ့အားသင့်စေခဲ့ပါတယ် ။ လအနည်းငယ်ကြာပြီးနောက် Rosemary က ပေါင်အနည်းငယ်ကျသွားပါတယ် ။ ကိုယ်အလေးချိန် အနည်းငယ် လျော့ကျသွားတဲ့အတွက် ခွေးဟာ တဖြည်းဖြည်း ပိုပျော့ပျောင်းလာပြီး တက်ကြွလာတယ်လို့ ဝန်ထမ်းများက ဆိုပါတယ် ။ လက်ရှိအချိန်မှာတော့ Rosemary ဟာ သူမရဲ့ မူလကိုယ်အလေးချိန်ရဲ့ တစ်ဝက်လောက်အထိ အလေးချိန် ၅ ကီလိုဂရမ် လျော့ကျသွားခဲ့ပြီဖြစ်ပါတယ် ။ အနာဂတ်မှာ ဒီခွေးမလေးဟာ ချစ်ရတဲ့ ပိုင်ရှင်ကို ရှာတွေ့ပြီး ပျော်ရွှင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

JRose (Mckzone daily)

Reference : yan

Be the first to comment on "အဝလွန်နေတာကြောင့် သခင်က ဂေဟာသို့ ပို့ဆောင်ပြီးနောက် ဝိတ်ချတဲ့ လုပ်ငန်းတစ်ခုကြောင့် ရုတ်တရက် နာမည်ကြီးသွားတဲ့ ခွေးမလေး"

Leave a comment

Your email address will not be published.


*