ကူညီပေးမဲ့သူမရှိတာကြောင့် အစည်းအဝေးခန်းမထဲအထိ ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့ရတဲ့ ဝန်ထမ်းမိခင်




JRose (Mckzone daily)

Reference : worldofbuzz

Unicode

ကပ်ရောဂါကာလအတွင်း အမျိုးသမီးအများအပြားက ၎င်းတို့ရဲ့မိသားစုကို ပြုစုစောင့်ရှောက်ရန်အတွက် အလုပ်မှနုတ်ထွက်ကြပြီး လုပ်သားအင်အားစုမှာ ပြန်လည်ပါဝင်နိုင်ခြင်းမရှိသေးပါဘူး ။ မကြာသေးမီက အင်ဒိုနီးရှားရှိမိခင်တစ်ဦးဖြစ်တဲ့ Nita Ramadhita ဟာ အင်ဒိုနီးရှားရှိ Capsule Hotel ကုမ္ပဏီဖြစ်တဲ့ Bobobox မှာ အလုပ်လုပ်ခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်မှာ အလွန်အရေးကြီးတဲ့ အစည်းအဝေးတစ်ခုလည်း ရှိနေခဲ့ပေမဲ့ သူမရဲ့ကလေးထိန်းသူကို ရှာမတွေ့ခဲ့ပါဘူး ။ ထို့ကြောင့် သူမက အစည်းအဝေးအတွင်း သူ့ကလေးကို ရုံးသို့ ခေါ်ဆောင်လာပြီး ပြုစုစောင့်ရှောက်ရန် ခွင့်ပြုချက် လိုအပ်ကြောင်း သူမရဲ့ သူဌေးကို ပြောပြခဲ့ပါတယ် ။

အစည်းအဝေးတစ်ခုမှာ သူမရဲ့ရင်သွေးကိုပါ ချီထားပြီး Nita က သူ့မကို ခွင့်ပြုခဲ့တဲ့ သူဌေးအတွက် အလွန်ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ် ။ အလုပ်မိခင်တစ်ယောက်ဖြစ်ရခြင်းရဲ့ ခံစားချက်ကို သူမက “ကျွန်မတို့မိဘတွေဖြစ်လာဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ကျွန်မရဲ့ဝါသနာကို ဆက်ထိန်းထားဖို့နဲ့ ကလေးမွေးဖို့ဆိုတာ ကျွန်မအတွက် အဆုံးစွန်ဆုံးပန်းတိုင်တစ်ခုမဟုတ်ဘူးလို့ ကတိပေးခဲ့ပါတယ်။ ကျွန်မသမီးကြောင့်နဲ့ ကျွန်မအသက်မွေးဝမ်းကြောင်းအလုပ် မလုပ်နိုင်ရတဲ့ အကြောင်းရင်းမဟုတ်ပါဘူး ။” ဆိုပြီး ထပ်လောင်းပြောပြခဲ့ပါတယ် ။

အလုပ်လုပ်နေတဲ့အမေ ဒါမှမဟုတ် အိမ်မှာနေနေတဲ့အမေတစ်ယောက်ဖြစ်ရတာ သိပ်ပြီးလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး ။ သားသမီးတွေ ကောင်းကောင်းကြီးပြင်းလာစေဖို့ အစွမ်းကုန်ကြိုးစားပေးတဲ့အတွက် ကမ္ဘာပေါ်ရှိ မိခင်တွေကို ကျေးဇူးတင်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကူညီပေးမဲ့သူမရှိတာကြောင့် အစည်းအဝေးခန်းမထဲအထိ ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့ရတဲ့ ဝန်ထမ်းမိခင်"

Leave a comment

Your email address will not be published.


*