ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသားကြီး Vin Diesel နဲ့ မယုံကြည်နိုင်လောက်အောင် ရုပ်ချင်းဆင်တူနေလို့ နာမည်ကြီးနေတဲ့ အမျိုးသား (ရုပ်သံ)

2019 ခုနှစ်တုန်းက သူ့ရုပ်ကို တင်ထားတဲ့ အမည်မသိထိုင်းအမျိုးသားတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံဟာ ဟောလီးဝုဒ်မင်းသား Vin Diesel နဲ့မယုံကြည်နိုင်လောက်အောင် ဆင်တူနေတဲ့အတွက် ၎င်းပိုစ့်က ဆိုရှယ်မီဒီယာပေါ် အိုးလေတကျော် ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုဓာတ်ပုံမှာ ကားစတီယာတိုင်နောက်ကွယ်ရှိ ထိုအမျိုးသားက အဖြူရောင်တီရှပ် နှင့် လက်ဝါးကပ်တိုင်လည်ဆွဲကို ဝတ်ဆင်ထားပါတယ်။ အဆိုပါဝတ်စုံက Fast and Furious ဇာတ်ကားက ဇာတ်ကောင် Dominic Toretto အဖြစ် သရုပ်ဆောင်ထားသည့် မင်းသားကြီး Vin Diesel ရဲ့ဝတ်စုံနှင့် ဆင်တူပါတယ်။ အဆိုပါဓာတ်ပုံကို caption မပါဘဲ အပ်ဒိတ်လုပ်ခဲ့ပေမဲ့လည်း နောက်ပိုင်းမှာ sharer 75,000 ကျော်ဖြင့် ပျံ့နှံ့သွားခဲ့ပါတယ်။

.

မင်းသားကြီး Vin Diesel နှင့် ပုံသဏ္ဌာန်တူဆင်တူတဲ့ ထိုအမျိုးသားက ထိုင်းနိုင်ငံ Chiang Rai မြို့မှာ နေထိုင်ပြီး သူဟာ မင်းသားကြီး Vin Diesel နဲ့တူအောင် သူ့ကိုယ်သူ လေ့ကျင့်ထားတဲ့ဓာတ်ပုံများနဲ့ ဗီဒီယိုများအပြင် ၎င်းရဲ့ Facebook မှာတင်ထားတဲ့ နှစ်အတော်ကြာ ဓာတ်ပုံတော်တော်များများက သရုပ်ဆောင်မင်းသားကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ဂုဏ်ပြုနေတယ်ဆိုတာ သိသာနေပါတယ်။

.

2016 ခုနှစ်မှာ သူက သူ့ Facebook ကာဗာဓာတ်ပုံကို မင်းသားကြီး Vin Diesel အသွင်ဖြင့် ပြောင်းလဲခဲ့ပြီး 2017 နှင့် 2018 ခုနှစ်များရှိ ၎င်းရဲ့ပရိုဖိုင်ဓာတ်ပုံပြောင်းလဲမှုများမှာ Fast and Furious ဇာတ်ကားရှိ ဇာတ်ကောင်မင်းသား နှင့် ပုံစံဆင်တူတဲ့ အဖြူရောင်တီရှပ်တစ်ထည်ဝတ်ဆင်ထားတဲ့ ဓာတ်ပုံတစ်ပုံဘဲဖြစ်ပါတယ်။

2021 ခုနှစ်မှာတော့ ထိုအမျိုးသားက 2004 ခုနှစ်ရုပ်ရှင် The Chronicles of Riddick ရှိ ဇာတ်ကောင် Richard B. Riddick ရဲ့cosplay အဖြစ် သူ့ငယ်စဉ်က ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါသေးတယ်။ Reface app မှတစ်ဆင့် ၎င်းရဲ့မျက်နှာအား မင်းသားကြီး Vin Diesel ရဲ့မျက်နှာပေါ်အစားထိုးထားတဲ့ ဗီဒီယိုဖိုင်ဟာ ၎င်းရဲ့အသွင်အပြင်များက မည်မျှပင် ပြောင်မြောက်စွာ ဆင်တူနေတာကို မီးမောင်းထိုးပြထားပါတယ်။

ထိုအမျိုးသားက သူ့ဓာတ်ပုံတွေကို သဘောကျပြီး ပြန်လည်မျှဝေပေးတဲ့အတွက် အင်တာနက်သုံးစွဲသူများကို ကျေးဇူးတင်တဲ့အနေဖြင့် ၎င်းရဲ့မျက်နှာကို မင်းသားကြီး Vin Diesel ရဲ့မျက်နှာပေါ်အစားထိုးထားတဲ့ အဆိုပါရယ်စရာဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးခဲ့တာပါဘဲ။

Mia (Mckzone daily)

Reference : mothership

Be the first to comment on "ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသားကြီး Vin Diesel နဲ့ မယုံကြည်နိုင်လောက်အောင် ရုပ်ချင်းဆင်တူနေလို့ နာမည်ကြီးနေတဲ့ အမျိုးသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*