၈ နှစ်ငယ်တဲ့ခင်ပွန်းနဲ့ရတဲ့ ပထမဆုံးရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ အရပ် ၃ ပေ ၈ လက်မခန့်သာရှိသည့် အမျိုးသမီး

မလေးရှားနိုင်ငံရှိ အရပ် ၁၁၈ စင်တီမီတာ ( ၃ပေ ၈ လက်မခန့်) သာရှိတဲ့ Syakila Norazma Amira အမည်ရှိအမျိုးသမီးတစ်ဦး ဟာ သူမထက် 8 နှစ်ငယ်တဲ့ Muhammad Azri Zaidi အမည်ရှိအမျိုးသားတစ်ဦးနှင့် 2020 ခုစနှစ်မှာ PUBG မိုဘိုင်းဂိမ်းကနေ စတင်တွေ့ဆုံခဲ့ပြီး ၎င်းတို့တစ်နှစ်နီးပါးချစ်သူဖြစ်ပြီးနောက် 2021 ခုနှစ် မတ်လ 18 ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်။ Sweet အဖြစ်ဆုံးအချက်ကတော့ ထိုခင်ပွန်းသည်က Syakila ရဲ့ရုပ်ရည်သွင်ပြင်အပါအဝင် သူမရဲ့အရာအားလုံးကို လုံးဝလက်ခံပေးခဲ့ခြင်းပါဘဲ။ Syakila က သူမရဲ့မတူညီတဲ့ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုကြောင့် သူမကိုယ်တိုင် ကလေးရရန်မမျှော်လင့်ထားသည့်အတွက် ကိုယ်ဝန်က သူမအတွက် ကြီးမားတဲ့ အံ့အားသင့်မှုတစ်ခုဖြစ်ခဲ့ရပါတယ်။

.

ဒါပေမဲ့ Syakila က ဇန်နဝါရီ ၂၅ ရက်နေ့က Terengganu ပြည်နယ်ရှိ Sultanah Nur Zahirah ဆေးရုံမှာ ရင်သွေးလေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ “ ကျွန်မ ကိုယ်ဝန်ရှိချိန်နဲ့ မီးဖွားချိန်မှာ ကြီးကြပ်မှု ပိုလိုတာကလွဲလို့ ကျွန်မမှာ အခက်အခဲတွေ မရှိတဲ့အတွက် အရမ်းကံကောင်းပါတယ်” လို့ Syakila က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Syakila ဟာ သူမ ကိုယ်ဝန်မဆောင်ခင်က သူမရဲ့ခန္ဓာကိုယ်ကြီးထွားမှုအနေအထားကြောင့် လူအများထံမှ ကလေးမရနိုင်ဘူးဆိုတဲ့မှတ်ချက်အများအပြားရရှိခဲ့ပါပေမဲ့ Syakila က သတင်းကောင်းမကြားရမချင်း သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိနေခဲ့ပါတယ်။

.

လက်ရှိအချိန်မှာတော့ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Syakila က သူမရဲ့ယောက္ခမဖြစ်သူကို ပြုစုစောင့်ရှောက်ထားပါတယ်။ Azri က သူ့ဇနီးရဲ့ ပင်ကိုယ်စရိုက်နှင့် သူမရဲ့ယုံကြည်မှုက သူ့ကို သူမဆီ ဆွဲခေါ်သွားစေခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အကောင်းဆုံးအပိုင်းကတော့ Azri က Syakila ရဲ့ ခန္ဓာကိုယ်အရွယ်အစားကို အပြစ်အနာအဆာတစ်ခုအဖြစ် ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတာပါဘဲ။ “ သူမက တခြားသူတွေနဲ့ မတူပေမယ့် ကျွန်တော့်မျက်လုံးထဲမှာတော့ သူမက ပြီးပြည့်စုံပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ကွက်လပ်တွေကိုဖြည့်ပေးပြီး နှစ်ယောက်လုံးပျော်ရွှင်နေသရွေ့ ကျွန်တော်တို့အကြောင်း လူတွေပြောနေတာကို လျစ်လျူရှုထားတယ် ” လို့ Azri က ဆိုခဲ့ပါတယ်။

.

သူမတို့ ဇနီးမောင်နှံကြားမှာ အသက်ကွာဟမှုရှိနေပေမဲ့လည်း ခင်ပွန်းဖြစ်သူက ၎င်းရဲ့ရင့်ကျက်မှုကိုပြသတဲ့အနေနဲ့ သူမရဲ့ရုပ်ရည်သွင်ပြင်ကို တစ်ခါမျှမကောင်းကြောင်း မပြောဖူးကြောင်းလည်း Syakila က ဆိုခဲ့ရုံတင်မကဘဲ Azri ရဲ့မိသားစုကလည်း Syakila ကို သူ့မပုံစံအတိုင်း လုံးဝလက်ခံထားခဲ့ကြပါတယ်။ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပုံစံအတွက် သင့်ကို လုံးဝလက်ခံတဲ့သူရှိဖို့ဆိုတာ လူတိုင်း မတတ်နိုင်စွမ်းတဲ့ ဇိမ်ခံပစ္စည်းတစ်ခုပါပဲ။ ဒါ့ကြောင့် Syakila က ကံကောင်းခြင်းတွေကို အပြည့်အဝပိုင်ဆိုင်ထားသူတစ်ယောက်ပါဘဲဗျာ ။

Mia (Mckzone daily)

Reference : worldofbuzz

Be the first to comment on "၈ နှစ်ငယ်တဲ့ခင်ပွန်းနဲ့ရတဲ့ ပထမဆုံးရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ အရပ် ၃ ပေ ၈ လက်မခန့်သာရှိသည့် အမျိုးသမီး"

Leave a comment

Your email address will not be published.


*