“The jungle book” က တောရိုင်းတိရိစ္ဆာန်တွေနဲ့ ကြီးပြင်းလာတဲ့ Mowgli ကို သိပါသလားဗျာ။ ဒီဇာတ်ကားဟာ စိတ်ကူးယဉ်ဝတ္ထုကနေ အသွင်ပြောင်းပြီး လက်တွေ့ဘဝမှာ ဒီလိုဇာတ်လမ်းမျိုး ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ထင်ခဲ့ပါတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက တောရိုင်းတိရိစ္ဆာန်တွေနဲ့ ရိုက်ကူးခဲ့တဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ဓါတ်ပုံတွေကြောင့် နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်လည်း ရှိနေပါတယ်။ ၎င်းက တောရိုင်းတိရိစ္ဆာန်တွေကြားမှာ ကြီးပြင်းလာတဲ့ ပြင်သစ်မင်းသမီး Tippi Degre ပါဘဲ။ သူမရဲ့မိဘများဖြစ်တဲ့ ဖခင် Sylvie Robert နှင့် မိခင် Alain Degree တို့ဟာ နမီးဘီးယားအခြေစိုက် ဓာတ်ပုံဆရာများဖြစ်ကြပြီး 1990 ခုနှစ်မှာ အာဖရိက ဆာဗားနား၌ သူမကို မွေးဖွားခဲ့ကာ မိဘများက ထိုနေရာမှာဘဲ သူမကို ကြီးပြင်းလာစေခဲ့ကြပါတယ်။
.
.
” Tippi လေးက ပျော်ပျော်နေတတ်တဲ့ ကလေးမလေးတစ်ယောက်ပါ။ ကျွန်တော်တို့သုံးယောက်နဲ့ တိရိစ္ဆာန်တွေချည်း တခြားလူတွေနဲ့လည်း အဆက်အသွယ်သိပ်မရှိခဲ့ဘဲ သူမ အသက်ဆယ်နှစ်အထိ တောထဲမှာနေထိုင်ခဲ့ကြတယ် ” လို့ Sylvie က သူ့သမီးလေးရဲ့ကလေးဘဝကို အမှတ်ရကာ ပြန်ပြောပြခဲ့ပါတယ်။ သို့ပေမဲ့၊ ကလေးအား တောရိုင်းတွင် ပြုစုပျိုးထောင်ရာမှာ အာရုံစူးစိုက်မှုများစွာ လိုအပ်ပြီး မိဘများရဲ့ အကာအကွယ်ကို လွန်ကဲစွာ လုပ်ဆောင်ရန် လိုအပ်ပါတယ်။ “အဲဒီဒေသက လယ်သမားတော်တော်များများက မိဘမဲ့တိရိစ္ဆာန်လေးတွေကို ပြုစုစောင့်ရှောက်ကြပြီး ကျွန်တော်တို့ သူတို့နဲ့ ရင်းနှီးလာကြတယ်။
.
.
သူတို့က အိမ်တွင်းရေး ဒါမှမဟုတ် လူတွေနဲ့ အလွန်ရင်းနှီးပြီးသားဖြစ်လို့ Tippi က သူတို့နဲ့ ရင်းနှီးလာခဲ့တယ်” ဟု Sylvie က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဓာတ်ပုံတစ်ပုံရိုက်တိုင်း၊ Tippi လေးက သူမရဲ့တိရိစ္ဆာန်သူငယ်ချင်းများနှင့် ကစားနေစဉ် မိဘများက သူမဘေးကင်းစေရန်အတွက် Tippi လေးကို အနီးကပ်စောင့်ကြည့်ခဲ့ကြရပါတယ်။ Tippi ၏မိဘများက ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာများဖြစ်တယ်ဆိုတဲ့အချက်က Tippi ရဲ့ဓာတ်ပုံများ၌ သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။
.
.
ဓာတ်ပုံများဟာ Tippi နှင့် တောရိုင်းတိရိစ္ဆာန်များကြားက ခိုင်မာသောနှောင်ကြိုးကို အပြည့်အဝပုံဖော်ထားပါတယ်။ 2000 ပြည့်နှစ်မှာတော့ Tippi လေးဟာ သူမရဲ့ တောတွင်းအိမ်တွင် ဆယ်နှစ်ကြာနေထိုင်ပြီးနောက် မိဘများနှင့်အတူ ပါရီသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ထို့နောက် သူမဟာ သူ့ရဲ့စီးပွားရေးလုပ်ငန်းနဲ့ ဆာဗားနားကို ခြောက်ကြိမ်တိုင်တိုင် ခရီးထွက်ဖူးခဲ့ပြီး ယခု အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် Tippi ဟာ အာဖရိက တောရိုင်းတိရစ္ဆာန်များကို အထူးချစ်မြတ်နိုးဆဲဖြစ်ပါတယ်။ ထို့ပြင် Tippi ဟာ အခုဖော်ပြတဲ့တိရိစ္ဆာန်များနှင့်အတူ သူမရဲ့ကလေးဘဝပုံများ အပါအဝင် “My Book of Africa” စာအုပ်ကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : aubtu
Be the first to comment on "တောထဲမှာမွေးပြီး သူမရဲ့ကလေးဘဝကိုလည်း တောရိုင်းတိရိစ္ဆာန်တွေနဲ့ဘဲ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ မိန်းကလေး"