အိပ္ရာမွႏိုးၿပီး ကုတင္ေခါင္းရင္းမွာ တန္းစီေနတဲ့ လူငယ္ေတြကို ျမင္ၿပီး အိပ္ရာထဖို႔ ရွက္ေနခဲ့တဲ့ အမ်ိဳးသမီး

အသက္ ၃၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးက ၿပီးခဲ့တဲ့ တ႐ုတ္ႏွစ္သစ္ကူးအားလပ္ရက္အတြင္း မြန္ဂိုလီးယားမွ တ႐ုတ္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ သူမေနအိမ္ကို ျပန္လာခဲ့ပါတယ္ ။ ေနာက္ေန႔မနက္ အိပ္ယာမထခင္ မေမွ်ာ္လင့္ထားတဲ့ အျဖစ္ကို ႀကဳံေတြ႕ခဲ့ပါတယ္ ။ သူမက ႏိုးေနၿပီး တိတ္ဆိတ္ေနခ်ိန္မွာ သူ႔အခန္းထဲမွာ လူငယ္ဒါဇင္ေပါင္းမ်ားစြာ တန္းစီလ်က္ ရွိေနတာကို သူမျမင္လိုက္ရပါတယ္ ။ အဆိုပါလူငယ္ေတြက သူမနဲ႔ေတြ႕ဖို႔ သူမႏိုးလာတာကို ေစာင့္ေမွ်ာ္ေနၾကတာပါ ။

ဒါက သူမကို အလြန္အရွက္ရေစၿပီး အိပ္ယာမွထရန္ မဝံ့မရဲျဖစ္သြားခဲ့ပါတယ္ ။ အဆိုပါ လူငယ္မ်ားကို အမ်ိဳးသမီးရဲ႕ မိသားစုက ဖိတ္ၾကားထားေၾကာင္း ေဒသတြင္း သတင္းမ်ားက ေဖာ္ျပပါတယ္ ။ သမီးျဖစ္သူကို မ်က္မျမင္ခ်ိန္းေတြ႕ရန္နဲ႔ ေ႐ြးခ်ယ္ခြင့္မ်ားေပးရန္အတြက္ ဖိတ္ၾကားထားတာပါ ။ ေက်းလက္ေဒသရွိ သူမရဲ႕အိမ္က ေသးေသးေလးျဖစ္ေသာေၾကာင့္ သီးျခားဧည့္ခန္းမရွိပဲ ဧည့္ခံခန္းအျဖစ္ သူမရဲ႕အိပ္ခန္းကို အသုံးျပဳခဲ့ရပါတယ္ ။

ဒါေပမယ့္ ဒီအေၾကာင္းဟာ ပ်ံ႕ႏွံ႔သြားၿပီးေနာက္ အင္တာနက္သုံးစြဲသူေတြက ျပင္းထန္တဲ့ထင္ျမင္ယူဆခ်က္ေတြ ထြက္လာၾကၿပီး အခ်ိဳ႕က ကိုယ္ခ်င္းစာတတ္ၾကၿပီး အခ်ိဳ႕ကလည္း အလားတူ အေတြ႕အႀကဳံေတြကို မွ်ေဝၾကၿပီး၊ တစ္ခ်ိဳ႕ကေတာ့ ဒီလို မိသားစုနဲ႔ မ်က္မျမင္ခ်ိန္းေတြ႕တာဟာ ဆိုး႐ြားတဲ့ ဆက္ဆံေရးျဖစ္တယ္လို႔ ဆိုၾကပါတယ္ ။ ဒါက တ႐ုတ္ႏွစ္သစ္ကူးကာလမွာ လူေတာ္ေတာ္မ်ားမ်ား အိမ္ျပန္ဖို႔ ဝန္ေလးရတဲ့ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုလည္း ျဖစ္ပါတယ္။

JRose (Mckzone daily)

Reference : khaosod

Unicode

အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း မွန်ဂိုလီးယားမှ တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ သူမနေအိမ်ကို ပြန်လာခဲ့ပါတယ် ။ နောက်နေ့မနက် အိပ်ယာမထခင် မမျှော်လင့်ထားတဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ပါတယ် ။ သူမက နိုးနေပြီး တိတ်ဆိတ်နေချိန်မှာ သူ့အခန်းထဲမှာ လူငယ်ဒါဇင်ပေါင်းများစွာ တန်းစီလျက် ရှိနေတာကို သူမမြင်လိုက်ရပါတယ် ။ အဆိုပါလူငယ်တွေက သူမနဲ့တွေ့ဖို့ သူမနိုးလာတာကို စောင့်မျှော်နေကြတာပါ ။

ဒါက သူမကို အလွန်အရှက်ရစေပြီး အိပ်ယာမှထရန် မဝံ့မရဲဖြစ်သွားခဲ့ပါတယ် ။ အဆိုပါ လူငယ်များကို အမျိုးသမီးရဲ့ မိသားစုက ဖိတ်ကြားထားကြောင်း ဒေသတွင်း သတင်းများက ဖော်ပြပါတယ် ။ သမီးဖြစ်သူကို မျက်မမြင်ချိန်းတွေ့ရန်နဲ့ ရွေးချယ်ခွင့်များပေးရန်အတွက် ဖိတ်ကြားထားတာပါ ။ ကျေးလက်ဒေသရှိ သူမရဲ့အိမ်က သေးသေးလေးဖြစ်သောကြောင့် သီးခြားဧည့်ခန်းမရှိပဲ ဧည့်ခံခန်းအဖြစ် သူမရဲ့အိပ်ခန်းကို အသုံးပြုခဲ့ရပါတယ် ။

ဒါပေမယ့် ဒီအကြောင်းဟာ ပျံ့နှံ့သွားပြီးနောက် အင်တာနက်သုံးစွဲသူတွေက ပြင်းထန်တဲ့ထင်မြင်ယူဆချက်တွေ ထွက်လာကြပြီး အချို့က ကိုယ်ချင်းစာတတ်ကြပြီး အချို့ကလည်း အလားတူ အတွေ့အကြုံတွေကို မျှဝေကြပြီး၊ တစ်ချို့ကတော့ ဒီလို မိသားစုနဲ့ မျက်မမြင်ချိန်းတွေ့တာဟာ ဆိုးရွားတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ ဆိုကြပါတယ် ။ ဒါက တရုတ်နှစ်သစ်ကူးကာလမှာ လူတော်တော်များများ အိမ်ပြန်ဖို့ ဝန်လေးရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

JRose (Mckzone daily)

Be the first to comment on "အိပ္ရာမွႏိုးၿပီး ကုတင္ေခါင္းရင္းမွာ တန္းစီေနတဲ့ လူငယ္ေတြကို ျမင္ၿပီး အိပ္ရာထဖို႔ ရွက္ေနခဲ့တဲ့ အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*