အရွယ်နဲ့မလိုက်အောင် ကြည့်ကောင်းတဲ့ရုပ်ရည်ရှိတဲ့အပြင် စူပါကားများနှင့်ကြောင်လေးများကိုချစ်မြတ်နိုးတဲ့ ၅၆ နှစ်အရွယ်ကြင်ဖော်မဲ့ဖခင်တစ်ဦး

TikTok ဟာ သုံးစွဲသူများအတွက် ပျော်ရွှင်စရာနှင့် ဖန်တီးမှုခေတ်ရေစီးကြောင်းများ ပြည့်နှက်နေသည့် ပလပ်ဖောင်းတစ်ခုအဖြစ် လူသိများပါတယ်။ ဒီပလပ်ဖောင်းမှာ challenge လုပ်တဲ့ပုံစံမျိုးစုံတွေထဲမှ မိဘနှစ်ပါးတို့ရဲ့ငယ်စဉ်က ဓာတ်ပုံကိုရိုက်ကူးပြီး တစ်ချိန်က ၎င်းတို့ ဘယ်လောက်တောင်လှပကြည့်ကောင်းခဲ့ကြပုံနှင့် ၎င်းတို့နှစ်သား ဘယ်လိုဆုံခဲ့ကြတဲ့ challenge က လူတို့စိန်ခေါ်မှုအများဆုံးဖြစ်ခဲ့ပါတယ်။ ၎င်းကဲ့သို့ စိန်ခေါ်မှုမျိုးကို ထိုင်းမိန်းကလေးတစ်ဦးနှင့် သူမရဲ့ဖခင်ဖြစ်သူတို့က အပျော်သဘောပါဝင်ရန် ဆုံးဖြတ်ခဲ့ကြပြီးနောက် မထင်မှတ်ထားသောရလဒ်အဖြစ် အရွယ်နဲ့မလိုက်အောင် 6 pack နဲ့ ကြည့်ကောင်းနေတဲ့ အသက် ၅၆ နှစ်အရွယ် ဖခင်ဖြစ်သူကို အင်တာနက်သုံးစွဲသူများက စိတ်ဝင်စားခြင်းဖြင့် အဆုံးသတ်ခဲ့ရပါတယ်။

.

‘ Show-your-parent ‘ ဆိုတဲ့ TikTok trend ကို ဗဟိုပြုထားသည့် TikToker @meturr ရဲ့ဗီဒီယိုဟာ တစ်ကမ္ဘာလုံးရှိ အင်တာနက်အသုံးပြုသူများမှ သူမရဲ့ 56 နှစ်အရွယ် ဖခင်ဖြစ်သူက အမှန်တကယ်ပင် ကြည့်ကောင်းမိမိုက်လွန်းကြောင်း သဘောတူခဲ့ကြတဲ့အတွက်ကြောင့် သူမရဲ့ဖခင်အား အင်တာနက်စူပါစတားတစ်ဦးအဖြစ် ချက်ချင်းတွန်းပို့ပေးခဲ့ကြပါတယ်။ သူမရဲ့ TikTok စာမျက်နှာပေါ်မှာ ဖခင်ဖြစ်သူဟာ အပေါ်ပိုင်းအဝတ်မပါဘဲ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေရုံသာမက အဖေနဲ့သမီး နှစ်ဦးသား ရိုးရှင်းတဲ့ အက challenge ကိုပါဝင်ဆင်နွဲခြင်း ဒါမှမဟုတ် သားအဖနှစ်ဦးသား လမ်းလျှောက်ထွက်ခြင်းတို့ကို ပြသထားပါတယ်။

အချို့သော ရှာဖွေတွေ့ရှိမှုအပြီးမှာ၊ ဤကြည့်ကောင်းလွန်းတဲ့ ဖခင်ရဲ့အမည်မှာ Passavee Loputhai ဖြစ်ပြီး၊ သူဟာ ထိုင်းနိုင်ငံရှိ အောင်မြင်သော ကုမ္ပဏီတစ်ခုဖြစ်သည့် Realty One Estate ၏မန်နေဂျင်းဒါရိုက်တာဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ Passavee ဟာ Instagram အကောင့်ကိုလည်း ပိုင်ဆိုင်ထားပြီး ယခုအခါ TikTok ကို ကြောင်များနှင့် ကားများအတွက် ၎င်း၏ဝါသနာကို ဖော်ပြသည့် ဗီဒီယိုများဖြင့် စမ်းသုံးလျက်ရှိပြီး ဗီဒီယိုထဲမှာတော့ သူဟာ ကြောင်များရဲ့ငယ်ကျွန်ကြီးတစ်ယောက်ဖြစ်ကြောင်း ပြသထားပါတယ်။ ဖခင်ဖြစ်သူရဲ့ ကြည့်ကောင်းတဲ့ 6 pack မှအစ အားကစားနှင့် သူသမီးနှင့်အတူ အကကတဲ့အမူအရာအဆုံး ကြည့်ခြင်းအားဖြင့် ၊ ဘာကြောင့် အင်တာနက်သုံးစွဲသူတွေက ဖခင် Passavee ကို တမ်းတမ်းစွဲနေကြတယ်ဆိုတာကလဲ အဆန်းမဟုတ်နေတော့ပါဘူး။

.

အင်တာနက်အသုံးပြုသူအချို့က “မိထွေး” ရာထူး ရနိုင်သေးလားလို့ လိုက်မေးနေကြတုန်း အခြားသူများကတော့ Passavee ကို “Daddy ” ဟု ပိုင်စိုးပိုင်နက် ခေါ်ခဲ့ကြတဲ့အပြင် အချို့ကလည်း Passavee တို့မိသားစုက ၎င်းတို့လို အိမ်မွေးတိရစ္ဆာန်တွေကို မလိုချင်ဘူးလားလို့ မေးမြန်းနေခဲ့ကြပါတယ်။

.

ထို့ပြင် အင်တာနက်သုံးစွဲသူတစ်ဦးက Passavee ရဲ့ မိထွေး သို့မဟုတ် အိမ်မွေးခွေးလေးအဖြစ် စာရင်းပေးချင်ရင်တော့ အမှတ်စဉ်လိုက် တန်းစီဖို့တော့လိုကြောင်း စနောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သွေးရိုးသားရိုးသာတွေးကြည့်ရင်တော့ ဖခင် Passavee ဟာ ကိုယ်သာကျန်းမာရေးလိုက်စားရင်တော့ အသက်အရွယ်က ကိန်းဂဏန်းတစ်ခုဆိုတာကို ၎င်းရဲ့ကြည့်ကောင်းနဲ့ရုပ်ရည်နှင့်အတူ လှုံဆော်ပေးနေတာပါဘဲ။

Mia (Mckzone daily)

Reference : thesmartlocal

Be the first to comment on "အရွယ်နဲ့မလိုက်အောင် ကြည့်ကောင်းတဲ့ရုပ်ရည်ရှိတဲ့အပြင် စူပါကားများနှင့်ကြောင်လေးများကိုချစ်မြတ်နိုးတဲ့ ၅၆ နှစ်အရွယ်ကြင်ဖော်မဲ့ဖခင်တစ်ဦး"

Leave a comment

Your email address will not be published.


*