တစ်နေ့နေ့ တက်လာတဲ့ဆီဈေးကြောင့် ဘတ်စ်ကားအစား ဆင်စီးပြီး ကျောင်းသို့ ရောက်ချလာခဲ့တဲ့ ကျောင်းသားသုံးဦး

ထိုင်းနိုင်ငံ Surin ပြည်နယ်ရှိ Banyawuek School မှ ဆရာမတစ်ဦးက ဆင်တစ်ကောင်ဖြင့် ကျောင်းသို့ရောက်ရှိလာခဲ့တဲ့ ကျောင်းသားသုံးဦးရဲ့ဓာတ်ပုံများကို မျှဝေပေးခဲ့ပြီး Caption မှာ “ ကျောင်းသားတွေကို ကျောင်းပို့ဖို့ အဆုံးစွန်ဆုံးနည်းလမ်း ” လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။ နောက်ပိုင်း ဆင်စီးပြီး ကျောင်းတက်ဖို့ဆုံးဖြတ်ခဲ့တဲ့ ကျောင်းသား ၃ ယောက်ရဲ့ပုံတွေက Facebook မှာ ရေပန်းစားသွားခဲ့ပြီး ကျောင်းမြေထဲမ၀င်ခင် ထိုဆင်က ဆရာမတစ်ယောက်အား နှုတ်ဆက်နေတာကို ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။ ထို့ပြင် ကျောင်းသားတစ်ဦးရဲ့ဖခင်လို့ ယူဆရတဲ့ ဆင်ဦးစီးတစ်ဦးလည်း လိုက်ပါသွားခဲ့ကြောင်း Daily News ရဲ့ဖော်ပြချက်အရ သိရှိခဲ့ရပါတယ်။

.

ဒီဆင်တစ်ကောင်ဟာ ၎င်းတို့တိုင်းပြည်ရဲ့အမှတ်အသားဖြစ်တဲ့ ဘုရင့်နိုင်ငံမှာတောင် ကျောင်းသားများကို ကျောင်းသို့ပို့ဆောင်းပေးနေတာက တကယ့်ကို ရှားပါးတဲ့ မြင်ကွင်းတစ်ခုဘဲဖြစ်ပါတယ် လို့ရေးသားခဲ့တဲ့ Daily News ရဲ့ပို့စ်မှာ မျှဝေသူ 11,00 ကျော်ရှိပြီး အင်တာနက်အသုံးပြုသူများထံမှ ရယ်မောတဲ့ မှတ်ချက်များစွာရရှိခဲ့ပါတယ်။ တော်တော်များများက ဆင်အကောင်လေးတွေ ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာကို မြန်မြန်ဆန်ဆန် မှတ်ချက်ပေးခဲ့ကြပေမယ့် တခြားသူများကတော့ ရယ်စရာလေးတွေနဲ့ ပို့စ်ကို ဖြည့်ပေးနေခဲ့ကြပါတယ်။

.

ထို့ပြင် အင်တာနက်အသုံးပြုသူတစ်ဦးက ဓာတ်ငွေ့ဈေးနှုန်းကြီးမြင့်မှုကြောင့် အသွားအလာအတွက် ဆင်တစ်ကောင်ဖြင့် ရွေးချယ်တာဖြစ်နိုင်တယ်လို့မှတ်ချက်ပေးခဲ့ပြီး အခြားမှတ်ချက်ပေးသူတစ်ဦးက လမ်းစည်းကမ်းနှင့် ပတ်သက်တဲ့ စိုးရိမ်မှုများကို ပြသခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ကျန်အင်တာနက်အသုံးပြုသူတစ်ဦးကတော့ ထိုင်းနိုင်ငံမှာ ကျောင်းတက်ပြီး ဆင်စီးခြင်းက လက်ရှိ ဖြစ်ရပ်မှန်ဖြစ်လာပုံကို ထောက်ပြခဲ့ပါတယ်။

.

အစုလိုက် အပြုံလိုက် ဆင်စီးပြီး ကျောင်းတက်နေတဲ့ ကလေးတွေကို မြင်တွေ့ရတာက ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုဆိုပေမဲ့လည်း အဆိုပါတိရိစ္ဆာန်လေးကိုလည်း လေးလေးစားစားဆက်ဆံဖို့ မျှော်လင့်ပါတယ်။

Mia (Mckzone daily)

Reference : thesmartlocal

Be the first to comment on "တစ်နေ့နေ့ တက်လာတဲ့ဆီဈေးကြောင့် ဘတ်စ်ကားအစား ဆင်စီးပြီး ကျောင်းသို့ ရောက်ချလာခဲ့တဲ့ ကျောင်းသားသုံးဦး"

Leave a comment

Your email address will not be published.


*