စွန့်ပစ်ခံထားရတဲ့ ကျီးကန်းတစ်ကောင်ကို သူမရဲ့ခွေးပေါက်စလေးလိုမှတ်ပြီး နို့တိုက်ကျွေးကာ မွေးစားလိုက်တဲ့ ခွေးတစ်ကောင်



JRose (Mckzone daily)

Reference : gtgoodtimes

Unicode

Daily Mail မှာ ဖော်ပြထားတဲ့ Peggy ဆိုတဲ့အမည်နဲ့ ခွေးကလေးတစ်ကောင်က စွန့်ပစ်ခံရတဲ့ ကျီးကန်းတစ်ကောင်နဲ့ ခိုအောင်းနေပြီး သူ့ရဲ့ကလေးငယ်အဖြစ် မွေးစားထားပါတယ် ။ အံ့သြစရာက ဒီမျိုးစိတ်မတူတဲ့ ခွေးကလေးနဲ့ ကျီးကန်းဟာ ခင်မင်ရင်းနှီးကြပြီး သားအမိလိုနေထိုင်နေပါတယ် ။ ဒါ့အပြင် Peggy က Molly လို့ခေါ်တဲ့ အဆိုပါကျီးကန်းကို သူ့ရင်သွေးလို့ထင်တဲ့အတွက် သူမဟာ သူ့ခွေးပေါက်လေးမွေးသလိုမျိုး နို့ထုတ်ကျွေးနေတာကိုလည်း တွေ့ရှိခဲ့ပါတယ် ။

Peggy နဲ့ Molly ကတော့ သူတို့ရဲ့ အံ့သြစရာကောင်းတဲ့ နှောင်ကြိုးကို ပြသလိုက်တာပါ ။ လက်ရှိမှာ Peggy နဲ့ Molly နှစ်ဦးစလုံးက နေဝင်ရီတရောမှ မိုးလင်းသည်ထိ ပွေ့ဖက်ကာ တစ်နေကုန် ကစားကာ မိခင်နဲ့သမီးလိုမျိုး ဆက်ဆံနေကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "စွန့်ပစ်ခံထားရတဲ့ ကျီးကန်းတစ်ကောင်ကို သူမရဲ့ခွေးပေါက်စလေးလိုမှတ်ပြီး နို့တိုက်ကျွေးကာ မွေးစားလိုက်တဲ့ ခွေးတစ်ကောင်"

Leave a comment

Your email address will not be published.


*