ထူးထူးခြားခြား ဟင်းသီးဟင်းရွက်တွေနဲ့ ပွဲအပြင်အဆင်တစ်ခုလုံးကို လှပစွာ အလှဆင်ထားခဲ့တဲ့ မင်္ဂလာပွဲတစ်ခု

ဖိလစ်ပိုင်နိုင်ငံ Benguet ပြည်နယ်ရှိ စုံတွဲတစ်တွဲဟာ ၎င်းတို့၏ မင်္ဂလာပွဲနေ့တွင် ထူးခြားသော အလှဆင်မှု အစီအစဉ်တစ်ခု ရှိနေခဲ့ပါတယ်။ ၎င်းတို့ဟာ သာမာန်ပန်းစည်းတွေအစား ထူးခြားစွာနဲ့ မင်္ဂလာပွဲကျင်းပရာနေရာကို အလှဆင်ဖို့ အလွယ်တကူရနိုင်တဲ့ ဟင်းရွက်တွေကို အသုံးပြုခဲ့ကြပါတယ်။ ၎င်း Claver နှင့် Flean Molot တို့စုံတွဲဟာ La Trinidad ကောင်တီရှိ San Jose Parish Church ၌ နောက်ဆုံး လက်ထပ်ထိမ်းမြားကြတဲ့အခါ ရိုက်ကူးထားခဲ့တဲ့ ၎င်းတို့ရဲ့မင်္ဂလာဆောင်သည့် အခမ်းအနားဓာတ်ပုံများဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူများစွာဟာ ၎င်းအလှဆင်ပစ္စည်းများကို သဘောကျခဲ့ကြပြီး အဆိုပါဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာ အကျယ်တဝင့် စတင်ဝေမျှခဲ့ကြပါတယ်။

.

၎င်းတို့မင်္ဂလာပွဲဟာ ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံး ရုပ်မြင်သံကြားကွန်ရက်တွင် သတင်းအပိုင်းတစ်ခုလည်း ဖြစ်လာခဲ့ပါသေးတယ်။ မင်္ဂလာပွဲရဲ့ အလှဆင်မှုကတော့ တကယ့်ကို ထူးခြားပါတယ်။ သာမာန်ပန်းတွေအပြင် အသီးအရွက်တွေကို မင်္ဂလာပွဲအလှဆင်ဖို့ ၎င်းတို့စုံတွဲက ဆုံးဖြတ်ခဲ့တာပါ။ ဂေါ်ဖီထုပ်အကြီးကြီးနှင့် တရုတ်မုန်ညင်းဖြူ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်များကို ၎င်းတို့၏ မင်္ဂလာပလ္လင်ပေါ်တွင် အလှဆင်ထားခဲ့ပြီး ပန်းဂေါ်ဖီစိမ်းနှင့် ရိုးရိုးပန်းဂေါ်ဖီတို့ကို လျှောက်လမ်းတစ်လျှောက်မှာ အလှဆင်ရန်လည်း အသုံးပြုခဲ့ကြပါသေးတယ်။

.

Claver နှင့် Flean Molot တို့စုံတွဲရဲ့အဆိုအရတော့ ၎င်းတို့မင်္ဂလာပွဲမှာ အသီးအရွက်တွေ ပေါင်းထည့်အလှဆင်ဖို့က ၎င်းတို့အဒေါ်ဖြစ်သူရဲ့စိတ်ကူးဖြစ်ကြောင်း သိရပါတယ်။ မင်္ဂလာပွဲအပြီးမှာတော့ Claver နှင့် Flean Molot တို့က ၎င်းတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေကို ပေးလှူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

.

ဖိလစ်ပိုင်နိုင်ငံရဲ့ Benguet ပြည်နယ်ဟာ နိုင်ငံအတွင်း ဟင်းသီးဟင်းရွက်များကို အဓိက ပံ့ပိုးတဲ့ပြည်နယ်အဖြစ် လူသိများပြီး ၎င်းဟာ ဖိလစ်ပိုင်လူမျိုးများ စားသုံးနေတဲ့ ဟင်းသီးဟင်းရွက် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းအထိကို ထောက်ပံ့ပေးပါတယ်။

Mia (Mckzone daily)

Reference : wowcordillera

Be the first to comment on "ထူးထူးခြားခြား ဟင်းသီးဟင်းရွက်တွေနဲ့ ပွဲအပြင်အဆင်တစ်ခုလုံးကို လှပစွာ အလှဆင်ထားခဲ့တဲ့ မင်္ဂလာပွဲတစ်ခု"

Leave a comment

Your email address will not be published.


*