ယာဉ်ကြောပိတ်ဆို့မှုကြောင့် အသက်အန္တရာယ်ကြုံရတော့မယ့် ၈ နှစ်အရွယ်ကလေးမလေးအား ၎င်းရဲ့ဆိုင်ကယ်ဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ကာ ကယ်တင်ပေးခဲ့တဲ့ အမျိုးသား (ရုပ်သံ)

ထိုင်းနိုင်ငံရှိ ကားအသွားအလာ ထူထပ်စွာ ပိတ်မိနေချိန်မှာ အသက် 51 နှစ်အရွယ် Sorachat Sadudee အမည်ရှိဖခင်တစ်ဦးက အသက် ၈ နှစ်အရွယ် Kaimook အမည်ရှိသမီးဖြစ်သူရဲ့ပါးစပ်မှာ အမြှုပ်ထွက်နေတာကို တွေ့လိုက်ရတဲ့အခါ အတော်ထိတ်လန့်သွားခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်က ထိုင်းနိုင်ငံအလယ်ပိုင်း Phitsanulok မြို့မှာ Sorachat က ၎င်းရဲ့သမီးကို ကျောင်းမှသွားကြိုပြီးနောက် ဖြစ်ပွါးခဲ့တာဖြစ်ပြီး Sorachat က အိမ်သို့ အပြေးအလွှားပြန်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့လည်း ယာဉ်ကြောကြပ်တည်းမှုကြောင့် ကားဖြတ်သန်းခွင့်မရခဲ့ပါဘူး။ “ အဲဒီအချိန်မှာ သမီးက အလွန်ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေခဲ့တယ်။ သူမလက်တွေ တုန်ပြီး သူမခန္ဓာကိုယ်ကအပူချိန် အရမ်းမြင့်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့တယ် ” လို့ Sorachat က ဆိုခဲ့ပါတယ်။

.

ကံကောင်းစွာဘဲ ထိုအချိန်မှာ Sorachat ရဲ့ကားဘေးကနေ ကျော်တက်ဖို့လုပ်နေခဲ့တဲ့ အသက် 28 နှစ်အရွယ် Itthiphon Petchphibunpong အမည်ရှိဆိုင်ကယ်သမားတစ်ဦးက ကားထဲက သတိလစ်မေ့မြောနေတဲ့သမီးဖြစ်သူကို ပြန်လည်အသက်သွင်းဖို့ကြိုးစားနေတဲ့ Sorachat ကို သတိပြုမိတော့ Itthiphon က ၎င်းရဲ့ဆိုင်ကယ်ကိုအလျင်အမြန်ရပ်ကာ အခြားကားများရဲ့ပြတင်းပေါက်များကိုသွားခေါက်ပြီး အကြောင်းအရင်းရှင်းပြကာ Sorachat ရဲ့ကားကို လမ်းပေးဖို့ တောင်းဆိုပေးခဲ့တဲ့အတွက် tthiphon ရဲ့အကူအညီကြောင့် Sorachat ရဲ့ကားကို လမ်းဘေးမှာ ရပ်ထားနိုင်ခဲ့ပါတယ်။

.

ထို့နောက် ဖခင်ဖြစ်သူက သတိလစ်နေတဲ့ သမီးအား Itthiphon ရဲ့ဆိုင်ကယ်ဆီသို့ အပြေးသယ်ဆောင်သွားကာ Itthiphon ရဲ့ဆိုင်ကယ်နဲ့ အတူလိုက်ပါစီးသွားခဲ့ပါတယ်။ ထို့နောက် Itthiphon က လမ်းများကို ကျွမ်းကျင်စွာ ဖြတ်ကျော်ရင်း ၎င်းတို့သားအဖကို လေးမိနစ်အတွင်း အနီးနားက ဆေးရုံသို့ အမြန်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

.

ကံကောင်းစွာနဲ့ပဲ ဆေးရုံက သမီးလေး Kaimook ကို ကယ်တင်နိုင်ခဲ့ပြီးနောက်မှာ သူမကို သက်ဆိုင်ရာဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ Sorachat ကလည်း Itthiphon ရဲ့လျင်မြန်စွာ လုပ်ဆောင်မှုဖြင့် သမီးဖြစ်သူအား ကယ်တင်နိုင်ခဲ့ကြောင်း သိရှိပြီးနောက် နောက်ဆုံးမှာ သက်ပြင်းချနိုင်ခဲ့ပါတယ်။ “ သူ့ရဲ့ကြင်နာမှုအတွက် ငါ သူ့ကို ကျေးဇူးတင်လို့ မရသေးဘူး။

သူက သမီးရဲ့အသက်ကို ကယ်ခဲ့တဲ့အတွက် အပြည့်အဝပြန်ကောင်းလာတာနဲ့ ၊ သမီးလေးကို ကိုယ်တိုင် ကျေးဇူးတင်ခိုင်းရမယ်” လို့ Sorachat က ဆိုခဲ့ပြီး ထိုအချိန်မှာ Itthiphon က ၎င်းအဖြစ်ဖြစ်ပျက်ခဲ့စဉ်က ထိတ်လန့်ကြောက်ရွံ့နေတဲ့ ဖခင်ကိုမြင်တော့ များစွာမတွေးခဲ့မိကြောင်းကို “ အစပိုင်းမှာတော့ သူမမှာ အတက်ရောဂါဖြစ်တာကို အံ့သြသွားခဲ့တယ်။ သူမကို ဘယ်လို ကုသရမယ်ဆိုတာမသိပေမယ့် ဆိုင်ကယ်နဲ့ ဆေးရုံကို ခေါ်သွားနိုင်တယ်ဆိုတာ သိနေခဲ့တယ်။ ကျွန်တော်လည်း ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ သားသမီးတွေ ပြိုကျပြီး ကျွန်တော်တို့ရှေ့မှာ နာကျင်နေတာကို မြင်လိုက်ရတဲ့ခံစားချက်ကို ကျွန်တော် သိပါတယ်။ ဒါ့ကြောင့် သူတို့ကိုကူညီဖို့ မတွန့်ဆုတ်နိုင်ခဲ့ဘူး ” လို့လည်း ဆိုခဲ့ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ယာဉ်ကြောပိတ်ဆို့မှုကြောင့် အသက်အန္တရာယ်ကြုံရတော့မယ့် ၈ နှစ်အရွယ်ကလေးမလေးအား ၎င်းရဲ့ဆိုင်ကယ်ဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ကာ ကယ်တင်ပေးခဲ့တဲ့ အမျိုးသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*