ဂ်ပန္ဓာတ္ပုံဆရာတစ္ေယာက္ ႐ိုက္ကူးခဲ့တဲ့ ခ်စ္စရာေကာင္းတဲ့ meerkats မိသားစုရဲ႕ပုံဟာ လူမႈကြန္မွာပ်ံ႕ႏွံ႔ေနပါတယ္ ။ Meerkats မ်ားက အာဖရိကေတာင္ပိုင္းလြင္ျပင္မ်ားမွာ ေနထိုင္တဲ့ အလြန္လူမႈေရးအရ မိသားစုကို ဦးတည္တဲ့ မြန္ဂိုအမ်ိဳးအစားျဖစ္ပါတယ္ ။ ၎တို႔ကို အမ်ားအားျဖင့္ အုပ္စုႀကီးမ်ားမွာ ေတြ႕ရေလ့ရွိၿပီး အုပ္စုတစ္ခုစီမွာ မတူညီေသာ မိသားစုမ်ားစြာ ပါဝင္ေသာ အသိုင္းအဝိုင္းတစ္ခုမွာ အတူတကြေနထိုင္ၾကပါတယ္ ။
Meerkat မ်ားက ေျမတြင္းတိရစာၦန္မ်ားျဖစ္ေသာေၾကာင့္ ၎တို႔ရဲ႕ဘဝအမ်ားစုကို ပူျပင္းနဲ႔ အာဖရိကေနေရာင္နဲ႔ေဝးရာ ေျမေအာက္မွာသာ ကုန္ဆုံးၾကပါတယ္ ။ Meerkats က အသက္ ၁၄ ႏွစ္အထိ အသက္ရွင္ႏိုင္ပါတယ္ ။ အ႐ြယ္ေရာက္ၿပီးပါက ၎တို႔ဟာ ငါးေပါင္ခြဲအထိ အေလးခ်ိန္ရွိၿပီး အရပ္တစ္ေပခြဲအထိ ရွိလာႏိုင္ပါတယ္ ။
ဂ်ပန္ဓာတ္ပုံဆရာက တခါမွ မျမင္ဖူးတဲ့ အဆိုပါ ခ်စ္စရာေကာင္းတဲ့ သတၱဝါမ်ားရဲ႕ အေပ်ာ္သေဘာ စ႐ိုက္ကို ဖမ္းယူထားတာပါ ။ ယေန႔ကမာၻေပၚမွာ မ်ိဳးစိတ္မ်ားစြာရဲ႕ လူဦးေရ ေလ်ာ့နည္းလာပုံရေသာ္လည္း meerkat အေရအတြက္က ကမာၻတစ္ဝွမ္းမွာ အားေကာင္းေနဆဲျဖစ္ပါတယ္ ။
.
.
.
.
.
.
JRose (Mckzone daily)
Reference : buzznicked
Unicode
ဂျပန်ဓာတ်ပုံဆရာတစ်ယောက် ရိုက်ကူးခဲ့တဲ့ ချစ်စရာကောင်းတဲ့ meerkats မိသားစုရဲ့ပုံဟာ လူမှုကွန်မှာပျံ့နှံ့နေပါတယ် ။ Meerkats များက အာဖရိကတောင်ပိုင်းလွင်ပြင်များမှာ နေထိုင်တဲ့ အလွန်လူမှုရေးအရ မိသားစုကို ဦးတည်တဲ့ မွန်ဂိုအမျိုးအစားဖြစ်ပါတယ် ။ ၎င်းတို့ကို အများအားဖြင့် အုပ်စုကြီးများမှာ တွေ့ရလေ့ရှိပြီး အုပ်စုတစ်ခုစီမှာ မတူညီသော မိသားစုများစွာ ပါဝင်သော အသိုင်းအဝိုင်းတစ်ခုမှာ အတူတကွနေထိုင်ကြပါတယ် ။
Meerkat များက မြေတွင်းတိရစ္ဆာန်များဖြစ်သောကြောင့် ၎င်းတို့ရဲ့ဘဝအများစုကို ပူပြင်းနဲ့ အာဖရိကနေရောင်နဲ့ဝေးရာ မြေအောက်မှာသာ ကုန်ဆုံးကြပါတယ် ။ Meerkats က အသက် ၁၄ နှစ်အထိ အသက်ရှင်နိုင်ပါတယ် ။ အရွယ်ရောက်ပြီးပါက ၎င်းတို့ဟာ ငါးပေါင်ခွဲအထိ အလေးချိန်ရှိပြီး အရပ်တစ်ပေခွဲအထိ ရှိလာနိုင်ပါတယ် ။
ဂျပန်ဓာတ်ပုံဆရာက တခါမှ မမြင်ဖူးတဲ့ အဆိုပါ ချစ်စရာကောင်းတဲ့ သတ္တဝါများရဲ့ အပျော်သဘော စရိုက်ကို ဖမ်းယူထားတာပါ ။ ယနေ့ကမ္ဘာပေါ်မှာ မျိုးစိတ်များစွာရဲ့ လူဦးရေ လျော့နည်းလာပုံရသော်လည်း meerkat အရေအတွက်က ကမ္ဘာတစ်ဝှမ်းမှာ အားကောင်းနေဆဲဖြစ်ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ရွက္႐ြံ႕တဲ့ ခ်စ္စရာ Meerkat အေကာင္တို႔ရဲ႕မိသားစုကို ဖမ္းယူ႐ိုက္ကူးလိုက္တဲ့ ဓာတ္ပုံဆရာ"