ဝေဖန်မှုတွေအကြား ကျားနှစ်ကောင်ကို အိမ်နောက်ဖေးမှာ အိမ်မွေးတိရိစ္ဆာန်လေးတွေလို ပြုစုမွေးမြူထားတဲ့ အမျိုးသမီးတစ်ဦး (ရုပ်သံ)

၎င်းတို့ဟာ မိသားစုတစ်စုထဲရှိပေမဲ့ ကျားနဲ့ကြောင်ဟာ လုံးဝမတူဘူးဆိုတာကို ကျွန်တော်တို့အားလုံးသိပါတယ်။ လူတွေက ကျားတွေကို ကြောင်ကြီးလို့ခေါ်ကြတယ်ဆိုပေမယ့်လည်း ၎င်းတို့က ကျွန်တော်တို့နဲ့ရင်းနှီးတဲ့ ချိုမြိန်ပြီး ချစ်စရာကြောင်လေးတွေနဲ့တော့ ကွာခြားပါတယ်။ ဒီတော့ အိမ်မှာ ကျားတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးနိုင်လားဆိုရင်တော့ အဖြေက မဖြစ်သင့်ဘူးလို့ဆိုရမှာပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးအရာဖြစ်နေသေးသရွေ့ ကျွန်တော်တို့ လုံးဝမွေးထားနိုင်ပါတယ်။ အသက် 57 နှစ်အရွယ် Janice Haley အမည်ရှိ အမျိုးသမီးတစ်ဦးဟာ လက်ရှိမှာ အမေရိကန် ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ သူမရဲ့ အိမ်နောက်ဖေးမှာ ဘင်္ဂလားကျားနှစ်ကောင်ကို မွေးမြူထားလျက်ရှိပါတယ်။

.

သူမရဲ့မျက်လုံးထဲမှာတော့ ၎င်းကျားနှစ်ကောင်ဟာ အပြင်မှာရှိနေတဲ့ အိမ်မွေးကြောင်တွေလို ချစ်စရာကောင်းနေပါတယ်။ “ လူတွေ ဘယ်လောက်ဘဲ စိတ်ပူနေပါစေ ကျွန်မကတော့ သူတို့အမေပါပဲ ၊ ဒီချစ်စရာကောင်းတဲ့ ကြောင်တွေက ကျွန်မမျက်နှာကို ပွတ်ပေးသလို သူတို့ရဲ့နှာခေါင်းကို နမ်းခွင့်ပေးတယ်။ ” လို့ Haley က သူမရဲ့အသားစားအိမ်မွေးကြောင်ကြီးတွေနဲ့ပတ်သက်ပြီး ဆိုခဲ့ပါတယ်။

.

Haley ပြုစုစောင့်ရှောက်ပေးနေတဲ့ ထူးခြားဆန်းပြားသော ၎င်းအိမ်မွေးတိရိစ္ဆာန်နှစ်ကောင်မှာ ပေါင် 600 အလေးချိန်ရှိတဲ့ အဖြူရောင်ဘင်္ဂလားကျားအထီး Saber နှင့် ပေါင် 400 ရှိ လိမ္မော်ရောင်ဘင်္ဂလားကျား Janda တို့ဘဲဖြစ်ပါတယ်။

.

၎င်းတို့ကို တစ်နေ့ သုံးကြိမ် ပုံမှန် အစာကျွေးပြီး ၎င်းတို့ကလည်း ၎င်းတို့ရဲ့လူသားမိဘတွေကို ချစ်ခင်စွာ ဆက်ဆံပေးလျက်ရှိပါတယ်။ Haley ရဲ့ ဤအံ့သြဖွယ်ခရီးကို ခင်ပွန်းဖြစ်သူ David အကြံပေးခဲ့သည့်အတိုင်း ကျားလေ့ကျင့်ရေးသင်တန်းတက်ရန် သူမရဲ့ပျင်းရိငြီးငွေ့ဖွယ် ကိုး-ငါးနာရီ အလုပ်မှနုတ်ထွက်ချိန် ၁၉၉၅ ခုနှစ်မှာ စတင်ခဲ့တာပါ။

.

သူမဟာ ထိုအချိန်မှစပြီး ဤကြီးကျယ်ခမ်းနားသောတိရိစ္ဆာန်များနှင့် အမြဲအလုပ်လုပ်ခဲ့ပြီး သေချာပေါက် ၎င်းတို့ကို အလွန်နှစ်သက်နေခဲ့ပါတယ်။ တောရိုင်းတိရိစ္ဆာန်များကို သေးငယ်တဲ့ အကာအရံတစ်ခုမှာ မထားသင့်ပေမဲ့လည်း၊ သူမရဲ့ကျားနှစ်ကောင်က သူမနှင့်အတူ ပိုမိုကောင်းမွန်သောဘဝဖြင့် နေထိုင်နေတယ်လို့ Haley က ယုံကြည်ထားပါတယ်။

“ သူတို့ကို ချုပ်နှောင်ထားဖို့ ရက်စက်တယ်လို့ ယူဆတဲ့လူတွေမှာ အချက်တစ်ခုရှိတယ် ၊ တောရိုင်းတိရိစ္ဆာန်တွေ လှောင်အိမ်ထဲမှာ နေဖို့ အကောင်းဆုံးနေရာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီအချိန်မှာ တောရိုင်းမှာ သူတို့အတွက် မျှော်လင့်ချက်တွေ အများကြီးမရှိတော့ဘဲ လှောင်အိမ်တွေထဲမှာ တချို့သာမကျန်ခဲ့ရင်တော့ နှစ်အနည်းငယ်အတွင်း လုံးဝကျန်တော့မှာ မဟုတ်ဘူး၊ သူတို့က ဒီမှာနေရာတာကို ကြိုက်ကြတယ်။ ကျွန်မအထင် ကျွန်မသာအိမ်နောက်ဖေးက ကျားတစ်ကောင်ဖြစ်ရင် အဲ့တာကို စိတ်ထဲထားမှာမဟုတ်ဘူး ” လို့ Haley က အန္တရာယ်များတဲ့တိရိစ္ဆာန်တွေကို သေးငယ်တဲ့လှောင်အိမ်ထဲမှာ ထားခြင်းကို ကန့်ကွက်နေတဲ့လူအချို့အတွက် ပြန်လည်တုံ့ပြန်ပြောကြားပေးခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "ဝေဖန်မှုတွေအကြား ကျားနှစ်ကောင်ကို အိမ်နောက်ဖေးမှာ အိမ်မွေးတိရိစ္ဆာန်လေးတွေလို ပြုစုမွေးမြူထားတဲ့ အမျိုးသမီးတစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*