JRose (Mckzone daily)
Reference : yan
Unicode
ကလေး ၂ ယောက်ရဲ့ဖခင်ဖြစ်တဲ့ Mr. Keenan Watkins ဟာ စတိုးဆိုင်တစ်ခုမှာ အရုပ်တစ်ရုပ်နဲ့ စျေးဝယ်ထွက်ခဲ့ပါတယ် ။ လည်ပင်းနဲ့ လက်များမှာ တက်တူးထိုးထားတဲ့ Keenan က ထိုကဲ့သို့ အရုပ်ကို လမ်းပေါ်ထွက်ခေါ်ဆောင်ရန် ရှက်နေလိမ့်မယ်လို့ ထင်ရသော်လည်း ဆန့်ကျင်ဘက်အနေနဲ့ သူလုပ်ခဲ့တဲ့အတွက် များစွာဂုဏ်ယူမိပါတယ် ။ အရုပ်အကြောင်းကို စတိုးဆိုင်ဝန်ထမ်းဖြစ်တဲ့ Sadie မေးမြန်းတဲ့အခါ Keenan က ဒီအရုပ်ဟာ သူ့သမီးရဲ့ချစ်လှစွာသောအရုပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။
သူ့သမီးက ဒီအရုပ်ကို သူသွားတဲ့နေရာတိုင်း လိုက်ပါခေါ်ဆောင်ရန်နဲ့ မိခင်လို ပြုစုစောင့်ရှောက်မယ်လို့ ကတိပေးခဲ့တာကြောင့်ပါ ။ သူက သမီးဖြစ်သူကို ကတိအတိုင်း ဖြည့်ဆည်းပေးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ် ။ လူအများက Keenan ကို အံ့ဩတဲ့ မျက်လုံးများဖြင့် ကြည့်နေပေမဲ့ အဆိုပါဖခင်က လျစ်လျူရှုထားဆဲဖြစ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူ့အတွက်က သူ့သမီးကို ဘယ်လောက်ချစ်ကြောင်း ပြသဖို့ နည်းလမ်းတစ်ခုပဲလေ ။ ပြီးတော့ Keenan က ဖခင်တစ်ယောက်အနေနဲ့လည်း သမီးကို ပျော်ရွှင်အောင် ဘာမဆို လုပ်လိုစိတ်ရှိခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "သမီးလေးရဲ့အချစ်ဆုံးအရုပ်ကို သွားလေရာနေရာတိုင်း ခေါ်သွားမယ်လို့ ကတိပေးထားတဲ့အတွက် ကတိအတိုင်းလုပ်ဆောင်ခဲ့တဲ့ ဖခင်ရဲ့ လုပ်ရပ်"