ေရနစ္ေနတဲ့ေၾကာင္ေလးကို ကယ္တင္ေပးဖို႔အတြက္ ေရထဲခုန္ခ်ၿပီး ေက်ာကုန္းျဖင့္ ထမ္းပိုးေပးခဲ့သည့္ ရဲရင့္တဲ့ေခြးေလး (႐ုပ္သံ)

ေခြးပိုင္ရွင္ေတြကို ေမးၾကည့္ရင္ ေခြးေတြက ကမာၻေပၚမွာ အေကာင္းဆုံးတိရိစာၦန္ေတြျဖစ္ရတဲ့ အေၾကာင္းရင္းရဲ႕ အနည္းဆုံး တစ္ဒါဇင္ေလာက္စာကို ေျပာျပၾကပါလိမ့္မယ္။ ဒီေကာင္ေတြက ထက္ျမက္တယ္၊ အဆုံးအထိ သစၥာရွိၿပီး မယုံႏိုင္ေလာက္ေအာင္ သတၱိရွိၾကပါတယ္။ ေခြးေတြဟာ ပိုင္ရွင္မ်ားကို ကယ္တင္ရန္ ၎တို႔ရဲ႕ေဘးကင္းမႈကို ဂ႐ုမစိုက္သည့္ ပုံျပင္မ်ားစြာကို ၾကားဖူးၾကမွာပါ။ ဒါေပမယ့္ ေခြးေတြက ပိုင္ရွင္ပဲျဖစ္ျဖစ္ ေၾကာင္လို တိရစာၦန္သူငယ္ခ်င္းပဲျဖစ္ျဖစ္ သူတို႔ကူညီႏိုင္တဲ့ သတၱဝါတိုင္းကို ကူညီတယ္ဆိုတာ သိလားဗ်ာ။ မၾကာေသးမီက ေရနစ္ေနတဲ့ေၾကာင္ေလးတစ္ေကာင္ကိုေတြ႕ၿပီး ေရထဲခုန္ခ်ဖို႔ဆုံးျဖတ္လိုက္တဲ့ ဒီေခြးေလးဟာ တကယ့္လက္ေတြ႕ဘဝစူပါဟီး႐ိုးတစ္ေယာက္ပါဘဲ။

ေၾကာင္ေလးဟာ ေရထဲကေနခုန္ထြက္ဖို႔ နည္းလမ္းရွာမေတြ႕တဲ့အတြက္ ေမွ်ာ္လင့္ခ်က္မဲ့ကာ ထိတ္လန႔္ေနပုံရသလို ေရထဲမွာ အၾကာႀကီး ႐ုန္းေနရေတာ့ လုံးလုံး ေမာပန္းေနပုံရေနခဲ့ပါတယ္။ သို႔ေပမဲ့ ေၾကာင္ေလးအတြက္ ကံေကာင္းခ်င္ေတာ့ ၎ေခြးက သူဘာလုပ္ရမလဲဆိုတာကို သိေနပုံရၿပီး ေရထဲခုန္ဆင္းကာ ေၾကာင္ေလးအား သူ႔ေက်ာကုန္းေပၚတက္ေစခဲ့ပါတယ္။ ေၾကာင္ေလးကလည္း အနည္းငယ္ စိတ္ရႈပ္ေထြးမႈျဖင့္ ထိုအရာကို နားလည္ႏိုင္ေသးတဲ့အတြက္ သူမဟာ ေျခာက္ေသြ႕တဲ့ကုန္းေျမေပၚ တစ္ဖန္ျပန္ေရာက္လာႏိုင္ခဲ့ပါတယ္။

ထို႔ေနာက္ ဟီး႐ိုးေခြးေလးကလည္း ကိုယ့္အားကိုယ္ကိုးနဲ႔ ကုန္းေပၚသို႔ ျပန္တက္လာခဲ့ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ေၾကာင္နဲ႔ ေခြးေတြက အတူေနမရဘူးလို႔ ေျပာေလ့ရွိေပမယ့္ ဒီဗီဒီယိုက ၎ဟာ မွားေနတယ္ဆိုတာကို သက္ေသျပေနပါတယ္။ ဒီဗီဒီယိုဟာ Youtube မွာ ၾကည့္ရႈသူ 11 သန္းေက်ာ္ႏွင့္ မွတ္ခ်က္ေထာင္ေပါင္းမ်ားစြာ ရရွိခဲ့တဲ့အျပင္ လူေတာ္ေတာ္မ်ားမ်ားက ေခြးေလးကို သူ႔ရဲ႕သူရဲေကာင္းဆန္တဲ့ လုပ္ရပ္နဲ႔ သနားစရာေကာင္းတဲ့ေၾကာင္ေလးအေပၚ သူ႔ရဲ႕သည္းခံမႈကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

Mia (Mckzone daily)

Reference : aubtu

Unicode

ခွေးပိုင်ရှင်တွေကို မေးကြည့်ရင် ခွေးတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးတိရိစ္ဆာန်တွေဖြစ်ရတဲ့ အကြောင်းရင်းရဲ့ အနည်းဆုံး တစ်ဒါဇင်လောက်စာကို ပြောပြကြပါလိမ့်မယ်။ ဒီကောင်တွေက ထက်မြက်တယ်၊ အဆုံးအထိ သစ္စာရှိပြီး မယုံနိုင်လောက်အောင် သတ္တိရှိကြပါတယ်။ ခွေးတွေဟာ ပိုင်ရှင်များကို ကယ်တင်ရန် ၎င်းတို့ရဲ့ဘေးကင်းမှုကို ဂရုမစိုက်သည့် ပုံပြင်များစွာကို ကြားဖူးကြမှာပါ။ ဒါပေမယ့် ခွေးတွေက ပိုင်ရှင်ပဲဖြစ်ဖြစ် ကြောင်လို တိရစ္ဆာန်သူငယ်ချင်းပဲဖြစ်ဖြစ် သူတို့ကူညီနိုင်တဲ့ သတ္တဝါတိုင်းကို ကူညီတယ်ဆိုတာ သိလားဗျာ။ မကြာသေးမီက ရေနစ်နေတဲ့ကြောင်လေးတစ်ကောင်ကိုတွေ့ပြီး ရေထဲခုန်ချဖို့ဆုံးဖြတ်လိုက်တဲ့ ဒီခွေးလေးဟာ တကယ့်လက်တွေ့ဘဝစူပါဟီးရိုးတစ်ယောက်ပါဘဲ။

ကြောင်လေးဟာ ရေထဲကနေခုန်ထွက်ဖို့ နည်းလမ်းရှာမတွေ့တဲ့အတွက် မျှော်လင့်ချက်မဲ့ကာ ထိတ်လန့်နေပုံရသလို ရေထဲမှာ အကြာကြီး ရုန်းနေရတော့ လုံးလုံး မောပန်းနေပုံရနေခဲ့ပါတယ်။ သို့ပေမဲ့ ကြောင်လေးအတွက် ကံကောင်းချင်တော့ ၎င်းခွေးက သူဘာလုပ်ရမလဲဆိုတာကို သိနေပုံရပြီး ရေထဲခုန်ဆင်းကာ ကြောင်လေးအား သူ့ကျောကုန်းပေါ်တက်စေခဲ့ပါတယ်။ ကြောင်လေးကလည်း အနည်းငယ် စိတ်ရှုပ်ထွေးမှုဖြင့် ထိုအရာကို နားလည်နိုင်သေးတဲ့အတွက် သူမဟာ ခြောက်သွေ့တဲ့ကုန်းမြေပေါ် တစ်ဖန်ပြန်ရောက်လာနိုင်ခဲ့ပါတယ်။

ထို့နောက် ဟီးရိုးခွေးလေးကလည်း ကိုယ့်အားကိုယ်ကိုးနဲ့ ကုန်းပေါ်သို့ ပြန်တက်လာခဲ့ပါတယ်။ လူတော်တော်များများက ကြောင်နဲ့ ခွေးတွေက အတူနေမရဘူးလို့ ပြောလေ့ရှိပေမယ့် ဒီဗီဒီယိုက ၎င်းဟာ မှားနေတယ်ဆိုတာကို သက်သေပြနေပါတယ်။ ဒီဗီဒီယိုဟာ Youtube မှာ ကြည့်ရှုသူ 11 သန်းကျော်နှင့် မှတ်ချက်ထောင်ပေါင်းများစွာ ရရှိခဲ့တဲ့အပြင် လူတော်တော်များများက ခွေးလေးကို သူ့ရဲ့သူရဲကောင်းဆန်တဲ့ လုပ်ရပ်နဲ့ သနားစရာကောင်းတဲ့ကြောင်လေးအပေါ် သူ့ရဲ့သည်းခံမှုကို ချီးကျူးခဲ့ကြပါတယ်။

Mia (Mckzone daily)

Be the first to comment on "ေရနစ္ေနတဲ့ေၾကာင္ေလးကို ကယ္တင္ေပးဖို႔အတြက္ ေရထဲခုန္ခ်ၿပီး ေက်ာကုန္းျဖင့္ ထမ္းပိုးေပးခဲ့သည့္ ရဲရင့္တဲ့ေခြးေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*