ဆံပင်အရောင် နှစ်ရောင်ဖြင့် မွေးဖွားလာပြီး ဆံပင်ခွဲကြောင်းပြောင်းခွဲခြင်းဖြင့် တစ်နေ့တစ်မျိုး အရောင်ချိန်းနိုင်တဲ့ ကလေးမလေး

အသက် ၁၁ နှစ်အရွယ် Bella အမည်ရှိကျောင်းသူလေးတစ်ဦးဟာ ရှားပါးမျိုးရိုးဗီဇ ‘မွေးရာပါအမှတ်အသား’ ကြောင့် မနက်တိုင်းမှာ သူမရဲ့ဆံပင်အား ရွှေရောင် သို့မဟုတ် အနက်ရောင်ဆံရှင်ဖြစ်လိုခြင်း ရှိ၊မရှိ ဆုံးဖြတ်နိုင်ပြီး ၎င်းဆံပင်အရောင်နှစ်ရောင်အား သူမရဲ့ ဝတ်စားဆင်ယင်မှုပေါ်မူတည်ပြီး ကြိုက်တဲ့အရောင်ကို ရွေးချယ်နိုင်ပါတယ်။ အမေရိကန် Lincoln မြို့မှ ၃၅ နှစ်အရွယ် မိခင်ဖြစ်သူ Jenny Hill ဟာ သမီး Bella ကို ရွှေရောင်ဆံပင်တစ်ဝက်နှင့် အနက်ရောင်ဆံပင်တစ်ဝက်ဖြင့် မွေးဖွားလာတဲ့အခါ အံ့အားသင့်သွားခဲ့ပါတယ်။ ထိုအချိန်မှစပြီး၊ လမ်းသွားလမ်းလာများက Bella ရဲ့ဆံပင်ပုံစံကို သဘောကျကြကာ ဆံပင်ဆေးဆိုးထားတာလား၊မဆိုးထားလားကို အဆက်မပြတ် စုံစမ်းမေးမြန်းလာခဲ့ကြပါတယ်။

.

Bella လေးမှာ သူမရဲ့ဘယ်ဘက်မျက်တောင်မွေးများ နက်နေချိန်မှာ ညာဘက်မျက်တောင်မွေးများက အရောင်ဖျော့နေတဲ့ အရောင်မျိုးစုံသော မျက်တောင်မွေးများလည်း ရှိနေပါသေးတယ်။ Bella ရဲ့ထူးခြားချက်ကတော့ မနက်ခင်းတိုင်းမှာ သူမရဲ့ဝတ်စုံပေါ်မူတည်ပြီး ၎င်းဆံပင်နှစ်ရောင်ကို ဆံပင်ခွဲကြောင်းပြောင်းခြင်းဖြင့် ရွေးချယ်နိုင်တာပါဘဲ။ မိခင်ဖြစ်သူကလည်း Bella လေးမွေးပြီး ခြောက်ပတ်အကြာမှာ သူမရဲ့မွေးရာပါဆံပင်က နှစ်ရောင်ဖြစ်နေပြီး မျက်တောင်မွေးများကလည်း တစ်ဖက်နဲ့တစ်ဖက်မတူနေတာကို အံ့ဩတကြီးသိခဲ့ရကြောင်း ဆိုခဲ့ပါတယ်။ Bella ရဲ့ဆံပင်ဟာ နွေရာသီဆို အနက်ရောင်က ဆေးချွတ်ထားသလို ရွှေရောင်လို ဖျော့တော့လာတတ်ပါတယ်။

.

သူမအတွက် အတည်တကျစတိုင်ဆိုရင် ဆံပင်က ရွှေရောင်ဖြစ်ပေမဲ့လည်း သူမသာ ခွဲကြောင့်ပြောင်းလိုက်ရင် အနက်ရောင်ဆံပင်များ ပေါ်လာပါတယ်။ ကလေးဘဝတုန်းက Bella ရဲ့ မွေးရာပါ အမှတ်အသားကို မြင်ခဲ့ရပေမယ့် ဆရာဝန်တွေက ဘာမှ စိုးရိမ်စရာမရှိဘူးလို့ဆိုခဲ့ကြပါတယ်။ ထို့ကြောင့် အခြားသားသမီးများက အမွေဆက်ခံခြင်းမရှိတဲ့အတွက် Bella ရဲ့ရှားပါးသောအင်္ဂါရပ်ဟာ Poliosis ရောဂါကြောင့်ဖြစ်ရခြင်းဖြစ်ကြောင့် ကလေးသုံးယောက်မိခင် Jenny က သံသယရှိနေခဲ့ပါတယ်။

.

.

Bella ရဲ့၎င်းထူးခြားချက်က သူစိမ်းများအား ဆံပင်အရောင်ဆိုးထားခြင်းရှိမရှိ မေးလာစေတဲ့အတွက် လူအများရဲ့အာရုံစိုက်မှုကို ရရှိစေကြောင်း Jenny က ဆိုခဲ့ပါတယ်။ ထို့ပြင် Jenny ဟာ Bella လေးအား ကိုယ်ဝန်ဆောင်ချိန်က ဆံပင်ညှပ်ဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အတွက်ကြောင့် အချို့ကလည်း အလုပ်မှာသုံးတဲ့အရောင်ချွတ်ဆေးများကြောင့်လို့ အရွှန်းဖောက်ခဲ့ကြပါတယ်။ Poliosis ရောဂါဟာ ခန္ဓာကိုယ်တစ်ကိုယ်လုံးအနှံ့က အမွေးအမျှင်တွေကို ထိခိုက်စေနိုင်ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရတဲ့အတွက်ကြောင့် Bella လေးဟာ သူမရဲ့စိတ်ဝင်စားစရာ တမူထူးခြားချက်လေးကို စိတ်ပူစရာမလိုပါဘူး။

Mia (Mckzone daily)

Reference : dailymail

Be the first to comment on "ဆံပင်အရောင် နှစ်ရောင်ဖြင့် မွေးဖွားလာပြီး ဆံပင်ခွဲကြောင်းပြောင်းခွဲခြင်းဖြင့် တစ်နေ့တစ်မျိုး အရောင်ချိန်းနိုင်တဲ့ ကလေးမလေး"

Leave a comment

Your email address will not be published.


*