နှစ်တွေကြာလာပြီး နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူအတော်များများဟာ ထာဝရပျောက်ကွယ်သွားတယ်လို့ ထင်ရတဲ့ အတိတ်ရဲ့အစိတ်အပိုင်းများကို ပြန်လည်ရှာဖွေတွေ့ရှိလာကြပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့အစောပိုင်းဘိုးဘေးဘီဘင်များကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ၎င်းတို့ရဲ့နေထိုင်ခဲ့ပုံအကြောင်း အချက်အလက် အနည်းငယ်ကို သိရှိလာကြရပါတယ်။ ၎င်းကလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ လေ့လာမှုနယ်ပယ်တစ်ခုဖြစ်လာပြီး ကျွန်တော်တို့သင်ယူနိုင်သည့်အရာများစွာရှိနေပါတယ်။ ထိုနည်းတူဘဲ Scotland နိုင်ငံရှိ ပျောက်ဆုံးနေတဲ့မြို့တစ်မြို့ဖြစ်တဲ့ Skara Brae ခေါ် လျှို့ဝှက်မြို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
.
.
.
ထိုနေရာက အံ့သြဖွယ်သမိုင်းကြောင်းများ နှင့် ပြည့်နှက်နေပြီး 1850 ခုနှစ်ရှိ လယ်သမားတစ်ဦးက Orkney ကျွန်းပေါ်ရှိ ကျောက်တုံးကိုရွှေ့ပြောင်းနေရင်းကနေ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါလယ်သမားက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ မြင်တွေ့နေရတာကို မယုံနိုင်ခဲ့ကြောင်းနှင့် နောက်ထပ် အနည်းငယ် စူးစမ်းလေ့လာလိုက်တော့ ၎င်းက သေချာပေါက် လျှို့ဝှက်မြို့တစ်မြို့ဖြစ်နေတာကို သိလိုက်ရတယ်လို့ ဆိုထားခဲ့ပါတယ်။ ၎င်းနေရာရဲ့အခြေချနေထိုင်တဲ့ မြို့အမည်မှာ Skara Brae ဖြစ်ပြီး၊ ထိုနေရာက သေချာပေါက် ရှေးကျလွန်းနေပြီး သုတေသီများက အတိအကျအရ ပိရမစ်ကြီးထက်ကြာတဲ့ နှစ်ပေါင်း ၅,၀၀၀ ခန့် သက်တမ်းရှိကြောင်း ယူဆထားကြပါတယ်။
.
.
.
တစ်မြို့လုံးကို သဲသောင်များဖြင့် ဖုံးလွှမ်းထားတဲ့အတွက်ကြောင့် ယင်းမြို့တော်ကို အထူးကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ လေ့လာသူများကတော့ ဒါဟာ ဂရိတ်ဗြိတိန်မှာ ရှေးအကျဆုံး အခြေချနေထိုင်မှုတွေထဲက တစ်ခုလို့ ယုံကြည်ကြပါတယ်။ ကောင်းစွာထိန်းသိမ်းထားခဲ့ပေမဲ့လည်း အခြေချနေထိုင်မှု တစ်စိတ်တစ်ပိုင်းအချို့ ပျက်စီးနေခဲ့ပြီး လက်ရှိမှာ အိမ်ခြေ ၈ လုံးခန့်သာ ကျန်သလို ၎င်းနေရာမှာ လူ ၅၀ မှ ၁၀၀ အထိ နေထိုင်ခဲ့နိုင်ပုံရကြောင်း သုတေသီများက ယူဆထားကြပါတယ်။ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ အိမ်များအားလုံးမှာ ၎င်းတို့ကို ချိတ်ဆက်ပေးသည့် ဥမင်လိုဏ်ခေါင်းစနစ်တစ်ခုပါ ရှိပါတယ်။
.
.
.
သို့ပေမဲ့ လျှို့ဝှက်ရေးအတွက် ကြီးမားတဲ့ ကျောက်တံခါးများကို အသုံးပြု၍ ဥမင်လှိုဏ်ခေါင်းများကို ပိတ်ထားနိုင်ပါတယ်။ တဲအိမ်တစ်လုံးစီမှာ အိပ်စရာနေရာများစွာပါရှိပြီး ကျန်တစ်လုံးက အရွယ်အစားက ပိုကြီးပါတယ်။ ထိုအရွယ်အစားပိုကြီးတဲ့အိမ်က အကြီးအကဲများအတွက် ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ ထိုတဲအိမ်များထဲမှာ အတွင်းရှိ ရေစိုခံ သိုလှောင်ပုံးပါရှိခြင်းကြောင့် ရွာသားများက ၎င်းတို့ရဲ့အိမ်မှာ ငါးများထားရှိနိုင်တဲ့သီအိုရီအရ ၎င်းတို့ရဲ့အဓိကအစားအစာမှာ ငါးများ ပါဝင်ကြောင်း သိရှိရပါတယ်။
.
.

Skara Brae
၎င်းနေရာက လုံးဝမယုံနိုင်စရာပါဘဲ။ ရှေးခေတ်လူသားများက ၎င်းတို့ရဲ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နေထိုင်ပုံအကြောင်း နှင့် အခြားလေ့လာစရာများစွာရှိတဲ့အတွက်လည်း ထိုနေရာကို သမိုင်းပညာရှင်များစွာက ကမ်းလှမ်းထားကြပါတယ်။ ကျောက်တုံးရွှေ့ရင်းတွေ့ခဲ့တဲ့ လယ်သမားကတော့ သမိုင်းမှာ ရှေးအကျဆုံး ယဉ်ကျေးမှုတွေ့ရှိမှုတွေထဲက တစ်ခုအတွက် တာဝန်ရှိတယ်လို့တွေးရင်း ကျေနပ်နေမှာ အသေအချာပါဘဲ။ ၎င်းနေရာကို မည်မျှ ကောင်းစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်မှာ အံ့မခန်းပါဘဲလေ။
Mia (Mckzone daily)
Reference : buzznicked
Be the first to comment on "လွန်ခဲ့တဲ့ သမိုင်းမတင်မီ နှစ်ပေါင်း ၅,၀၀၀ ခန့်က ကျောက်တုံးများဖြင့် ဖွဲ့စည်းဆောက်လုပ်ထားသည့် စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်တုံးရွာတစ်ရွာ"