ဟင်းမျိုး၂၀ကို တစ်ယောက်တည်း ကျွမ်းကျင်စွာ ချက်ပြုတ်နိုင်ခဲ့လို့ မိခင်ဖြစ်သူ အလွန်သဘောကျခဲ့ရတဲ့ ၁၃ နှစ်အရွယ် ကျောင်းသားလေး




JRose (Mckzone daily)

Reference : khaosod

Unicode

သတင်းများအရ တရုတ်နိုင်ငံအရှေ့ဘက် ဇီကျန်းပြည်နယ်မှ Huang Yuteng အမည်ရှိ စားဖိုမှူးလေးဟာ အသက် ၁၃ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသားဖြစ်ပါတယ် ။ တရုတ်ပွဲတော်အတွက် ချက်ပြုတ်ရန် ကောင်လေးက သူ့ရဲ့လက်ရာနဲ့ ဟင်းမျိုး ၂၀ ကို တစ်ယောက်တည်းချက်ပြုတ်ခဲ့ပြီး အမေကို အရမ်းသဘောကျစေခဲ့ပါတယ် ။

မိခင်က သားဖြစ်သူ ချက်ပြုတ်ရတဲ့ အကြောင်းရင်းဟာ စားသောက်ဆိုင်ဖွင့်ထားတာကြောင့် စာသင်ကျောင်းပိတ်ရက်မှာ သူမရဲ့သားက စားသောက်ဆိုင်ကို အမြဲလာပြီး ချက်ပြုတ်လေ့ရှိပါတယ် ။ Huang ဟာ တတိယတန်းကတည်းက အမေကို အလုပ်မလုပ်စေချင်တာကြောင့် ဟင်းချက်သင်တန်းကို တက်ခဲ့ပါတယ် ။

ဒါကြောင့် မိခင်က သားဖြစ်သူကို ထမင်းဟင်းချက်ခိုင်းတဲ့အခါ စိုးရိမ်စရာမလိုတော့ဘဲ စိတ်ချနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အစပိုင်းမှာ မိသားစုဝင်များနဲ့ ဆွေမျိုးများက ကလေးကို ထမင်းချက်ခွင့်ပေးတဲ့ မိခင်ကို သဘောမတူခဲ့ကြပါဘူး ။ ဒါပေမဲ့ သူတို့က ကောင်လေးရဲ့လက်ရာကို မြင်ပြီး ယောက်ျားလေးတွေ လုပ်ထားတဲ့ အစားအစာကို မြည်းစမ်းကြည့်တဲ့အခါ ချက်ချင်းပဲ လက်ခံပြီး ဂုဏ်ယူကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဟင်းမျိုး၂၀ကို တစ်ယောက်တည်း ကျွမ်းကျင်စွာ ချက်ပြုတ်နိုင်ခဲ့လို့ မိခင်ဖြစ်သူ အလွန်သဘောကျခဲ့ရတဲ့ ၁၃ နှစ်အရွယ် ကျောင်းသားလေး"

Leave a comment

Your email address will not be published.


*