ဈေးဝယ် App တစ်ခုမှ တီဗီကိုမှာယူပြီး ကလေးကစားစရာအရုပ်ကဲ့သို့ သေးငယ်တဲ့တီဗီကို လက်ခံရရှိခဲ့တဲ့ အမျိုးသား
.
.
.
JRose (Mckzone daily)
Reference : thesmartlocal
Unicode
လက်ရှိအခြေအနေအရ၊ ရောင်းချသူအများအပြားက ၎င်းတို့ရဲ့ ၀င်ငွေကို မြှင့်တင်ရန်အတွက် အွန်လိုင်းပလပ်ဖောင်းများပေါ်သို့ ရောင်းချရန် ဆုံးဖြတ်ခဲ့ကြပါတယ် ။ အွန်လိုင်းဈေးဝယ်စတိုးများ ရေပန်းစားလာတာနဲ့အမျှ မတော်တဆမှုများလည်း မြင့်တက်လာခဲ့ပါတယ် ။ ဒါပေမဲ့ အွန်လိုင်းစတိုးတဲ့ မှာယူတဲ့အခါ လုံးဝကွဲပြားတဲ့ ထုတ်ကုန်များကို လက်ခံရရှိတဲ့ ဖောက်သည်များလည်းရှိပါတယ် ။ အခုက အွန်လိုင်းမှ တီဗီတစ်လုံးဝယ်သော်လည်း သေးငယ်တဲ့ ရုပ်မြင်သံကြားအရုပ်ကို လက်ခံရရှိခဲ့တဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့အဖြစ်ကို ဝေမျှလာခဲ့ပါတယ် ။
TikToker က အဆိုပါ ဗီဒီယိုဖိုင်ကို ဖခင်ဖြစ်သူက လက်ခံရရှိထားတဲ့ TV ဖြစ်ပြီး ရယ်ရမလား ငိုရမှန်းတောင် မသိဘူးလို့ ရယ်မောစရာ စာတန်းနဲ့ တင်ခဲ့ပါတယ် ။ TVအစစ်အမှန်ကို လက်ခံရယူမည့်အစား ဖခင်ဖြစ်သူက အဝေးထိန်းခလုတ်ပါတဲ့ တီဗီအရုပ်သေးသေးလေးကို လက်ခံရရှိခဲ့တာပါ ။ မှတ်ချက်ကဏ္ဍရှိ TV ရဲ့စျေးနှုန်းအကြောင်းမေးတဲ့အခါ TikToker က ฿100 (~USD3) ဝန်းကျင် ပေးရကြောင်းဖြေပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ဈေးဝယ် App တစ်ခုမှ တီဗီကိုမှာယူပြီး ကလေးကစားစရာအရုပ်ကဲ့သို့ သေးငယ်တဲ့တီဗီကို လက်ခံရရှိခဲ့တဲ့ အမျိုးသား"
Leave a comment
Your email address will not be published.
*