ဂေါက်ရိုက်နေတုန်း အင်အား အလုံးအရင်းကြီးနဲ့ ရောက်ချလာတဲ့ ပွဲကြည့်ပရိတ်သတ်တစ်စုကြောင့် ထိတ်လန့်သွားခဲ့ရတဲ့ အမျိုးသမီးဂေါက်ရိုက်သမား (ရုပ်သံ)

Wendy Powick အမည်ရှိ အပျော်တမ်းအမျိုးသမီးဂေါက်ရိုက်သမားတစ်ဦးက ဩစတေးလျနိုင်ငံ Gold Coast ရှိ Arundel Hills Country Club မှာ သူမ ဂေါက်သီးရိုက်ရန် ပြင်ဆင်နေချိန် သားပိုက်ကောင်အလုံးအရင်းက အဝေးမှ သူမဆီ အစုလိုက်ပြေးလာခဲ့သည့် သူမကြုံတွေ့ခဲ့တဲ့ ထူးခြားဖြစ်စဉ် ဗီဒီယိုတစ်ခုကို သူမ Instagram မှာ မျှဝေခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်မှာ မစ္စ Powick က ဂေါက်ရိုက်ရန် အဝေးကိုကြည့်ပြီး ပြင်ဆင်နေစဉ် သားပိုက်ကောင်အလုံးအရင်းတစ်စုက အဝေးတစ်နေရာမှပြေးထွက်လာပြီး မစ္စ Powick အနီးနားရောက်ခါနီးမှ ရပ်တန့်လိုက်တာကို ပြသထားပါတယ်။ ထို့နောက် မစ္စ Powick က သူမကစားတာကိုရပ်လိုက်ချိန် ပြေးနေတဲ့သားပိုက်ကောင်များက ဂေါက်ကွင်းအဝေးလမ်းမအနီးမှာ ခေတ္တရပ်သွားတော့ သူမလည်း အံဩသင့်သွားခဲ့ပါတယ်။

.

ထိုဗီဒီယိုထဲမှာ ဗီဒီယိုရိုက်နေတဲ့ အမျိုးသားက “ ဒီနေ့ဂေါက်ရိုက်ရတာ ဘယ်လိုလဲ။ သူတို့အားလုံး လမ်းလယ်ခေါင်မှာ အခြေချဖို့ ဆုံးဖြတ်ခဲ့ပုံရတယ် ” လို့ ပြောနေခဲ့ပါတယ်။ သားပိုက်ကောင်အချို့က ဂေါက်ကွင်းတစ်ဝိုက်မှာ ခုန်ပေါက်နေကြစဉ်မှာ အချို့ကတော့ သူမဂေါက်ရိုက်မှာကိုကြည့်ရှုဖို့ ရပ်တန့်သွားခဲ့ကြပါတယ်။ Powick က ကင်မရာအား လှည့်ကြည့်ရင်း ထိုအဖြစ်အပျက်ကို စိတ်ရှုပ်သွားသလိုနဲ့ “ သူတို့က ကျွန်မဂေါက်သီးရိုက်တာကို ကြည့်ဖို့လာနေကြတာဘဲ ” လို့ ရယ်ရယ်မောမောပြောဆိုခဲ့ပါတယ်။ ထို့နောက် သားပိုက်ကောင်အဖွဲ့ရဲ့ ရုတ်တရက်လူစုခွဲမှုကြောင့် အနည်းငယ်စိတ်ရှုပ်နေသေးပေမဲ့လည်း မစ္စ Powick က ” ဘာတွေဖြစ်နေတာလဲ?” လို့ ဆိုခဲ့ပါတယ်။

.

Powick ဟာ ဂေါက်ကွင်းရှိ သားပိုက်ကောင်များ စက္ကန့်ပိုင်းအတွင်း အခြားနေရာတစ်ခုဆီသို့ ထွက်ခွာသွားသည့်တိုင် သားပိုက်ကောင်တစ်ကောင်ချင်းစီကို လိုက်ကြည့်နေရင်းနဲ့ အံ့ဩမဆုံး ဖြစ်နေခဲ့ရပါတယ်။ ထို့နောက်မှာ Powick က သားပိုက်ကောင်များ အကုန်ထွက်သွားသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ သူမရဲ့ဂိမ်းကို ပြန်လည်စတင်ခဲ့ပါတယ်။ ၎င်းအံ့အားသင့်ဖွယ် အဖြစ်အပျက်ဗီဒီယိုကို အွန်လိုင်းမှာ တင်ပြီးနောက် ထောင်နှင့်ချီတဲ့တုံ့ပြန်မှုများ နှင့် မှတ်ချက်များစွာရရှိခဲ့ပါတယ်။

.

” အဲ့ဒါလေးတွေက မင်းရဲ့ပရိသတ်တွေဘဲ !” ၊ “ ဂေါက်ရိုက်နေရင်း သားပိုက်ကောင်အုပ်ကြီး လှိမ့်ဝင်လာရင် တွန်းလှန်ဖို့ ဖိအားမရှိတော့ဘူး” ၊ “ ငါသာဆို သူတို့ကို အနိုင်ယူဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိမှာမဟုတ်ဘူး ”လို့ မှတ်ချက်များပေးခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "ဂေါက်ရိုက်နေတုန်း အင်အား အလုံးအရင်းကြီးနဲ့ ရောက်ချလာတဲ့ ပွဲကြည့်ပရိတ်သတ်တစ်စုကြောင့် ထိတ်လန့်သွားခဲ့ရတဲ့ အမျိုးသမီးဂေါက်ရိုက်သမား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*