ညီမလေးရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းစည်းပေးကာ နှစ်ယောက်သားပွေ့ဖက်ရင်း ငိုနေကြတဲ့ မောင်နှံမနှစ်ဦး




JRose (Mckzone daily)

Reference : goodtimes

Unicode

Fairfield County က Charlee အမည်ရှိ လှပတဲ့ 5 နှစ်အရွယ် မိန်းကလေးဟာ ပြီးခဲ့တဲ့ လမှာ မူကြိုကျောင်းမှ အောင်မြင်ခဲ့ပါတယ် ။ Charlee က သူမရဲ့မိခင် Aundrea Smith နဲ့ သူမ၏ဖခင်တို့နဲ့အတူ အထူးနေ့ကို တက်ရောက်ခဲ့ပါတယ် ။ Charlee က အခမ်းအနား ပြီးဆုံးချိန်မှာ စင်မြင့်မှ ဆင်းသွားကာ သူမရဲ့ (၈) နှစ်အရွယ် အစ်ကိုဖြစ်သူ Derek ထံ ချဉ်းကပ်လာခဲ့ပါတယ် ။

Derek က ညီဖြစ်သူ Charlee ပွေ့ဖက်ထားပြီး ‘ငါ မင်းအတွက် အရမ်းဂုဏ်ယူပါတယ်’ လို့ ပြောပြီး Charlee က မျက်ရည်ကျခဲ့ပါတယ် ။ အဆိုပါ သားနဲ့သမီးရဲ့ ကြည်နူးစရာ အခိုက်အတန့်ကို မိခင်ဖြစ်သူ Smith က ဗီဒီယိုနဲ့ ဖမ်းထားခဲ့ပါတယ် ။ Smith က သူမရဲ့ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြပြီး သူတို့ရဲ့ ဆက်ဆံရေးဟာ ဘယ်လောက်တောင် လှပကြောင်း ဗီဒီယိုက သက်သေပြခဲ့ပါတယ် ။

Smith က သူမရဲ့ Instagram မှာ တင်လိုက်ပြီး အဆိုပါဗီဒီယိုဟာ လူအများရဲ့နေ့ကို တောက်ပစေကာ ပျော်ရွှင်မှုကိုလည်း ယူဆောင်လာပေးသည့်အတွက် သူတို့လင်မယာ ပျော်ရွှင်နေကြပါတယ် ။ ဒါဟာ မောင်နှမကြားက ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာပါပဲ ။

JRose (Mckzone daily)

Be the first to comment on "ညီမလေးရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းစည်းပေးကာ နှစ်ယောက်သားပွေ့ဖက်ရင်း ငိုနေကြတဲ့ မောင်နှံမနှစ်ဦး"

Leave a comment

Your email address will not be published.


*