လွန်ခဲ့တဲ့ နှစ် ၃၀ က မူကြိုကျောင်းမှာ ချစ်ခဲ့ဖူးတဲ့ မိန်းကလေးနဲ့ အွန်လိုင်းပေါ်မှာပြန်ဆုံပြီး ချစ်ကြိုက်ခဲ့တဲ့ အမျိုးသား




Jasmine (Mckzone daily)

Reference : goodtimes

Unicode

အသက် ၃၃ နှစ်အရွယ် Justin Pounders အမည်ရှိ အမျိုးသားဟာ သူ့ဘဝရဲ့ အချစ်ဦးဖြစ်တဲ့ Amy Giberson နဲ့တွေ့မြင်ချင်း ချစ်မိသွားခဲ့တယ်လို့ ဆိုပါတယ် ။ Amy Giberson ဆိုတဲ့နာမည်က Justin မူကြိုတုန်းမှာ သဘောကျခဲ့ဖူးတဲ့ မိန်းကလေးရဲ့ နာမည်နဲ့တူနေတယ်လို့ Justin က ပြောပြီးခဲ့ပါတယ်။ ” အင်း၊ အဲဒါ ငါမဟုတ်ဘူး” လို့ Amy က သူ့ကို နောက်ပြောင်ခဲ့ပါသေးတယ် ။

ထိုအချိန်မှာ Amy နဲ့ Justin တို့က ဖလော်ရီဒါပြည်နယ်၊ စိန့်ပီတာစဘတ်ရှိ Sunshine မူကြိုကျောင်းမှာ အမှန်တကယ်ဆုံဖူးသလားဆိုကို သိဖို့ သူတို့စုံတွဲဟာ နောက်ပိုင်းမှာ သူတို့ရဲ့ ငယ်ဘဝဓာတ်ပုံတွေကို ရှာဖွေဖို့ မိဘတွေကို တောင်းဆိုခဲ့ကြပါတယ် ။ ထို့နောက်မှာ Justin ကို အရူးလုပ်ခဲ့တဲ့ မိန်းကလေးကတော့ Amy ဘဲ ဖြစ်ပါတယ် ။ သူတို့စုံတွဲရဲ့ အဆိုအရတော့ မူကြိုကျောင်းတက်စဉ်မှာ သူတို့နှစ်ယောက်အတူတူ ဆော့ကစားရင်း အချိန်များစွာ ကုန်ဆုံးခဲ့ပါတယ် ။

အသက် ၃ နှစ်အရွယ် Amy နဲ့ Justin တို့ဟာ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုက နောက်ဆယ်စုနှစ် ၃ ခုလောက်မှာ တစ်သက်တာဆက်ဆံရေးတစ်ခုအဖြစ် ပြောင်းလဲသွားမယ်ဆိုတာကို အနည်းငယ်မျှ မထင်ခဲ့ကြပါဘူး ။ ၎င်းတို့က တစ်ဦးနဲ့တစ်ဦး ငယ်စဉ်ကပင် ချစ်ခင်လာပြီးနောက် အနှစ် ၃၀ အကြာမှ ပြန်လည်ဆုံတွေ့ခဲ့ကြတာပါ ။

Jasmine (Mckzone daily)

Be the first to comment on "လွန်ခဲ့တဲ့ နှစ် ၃၀ က မူကြိုကျောင်းမှာ ချစ်ခဲ့ဖူးတဲ့ မိန်းကလေးနဲ့ အွန်လိုင်းပေါ်မှာပြန်ဆုံပြီး ချစ်ကြိုက်ခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*