JRose (Mckzone daily)
Reference : yan
Unicode
ယနေ့ခေတ်မှာ အိမ်မွေးတိရစ္ဆာန်များ စောင့်ရှောက်ခြင်းက ပိုပြီးရေပန်းစားလာပါတယ် ။ ခြေလေးချောင်းသူငယ်ချင်းများက အိမ်မွေးတိရစ္ဆာန်များသာမက မိသားစုရဲ့ အရေးပါတဲ့ သူငယ်ချင်းများလည်းဖြစ်ပါတယ် ။ ခေတ်သစ်ကို ကူးပြောင်းတဲ့ အတွက် အိမ်မွေးခွေးတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ပွဲကိုတောင် ကျင်းပကြပါတယ် ။
မကြာသေးမီက မက္ကဆီကိုနိုင်ငံမှ ခွေး Odin ရဲ့ ချစ်စဖွယ်အခိုက်အတန့်များအကြောင်း မျှဝေလာခဲ့ပါတယ် ။ ခွေးလေးက မထင်မှတ်ပဲ သူ့မွေးနေ့ကို ကျင်းပရတဲ့ ကောင်လေးရဲ့ ပုံရိပ်က လူတော်တော်များများ ရယ်မောစေခဲ့ပါတယ် ။
ပိုင်ရှင် Joyce Cetina က “လွန်ခဲ့တဲ့ 3 နှစ်က Odin ကို မွေးစားခဲ့တာပါ ။ Odin က အလွန်ချစ်စရာကောင်းပြီး သစ္စာရှိတဲ့ တိရစ္ဆာန်လေးမို့လို့ ကျွန်ုပ်တို့ Odin ကို အရမ်းချစ်တာကြောင့် သူ့အတွက် မွေးနေ့နှစ်တိုင်းကျင်းပပေးတယ်။” လို့ ဆိုပါတယ် ။ ပါတီပွဲကျင်းပပြီးချိန်မှာတော့ Odin က ဘာတွေဖြစ်နေတာလဲဆိုတာကို နားမလည်သေးတာကြောင့် သူ့ပတ်ဝန်းကျင်ကလူတွေကို ကြည့်လိုက်တော့ အရမ်းစိတ်ရှုပ်သွားပုံရပါတယ် ။
JRose (Mckzone daily)
Be the first to comment on "သခင်ထံမှ မွေးနေ့ပွဲ ကျင်းပခံလိုက်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးရဲ့ အပြုအမူက လူတွေရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့"