ရွည္လ်ားတဲ့ အၿမီးမ်ိဳးမဟုတ္ဘဲ ယုန္ကဲ့သို႔ တိုေတာင္းတဲ့ အၿမီးနဲ႔ ရွားပါးေၾကာင္မ်ိဳးစိတ္(႐ုပ္သံ)

Japanese Bobtail ေၾကာင္မ်ားဟာ ရွားပါးကားမ်ိဳးကြဲျဖစ္ၿပီး ထူးျခားခ်က္မွာ အျခားေၾကာင္မ်ားလို ရွည္လ်ားၿပီး လိုက္ေလ်ာညီေထြရွိတဲ့ အၿမီးအစား ယုန္ကဲ့သို႔ တိုေတာင္းတဲ့ အၿမီးပါရွိတယ္ ။ အဆိုပါပုံမွန္မဟုတ္ေသာ ေၾကာင္မ်ိဳးစိတ္က ဂ်ပန္ႏိုင္ငံကို ဘယ္အခ်ိန္က ေရာက္ရွိလာလဲဆိုတာကိုေတာ့ ဘယ္သူကမွ အတိအက် မသိႏိုင္ေသးပါဘူး ။ ဒါေပမဲ့ Bobtail ေၾကာင္မ်ားက ဂ်ပန္ယဥ္ေက်းမႈရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ႐ိုးရာအႏုပညာနဲ႔ ႐ိုးရာပုံျပင္မ်ားမွာ မၾကာခဏျပသခဲ့တာ ႏွစ္ရာေက်ာ္ရွိၿပီျဖစ္ပါတယ္ ။

ဂ်ပန္ Bobtail ေၾကာင္ရဲ႕ တိုေတာင္းတဲ့ အၿမီးက ႀကီးစိုးေသာ ဗီဇကို ေဖာ္ျပျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ သဘာဝ ဗီဇေျပာင္းလဲျခင္းရဲ႕ ရလဒ္ျဖစ္ပါတယ္ ။ အဆိုပါဗီဇေျပာင္းလဲမႈက အၿမီးရွည္ေၾကာင္မ်ားကဲ့သို႔ပင္ ေက်ာ႐ိုးေပါင္းစပ္ျခင္း အေရအတြက္ကို ေလ်ာ့နည္းေစၿပီး ေၾကာင္ရဲ႕အၿမီးက သုံးလက္မထက္မရွည္ေတာ့ပါဘူး ။ ဂ်ပန္ Bobtails မ်ားက ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ၿပီး လိုက္ေလ်ာညီေထြရွိတဲ့ အိမ္ေမြးတိရိစာၦန္မ်ား ျဖစ္ၾကပါတယ္ ။

သူတို႔ေလးေတြက လူမ်ားနဲ႔ဆက္ဆံရာမွာ ႏွစ္သက္ၾကၿပီး အျခားေၾကာင္မ်ိဳးစိတ္မ်ားထက္ မၾကာခဏဆိုသလို အသံထြက္ေလ့ရွိပါတယ္ ။ သူတို႔ဟာ ကစားရတာကို ႏွစ္သက္ၿပီး တျခားအိမ္ေမြးတိရစာၦန္ေတြနဲ႔ ေပါင္းသင္းဆက္ဆံတတ္ၾကပါေသးတယ္ ။ ဂ်ပန္ Bobtail ေမြးျမဴသူမ်ားက ယခု ဂ်ပန္ႏိုင္ငံျပင္ပမွာ ရွိေသာ္လည္း၊ အဆိုပါေၾကာင္က ရွားပါးတဲ့အျဖစ္ သတ္မွတ္ထားဆဲျဖစ္ၿပီး ရရွိပါက တာဝန္သိေမြးျမဴသူထံမွ ဝယ္ယူရန္ တစ္ခုလွ်င္ ေဒၚလာ 1,600 အထိ ရရွိႏိုင္ပါတယ္ ။

.

.

.

.

JRose (Mckzone daily)

Reference : odditycentral

Unicode

Japanese Bobtail ကြောင်များဟာ ရှားပါးကားမျိုးကွဲဖြစ်ပြီး ထူးခြားချက်မှာ အခြားကြောင်များလို ရှည်လျားပြီး လိုက်လျောညီထွေရှိတဲ့ အမြီးအစား ယုန်ကဲ့သို့ တိုတောင်းတဲ့ အမြီးပါရှိတယ် ။ အဆိုပါပုံမှန်မဟုတ်သော ကြောင်မျိုးစိတ်က ဂျပန်နိုင်ငံကို ဘယ်အချိန်က ရောက်ရှိလာလဲဆိုတာကိုတော့ ဘယ်သူကမှ အတိအကျ မသိနိုင်သေးပါဘူး ။ ဒါပေမဲ့ Bobtail ကြောင်များက ဂျပန်ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရိုးရာအနုပညာနဲ့ ရိုးရာပုံပြင်များမှာ မကြာခဏပြသခဲ့တာ နှစ်ရာကျော်ရှိပြီဖြစ်ပါတယ် ။

ဂျပန် Bobtail ကြောင်ရဲ့ တိုတောင်းတဲ့ အမြီးက ကြီးစိုးသော ဗီဇကို ဖော်ပြခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝ ဗီဇပြောင်းလဲခြင်းရဲ့ ရလဒ်ဖြစ်ပါတယ် ။ အဆိုပါဗီဇပြောင်းလဲမှုက အမြီးရှည်ကြောင်များကဲ့သို့ပင် ကျောရိုးပေါင်းစပ်ခြင်း အရေအတွက်ကို လျော့နည်းစေပြီး ကြောင်ရဲ့အမြီးက သုံးလက်မထက်မရှည်တော့ပါဘူး ။ ဂျပန် Bobtails များက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး လိုက်လျောညီထွေရှိတဲ့ အိမ်မွေးတိရိစ္ဆာန်များ ဖြစ်ကြပါတယ် ။

သူတို့လေးတွေက လူများနဲ့ဆက်ဆံရာမှာ နှစ်သက်ကြပြီး အခြားကြောင်မျိုးစိတ်များထက် မကြာခဏဆိုသလို အသံထွက်လေ့ရှိပါတယ် ။ သူတို့ဟာ ကစားရတာကို နှစ်သက်ပြီး တခြားအိမ်မွေးတိရစ္ဆာန်တွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ကြပါသေးတယ် ။ ဂျပန် Bobtail မွေးမြူသူများက ယခု ဂျပန်နိုင်ငံပြင်ပမှာ ရှိသော်လည်း၊ အဆိုပါကြောင်က ရှားပါးတဲ့အဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ရရှိပါက တာဝန်သိမွေးမြူသူထံမှ ဝယ်ယူရန် တစ်ခုလျှင် ဒေါ်လာ 1,600 အထိ ရရှိနိုင်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ရွည္လ်ားတဲ့ အၿမီးမ်ိဳးမဟုတ္ဘဲ ယုန္ကဲ့သို႔ တိုေတာင္းတဲ့ အၿမီးနဲ႔ ရွားပါးေၾကာင္မ်ိဳးစိတ္(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*