Jefferson Leaño Naraga အမည်ရှိဂျပန်ရောက် ပြည်ပအမျိုးသားလုပ်သားတစ်ဦးက ၎င်းရဲ့မွေးဇာတိဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ Laguna ပြည်နယ် Cabuyao မြို့ရှိ မုန်ဆိုင်ငယ်လေးတစ်ဆိုင်ဖွင့်ထားတဲ့ Julian အမည်ရှိ ဖခင်ဖြစ်သူနှင့် ပြန်လည်ဆုံဆည်းမှုမှာ ဖခင်ဖြစ်သူကို အံ့အားသင့်သွားအောင် ကြံဖန်ကြိုးစားခဲ့ပါတယ်။ ဗီဒီယိုထဲ၌ အိမ်သို့ပြန်ရောက်တဲ့နေ့မှာ Jefferson ဟာ မိသားစုရဲ့မုန့်ဆိုင်ငယ်လေးကနေ တစ်ခုခုဝယ်ဖို့ ဟန်ဆောင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း Jefferson ဝယ်ချင်တဲ့မုန့်ကို ပေးပြီးတဲ့အထိ သူ့သားမှန်း မသိနေခဲ့ပါဘူး။ သေချာတာကတော့ ဖခင်ဖြစ်သူက Jefferson မျက်နှာဖုံးမတပ်ထားရင် ၎င်းရဲ့အသံကြောင့် ချက်ခြင်း မှတ်မိသွားနိုင်ပါတယ်။
.
ဒါပေမယ့် ဖခင်ဖြစ်သူက သူ့သား အိမ်ပြန်လာဖို့ မမျှော်လင့်ထားခဲ့သလို မျက်နှာဖုံးတပ်ထားတဲ့ Jefferson ကလည်း ၎င်းရဲ့အသံကို နည်းနည်းပြောင်းထားခဲ့တဲ့အတွက်ကြောင့် သတိမထားမိပုံရပါတယ်။ ထို့ပြင် ဖခင်ဖြစ်သူက ဆိုင်အတွင်းထဲမှာရှိနေခဲ့တာကြောင့်လည်း ၎င်းတို့ဗီဒီယိုရိုက်ကူးနေတာကို သတိမထားမိခဲ့ပုံရပါတယ်။
.
ထို့နောက် Jefferson အား ဝယ်ယူတဲ့မုန့်ကို လှမ်းပေးလိုက်ပေမယ့် Jefferson က ဂျပန် ယန်းငွေသားဖြင့် ငွေပေးချေလိုက်တဲ့အခါမှာတော့ ဖခင်ဖြစ်သူက အံ့ဩသွားပြီး ဆိုင်ရဲ့တစ်ဖက်ခြမ်းမှာ သူ့သားဖြစ်နေကြောင်း ချက်ချင်းသိလိုက်ရတော့မှဘဲ ၊ မတွေ့ရတာကြာပြီဖြစ်တဲ့သားဖြစ်သူကို တင်းကျပ်စွာ ပွေ့ဖက်ဖို့ ဆိုင်အပြင်ဘက်သို့ အမြန်ပြေးထွက်လာခဲ့ပါတော့တယ်။
.
ဒါက ၎င်းတို့သားအဖအတွက် ချိုမြိန်တဲ့ ပြန်လည်ဆုံစည်းမှုပါဘဲ။ အဝေးကနေပွေ့ဖက်ပေးရုံမဟုတ်ဘဲ ကိုယ်ချစ်ရတဲ့သူများကို စစ်မှန်တဲ့ ပွေ့ဖက်မှုပေးခြင်းထက် ပိုကောင်းတာ ဘာမှမရှိတော့တာ အမှန်ဘဲ မဟုတ်လားဗျာ။
Jefferson က သူ့ဖခင်အား သူ့အိမ်ပြန်ခရီးကို လျှို့ဝှက်ထားခဲ့တဲ့အပြင် အခြားမိသားစုဝင်များကလည်း ချစ်စရာကောင်းတဲ့ ၎င်းတို့သားအဖရဲ့ကြည်နူးဖွယ်အခိုက်အတန့်များကို အလိုတသိ လျှို့ဝှက်စွာ ရိုက်ကူးထားပေးခဲ့ကြတာပါဘဲ။
Mia (Mckzone daily)
Reference : ofwtambayan
Be the first to comment on "အိမ်ပြန်လာတာကိုအသိမပေးဘဲ တစ်ခုခုဝယ်သလို ဟန်ဆောင်ပြီး ဆိုင်စောင့်နေတဲ့ဖခင်အား အံ့ဩစိတ်လှုပ်ရှားသွားအောင်လုပ်ခဲ့တဲ့ ပြည်ပလုပ်သားတစ်ဦး (ရုပ်သံ)"