သြစတြေးလျနိုင်ငံရှိ ကမ်းခြေတစ်ခုတွင် လျှို့ဝှက်ဆန်းကြယ်သော ဦးနှောက်နှင့်တူသည့် သတ္တဝါတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၎င်းအား wandering sea anemone လို့ခေါ်တဲ့ပင်လယ်သတ္တဝါအဖြစ် သတ်မှတ်ခြင်းမခံရခင်အထိ ဒေသခံများအတွက် အံ့ဩစရာဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က Sydney မြို့၏ မြောက်ဘက်ကမ်းခြေရှိ Warriewood ကမ်းခြေတွင် လမ်းလျှောက်ထွက်နေစဉ် ၎င်းထူးခြားသော အနီရောင်နှင့် အစိမ်းရောင် သတ္တဝါကို အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး ထူးထူးဆန်းဆန်း ဦးနှောက်ပုံသဏ္ဍာန်တူတဲ့အကောင်တစ်ကောင်ကို တွေ့လိုက်ပြီးနောက်မှာ ၊ အဆိုပါအမျိုးသမီးဟာ တစ်စုံတစ်ဦးက ဖော်ထုတ်နိုင်မည်လို့မျှော်လင့်ပြီး Facebook ပေါ် ၎င်းသတ္တဝါရဲ့ဓာတ်ပုံတစ်ပုံကိုတင်ကာ မေးမြန်းခဲ့ပါတယ်။
.
တက်သစ်စ တောရိုင်းတိရိစ္ဆာန် ပညာရှင်များက ကျောက်ကပ် သို့မဟုတ် ပဲနီစေ့များနဲ့တူတဲ့လို့ခေါ်ကြတဲ့အချိန် အချို့က ဦးနှောက်နဲ့တူတယ်လို့ဆိုကြတဲ့ ၎င်းသတ္တဝါအပေါ် ၎င်းတို့ရဲ့ အတွေးအမြင်များကို အမြန်မျှဝေခဲ့ကြပါတယ်။ နောက်ဆုံးမှာ မှတ်ချက်ပေးသူတစ်ဦးက လျှို့ဝှက်ဆန်းကြယ်သော ၎င်းသတ္တဝါကို ‘swimming anemone’ သို့မဟုတ် ‘brain anemone’ ဟုခေါ်တဲ့ ‘wandering sea anemone’ အဖြစ် အသိအမှတ်ပြုပေးခဲ့ပါတယ်။
.
အဆိုပါ မျိုးစိတ်ဟာ anemone မျိုးစိတ်၏ အကြီးဆုံး မျိုးစိတ်ဖြစ်ပြီး ၎င်း၏ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မှုကြောင့် Sydney မြို့တစ်ဝှမ်းရှိ ကျောက်ဆောင်များတွင် တွေ့ရလေ့ရှိပါတယ်။ Wandering sea anemone ဟာ ပင်လယ်ကြမ်းပြင်တစ်လျှောက် တွားသွားတတ်သလို ဒါမှမဟုတ် ရေစီးကြောင်းနှင့်အတူ စီးမျောနိုင်ပေမဲ့လည်း ကျောက်ဆောင် သို့မဟုတ် ရေညှိများနှင့် တွဲလျက်တွေ့ရှိရနိုင်ချေများပါတယ်။ ၎င်းသတ္တဝါဟာ အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အပြာရောင် သို့မဟုတ် အစင်းကြောင်းများပင် ဖြစ်နိုင်ပြီး ၊အခြားမျိုးစိတ်များနဲ့နှိုင်းယှဉ်ရင်တော့ လျင်မြန်တဲ့ သားကောင်ဖြစ်သလို ၎င်းတို့ဟာ ဩစတေးလျရေပြင်၊ အနောက်သြစတြေးလျမှ နယူးဆောက်ဝေးလ်အထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါတယ်။
.
၎င်းတို့ဟာ အရှည် 25 စင်တီမီတာ (10 လက်မ) ရှိသည့် ကော်လံတစ်ခုနှင့် အချင်း 15 စင်တီမီတာ (6 လက်မ) အထိ ကြီးထွားနိုင်ပြီး ညအချိန်မှာ အတက်ကြွဆုံးဖြစ်ပါတယ်။ သန္တာကျောက်တန်းများဆီသို့ လုံခြုံစွာ နေရာချလိုသော အခြားသော anemones များနှင့် မတူဘဲ၊ ဤ anemone မျိုးစိတ်ဟာ ရေအောက်မှ ပိုးမွှားများကဲ့သို့ သမုဒ္ဒရာကို လှည့်ပတ်နေတတ်ပါတယ်။
Mia (Mckzone daily)
Reference : dailymail
Be the first to comment on "အစိမ်းရောင်အစက်အပြောက်များနှင့် အနီရောင်ဦးနှောက်နှင့်တူသည့် ထူးထူးဆန်းဆန်းသတ္တဝါကြောင့် စိုးရိမ်ထိတ်လန့်နေခဲ့ကြတဲ့ ဒေသခံများ"