လုံးထွေးနေတဲ့အမွေးအမျှင်လုံးတွေကို ရိတ်လိုက်ပြီးနောက် ကိုယ်လေးချိန် ၂ ပေါင်အထိ လျော့ကျသွားခဲ့တဲ့ လျစ်လျူရှုခံထားရသည့် ကြောင်တစ်ကောင်



Mia (Mckzone daily)

Reference : aubtu

Unicode

လူတိုင်းမှာ တစ်နေ့မဟုတ်တစ်နေ့ အလွန်ရှုပ်ထွေးနေတဲ့ ဆံပင်များရှိနေနိုင်သလို Hidey အမည်ရှိ​ကြောင်လေးတစ်ကောင်မှာလည်း ကံမကောင်းစွာနဲ့ပဲ နှစ်နဲ့ချီကြာတဲ့ အလွန်ဆိုးရွားတဲ့ကြောင်အမွေးအမျှင်များက ၎င်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေခဲ့ပါတယ်။ အမေရိကန် Pennsylvania ပြည်နယ်ရှိ Pittsburgh မြို့မှာ ထိုဆိုးရွားတဲ့အမွေးများဖြင့် လူအများရဲ့လျစ်လျူရှုမှုကိုခံထားရတဲ့ ကြောင်လေး Hidey ကို ကယ်ဆယ်နိုင်ခဲ့တာဘဲဖြစ်ပါတယ်။ Hidey လေးရဲ့လုံးထွေးနေတဲ့အမွေးအမျှင်များက 6 လက်မ မှ 8 လက်မခန့်ရှည်ပြီး Hidey ရဲ့၎င်းသပွတ်အူ အမွေးအမျှင်များက မစင်များ နှင့်လည်း ရောထွေးနေခဲ့ပါတယ်။ မြေအောက်ခန်းတစ်နေရာမှာပုန်းနေတဲ့ Hidey လေးကိုတွေ့ရှိပြီးနောက်မှာ ၊သူမအား Animal Rescue League and Wildlife Shelter သို့ ခေါ်ဆောင်သွားခဲ့ကြပြီးနောက် Hidey လေးရဲ့ကြောက်စရာအမွှေးအမျှင်များ အားလုံးကို ဖယ်ရှားဖို့ နာရီပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။

ယခုအခါ Hidey လေးက လုံးထွေးနေတဲ့အမွေးအမျှင်များ နှင့် ကျစ်ဆံချောင်းများကဲ့သို့ အချောင်းလိုက်ကျနေတဲ့ အမွေးအမျှင်များလည်း ကင်းစင်နေပြီဖြစ်တဲ့အတွက်ကြောင့် Hidey လေးလည်း အလွန်နေထိုင်လို့ ကောင်းနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ Hidey လေးကို ယခင်ပိုင်ရှင်ရဲ့ ဆွေမျိုးက ပြုစုစောင့်ရှောက်ပေးမည်ဖြစ်ပြီး နောက်ဆုံးမှာ Hidey လေးလည်း ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ရရှိတော့မည်ဖြစ်ပါတယ်။

Mia (Mckzone daily)

Be the first to comment on "လုံးထွေးနေတဲ့အမွေးအမျှင်လုံးတွေကို ရိတ်လိုက်ပြီးနောက် ကိုယ်လေးချိန် ၂ ပေါင်အထိ လျော့ကျသွားခဲ့တဲ့ လျစ်လျူရှုခံထားရသည့် ကြောင်တစ်ကောင်"

Leave a comment

Your email address will not be published.


*