ဖိလစ်ပိုင်နိုင်ငံမှာ ကျောင်းဆရာမဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ Shirley Alah အမည်အမျိုးသမီးတစ်ဦးဟာ ယခုအခါ ကနေဒါနိုင်ငံရှိ တင့်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဂဟေဆော်သူအဖြစ် လုပ်ကိုင်ရသည့်အတွက် ဂုဏ်ယူမိကြောင်းကို ပြောကြားခဲ့ပါတယ်။ Shirley က ယခင်က ကံမကောင်းစွာဘဲ သူမရဲ့လည်ချောင်းက ပိုးဝင်ခဲ့ပြီးနောက် စကားပြောစွမ်းရည်ကို ထိခိုက်ခဲ့တာပါ။ ဒါ့ကြောင့်လည်း Shirley က သူမရဲ့ကျောင်းဆရာမအလုပ်မှာ အခက်အခဲရှိသွားပြီး သူမ အဆင်ပြေပြေနဲ့ အခြားအတတ်ပညာသင်ယူနိုင်မယ့်နည်းလမ်းများကို တွေးတောနေခဲ့ပါတယ်။ ဒါပေမဲ့ သူမ သြစတြေးလျသို့ သွားရောက်လည်ပတ်တဲ့အခါမှာ Shirley က အဲဒီက ဂဟေဆော်လုပ်သားတစ်ဦးကိုတွေ့ခဲ့ပြီးနောက် သူမ စကားပြောစရာမလိုဘဲ သရုပ်ပြပြီး အသက်မွေးနိုင်မဲ့အလုပ်ကို တွေ့ရှိသွားခဲ့ပါတယ်။
.
ထို့နောက်ပိုင်းမှာ Shirley က TESDA (Technical Education and Skills Development Authority) Women’s Center မှာ နည်းပြဆရာမဖြစ်လာသည့်အထိ ဂဟေဆော်သင်တန်းများကို တက်ရောက်ရင်းကနေ 2017 ခုနှစ်မှာ Shirley က ကနေဒါသို့ ပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ Shirley က သူမ အရည်အချင်းပြည့်မီပေမဲ့လည်း အလုပ်ရှာရန် ခက်ခဲကြောင်း သူမ ထိုနေရာသို့ရောက်တဲ့အခါမှ သူမသိလိုက်ရကြောင်း ဆိုထားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူမက နောက်ဆုံးမှာ သန့်ရှင်းရေးသမားအဖြစ်သာ အလုပ်စဝင်လုပ်နိုင်ခဲ့ပါတယ်။ သို့ပေမဲ့ Shirley က သူမရဲ့အထောက်အထားများကိုအသုံးပြုဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဂဟေဆော်သူဖြစ်ရန် လေ့ကျင့်လိုဆဲဖြစ်တဲ့အတွက်ကြောင့် ၊သူမက ကနေဒါရှိ စက်မှုလေ့ကျင့်ရေးအာဏာပိုင် (သို့) ITA သို့အကူအညီတောင်းခံခဲ့ပါတယ်။
.
၎င်းကလည်း သူမရဲ့အထောက်အထားများကို နောက်ဆုံးမှာ အသိအမှတ်ပြုခဲ့ပြီး သူမအား အမျိုးသမီးများအတွက် ကုန်သွယ်မှုဆိုင်ရာ British Columbia (BC) သို့ ပြောင်းရွှေ့ရန် လမ်းခင်းပေးခဲ့တဲ့အတွက် အသံအားမကောင်းတော့တဲ့ Shirley က သူမရဲ့ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ပါတယ်။ ထို့ပြင် အခြားသူများကို လှုံ့ဆော်ခြင်း နှင့် နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်လိုသူများအတွက် Shirley ရဲ့အကောင်းဆုံးအကြံဉာဏ်က ” လေ့လာဖို့အကောင်းဆုံးနည်းလမ်းက မေးခွန်းတွေမေးမြန်းခြင်းပါဘဲ ” လို့ ဆိုထားခဲ့ပါတယ်။
.
” ကျွန်မတို့ အဲ့အလုပ်တစ်ခုကိုတကယ်ကြိုက်တယ်ဆိုရင် အဲဒါက သာမန်လူတွေ ထင်မြင်လေ့ရှိတဲ့ ယောက်ျားတွေရဲ့အလုပ်တစ်ခုဖြစ်နေခဲ့မယ်ဆိုရင်တောင် အဲ့အလုပ်ကိုစမ်းကြည့်လိုက်တာက အမှားအယွင်းမရှိနိုင်ဘူး ” လို့လည်း Shirley က ပြောခဲ့ပြီး ကျွန်တော်တို့ရဲ့အောင်မြင်မှုအတွက် အတားအဆီးများကို ချိုးဖျက်ရန် မကြောက်သင့်ကြောင်းလည်း Shirley မှ ရှင်းပြခဲ့ပါတယ်။ ထို့ပြင် Shirley ဟာ နောက်ပိုင်းမှာ ဂဟေဆော်လုပ်ငန်းကိုလုပ်ကိုင်လာမဲ့ အမျိုးသမီးများ ပိုများလာဖို့မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : ofwtambayan
Be the first to comment on "ဂဟေဆော်သူအဖြစ် အလုပ်လုပ်ကိုင်ခဲ့ရသည့်အတွက် ဂုဏ်ယူမိကြောင်းကို ပြောကြားခဲ့တဲ့ ကျောင်းဆရာမဟောင်းတစ်ဦး"