JRose (Mckzone daily)
Reference : khaosod
Unicode
The Enigma ဆိုတဲ့ အနက်ရောင်စိန်ဟာ အလေးချိန် 555.55 ကာရက်ရှိပြီး ငှက်ပျောသီးတစ်လုံးနဲ့ အလေးချိန်တူညီပါတယ် ။ အွန်လိုင်းလေလံပွဲများမှာ Enigma စိန်ကို ကမ္ဘာပေါ်မှာ အကြီးဆုံးဖြတ်တောက်ထားတဲ့ စိန်လို့ ယူဆရပြီး ပေါင် 3.16 သန်း (ဘတ် 139.77 သန်း) ဖြင့် ရောင်းချခဲ့ပါတယ် ။ Enigma က carbonado ဖြစ်ပြီး ၎င်းက ဘရာဇီးနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံများမှာသာ တွေ့ရှိရတဲ့ အပြင်းထန်ဆုံးနဲ့ အလွန်ရှားပါးတဲ့ သဘာဝစိန်များထဲမှ တစ်ခုဖြစ်ပါတယ် ။
Enigma က ဥက္ကာခဲများမှာသာ တွေ့ရတဲ့ သတ္တုတစ်မျိုးဖြစ်သောကြောင့် ၎င်းကို မူလအစမှာ အာကာသမှ ဆင်းသက်လာတယ်လို့ ယုံကြည်ကြပါတယ် ။ Enigma က ကမ္ဘာ့လေထု ပွတ်တိုက်မှုကြောင့် ကမ္ဘာမြေပေါ်သို့ ကျရောက်လာသော ဂြိုဟ်သိမ်တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ သီအိုရီ အပါအဝင် ၎င်းရဲ့ဇာစ်မြစ်နဲ့ပတ်သက်တဲ့ သီအိုရီများစွာအတွက်လည်း တင်ပြထားသည်။ ။
အနက်ရောင်စိန်များရဲ့ မူလဇစ်မြစ်မှာ နက်နဲတဲ့အရာများ ရှိသော်လည်း၊ အနက်ရောင်စိန်များက အများအားဖြင့် နှစ်ပေါင်းသန်း 2.6 (သို့) သန်း 3.2 သက်တမ်းရှိပြီး ဒိုင်နိုဆောများ မပေါ်မီအချိန်ကဖြစ်ပါတယ် ။ The Enigma က လူသားတို့သိကြတဲ့ နှစ်သန်းပေါင်းများစွာ သက်တမ်းရှိ အရှားပါးဆုံးသော အာကာသ အံ့သြဖွယ်များထဲမှ တစ်ခုအဖြစ် ဖော်ပြထားပါတယ် ။
JRose (Mckzone daily)
Be the first to comment on "အလေးချိန် 555.55 ကာရက်ရှိတဲ့ ရှားပါးအနက်ရောင်စိန်တုံးကြီးကို ဘတ်ငွေ သန်း ၁၄၀ နီးပါးဖြင့် ရောင်းချနိုင်ခဲ့"