အနက်ရောင်နောက်ခံပေါ်က ရောင်စုံစက္ကူပြားများဖြင့် ဖန်တီးထားတဲ့ ပန်းချီဆရာမတစ်ဦးရဲ့လက်ရာပြောင်မြောက်တဲ့ စိတ်ဝင်စားဖွယ်ပန်းချီကားများ

ပန်းချီဆရာမ Yulia Brodskaya ဟာ paper quilling လို့ခေါ်တဲ့ ရာစုနှစ်များစွာ သက်တမ်းရှိ လက်မှုပညာတစ်မျိုး၏ နယ်နိမိတ်များကို ကျဲ့ကားပေးနေပါတယ်။ သူမ၏ လက်တွေ့စမ်းသပ်မှုတွင် ဝါသနာပါပြီး စည်းကမ်းပေါင်းစုံကို လေ့ကျင့်စေလိုသောဆန္ဒဖြင့်၊ သူမ၏ ရင်သပ်ရှုမောဖွယ်လက်ရာများဟာ paper quilling ၏ အလှဆင်နည်းပညာများကို ခေတ်ပြိုင်ပုံစံဖြင့် အသုံးပြုထားပါတယ်။ Brodskayana ၏နောက်ဆုံးထွက်လက်ရာကတော့ လက်ရာပြောင်မြောက်တဲ့ အနက်ရောင်နောက်ခံနဲ့ ပုံတူပန်းချီကားချပ်တွေဘဲဖြစ်ပါတယ်။ ၎င်းပန်းချီကားများပေါ်က ရောင်စုံစက္ကူပြားများဟာ မှောင်မဲနေတဲ့မြေပြင်ကို တုန်ခါစေပြီး သူမကိုင်တွယ်သည့် များပြားလှသောနည်းလမ်းများကို ပြသနေပါတယ်။

.

.

၎င်းဟာ သူမ၏ စေ့စပ်သေချာသော အလုပ်အတွက် လေးမြတ်မှု နောက်ထပ် အဆင့်တဆင့်ကို ယူဆောင်လာစေပါတယ်။ အမှန်တော့ Brodskaya ဟာ သူမ၏ စက္ကူပြားလက်ရာအတွက် အဖြူရောင်အလင်းနောက်ခံကို နှစ်ပေါင်းများစွာ အမြန်ရွေးချယ်လာခဲ့တာပါ။ Brodskaya က “ အဖြူကလွဲရင် တခြားအရောင်ကို ရွေးဖို့တောင် တွေးရခဲတယ် ၊ အဖြူရောင်က အံ့ဩဖွယ်ကောင်းတဲ့ အရောင်ပြန်ဟပ်မှုတွေနဲ့ စက္ကူအကန့်များမှ ရောစပ်ထားတဲ့ ရောင်ပြန်ဟပ်မှုအားလုံးကို မြင်နိုင်စေပြီး ၎င်းတို့ရဲ့စွမ်းရည်ကို အပြည့်အဝပြသနိုင်စေပါတယ် ” လို့ ဆိုခဲ့ပါတယ်။

.

.

နက်မှောင်တဲ့အနက်ရောင်စာရွက်က အနုပညာရှင်တစ်ဦးအတွက် ထူးခြားသောစိန်ခေါ်မှုကို တင်ဆက်ပေးနိုင်ကြောင်းကို Brodskaya က “ အနက်ရောင်က သိပ်သည်းပြီး လွှမ်းမိုးထားနိုင်တယ်၊ ရောင်ပြန်ဟပ်မှုတွေနဲ့ အရိပ်အများစုကိုလည်း စုပ်ယူနိုင်တယ်” ဟု ရှင်းပြခဲ့ပါတယ်။

.

.

Brodskaya ဟာ နောက်ခံစက္ကူမည်းပေါ်ရှိ ပုံတူများအတွက် ခြားနားမှုများစွာကို ဖန်တီးခဲ့ပါတယ်။ ဒီတော့ အနက်ရောင်နောက်ခံစက္ကပေါ်ရှိ Brodskaya ရဲ့လက်ရာပြောင်မြောက်တဲ့ စိတ်ဝင်စားဖွယ် paper quilling အနုပညာကို ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးဗျာ ။

Mia (Mckzone daily)

Reference : mymodernmet

Be the first to comment on "အနက်ရောင်နောက်ခံပေါ်က ရောင်စုံစက္ကူပြားများဖြင့် ဖန်တီးထားတဲ့ ပန်းချီဆရာမတစ်ဦးရဲ့လက်ရာပြောင်မြောက်တဲ့ စိတ်ဝင်စားဖွယ်ပန်းချီကားများ"

Leave a comment

Your email address will not be published.


*