စားပွဲပေါ်မှာ တစ်သန်းနီးပါးပိုက်ဆံလောင်းချပြီး ဝန်ထမ်းတွေအတွက် ပိုက်ဆံကောက်တဲ့ ဂိမ်းတစ်ခုစီစဉ်ပေးခဲ့တဲ့ စိတ်ကောင်းရှိတဲ့သူဌေး



JRose (Mckzone daily)

Reference : mustsharenews

Unicode

စင်္ကာပူရှိ ပင်လယ်စာ စားသောက်ဆိုင် “House of Seafood” ဟာ အင်တာနက်သုံးစွဲသူများကြား ရေပန်းစားလာခဲ့ပါတယ် ။ ဆိုင်ပိုင်ရှင်က ဝန်ထမ်းများအတွက် အထူးလက်ဆောင် ပေးဆောင်ရန် ကစားပွဲတစ်ခုကျင်းပခဲ့ပြီး လူတွေကို မနာလိုဖြစ်စေခဲ့ပါတယ် ။ စားသောက်ဆိုင်ရဲ့ CEO ဖြစ်သူ Mr. Francis Ng က Covid 19 ကြောင့် စီးပွားရေးမကောင်းချိန်မှာတောင် ဆိုင်မှာ စိတ်ရှည်သည်းခံပြီး အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတွေအတွက် ပိုက်ဆံကောက်တဲ့ ဂိမ်းတစ်ခုစီစဉ်ပေးခဲ့ပါတယ် ။

ဂိမ်းကစားရန် စတိုးဆိုင်ပိုင်ရှင်က ငွေသား S$33,888 (ဘတ်ငွေ ခန့်မှန်းခြေ 825,000) ကို စားပွဲပေါ်မှာ လျောင်းချလိုက်ပြီး ဝန်ထမ်းများ မျက်လုံးမှိတ်ထားရမှာဖြစ်ပါတယ် ။ ပိုက်ဆံကို ပန်းကန်လုံးထဲထည့်ဖို့ ဇွန်းပြား ကိုသုံးရမှာပါ ။ ဝန်ထမ်းများကို ဆုချီးမြှင့်ခြင်းအပြင် ဆိုင်ရှင်က ဆိုင်ကို အမြဲအားပေးတဲ့ ဝယ်ယူသူများကိုလည်း ဆုချပါတယ် ။ Facebook page မှာ မေးခွန်းများတင်ခြင်းဖြင်း ကံထူးရှင်တွေကို S$68 (1,600 ဘတ်ခန့်) နဲ့ S$50 (ဘတ် ခန့်မှန်းခြေ 1,200 ဘတ်) တန် လက်ဆောင်ဘောက်ချာကို ရရှိမှာဖြစ်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "စားပွဲပေါ်မှာ တစ်သန်းနီးပါးပိုက်ဆံလောင်းချပြီး ဝန်ထမ်းတွေအတွက် ပိုက်ဆံကောက်တဲ့ ဂိမ်းတစ်ခုစီစဉ်ပေးခဲ့တဲ့ စိတ်ကောင်းရှိတဲ့သူဌေး"

Leave a comment

Your email address will not be published.


*