ထွားကြိုင်းလွန်းတဲ့ခန္ဓာကိုယ်အချိုးအစားကြောင့် နွားသငယ်တစ်ကောင်လို့ အမြဲလိုလို အထင်မှားခံနေရတဲ့ ဧရာမခွေးကြီးတစ်ကောင်

Great Dane ဆိုတဲ့ခွေးမျိုးစိတ်မှာ ရှည်လျားတဲ့နားရွက်များ နှင့် ၎င်းရဲ့လည်ခွံပေါ်မှာ အရိုးပုံသဏ္ဍာန်တစ်ခု ရှိပါတယ်။ Carlos Da Silva အမည်ရှိအမျိုးသားတစ်ဦးက အင်္ဂလန်နိုင်ငံ Wembley မြို့ရှိ ကားဂိုထောင်ပိုင်ရှင်တစ်ဦးဖြစ်ပြီး ၎င်းရဲ့ခေတ်ဟောင်း K-750 ဆိုင်ကယ်ဖြင့် Great Dane မျိုးစိတ် Diego လို့ခေါ်တဲ့ခွေးလေးတစ်ကောင်နှင့်အတူ လှည့်ပတ်သွားလာနေတက်ပါတယ်။ Da Silva ရဲ့ဇနီးဖြစ်သူက ၎င်းတို့ ခွေးမွေးသင့်တယ်လို့ဆိုခဲ့ပြီးနောက်မှာ Da Silva က 2015 ခုနှစ်မှာ Diego လေးကို ဝယ်ယူခဲ့တာပါ။ ၎င်းတို့မှာ အသက် ၆ နှစ်အရွယ် Great Dane မျိုးစိတ် ခွေးတစ်ကောင်အပြင် အသက် ၂ နှစ်အရွယ် Nelson လို့ခေါ်တဲ့ Diego ရဲ့မွေးစားညီခွေးတစ်ကောင်လည်း ရှိပါတယ်။

.

ဒါပေမဲ့ လက်ရှိမှာ ၎င်းတို့ဖခင်ရဲ့ဆိုင်ကယ်ပေါ်လိုက်ပါစီးနင်းနိုင်တာကတော့ Diego တစ်ကောင်တည်းသာဖြစ်ပါတယ်။ ” ကျွန်တော် ဂျာကင်ကိုဝတ်ရင် ဒါမှမဟုတ် ဦးထုပ်ဆောင်းပြီဆို ကျွန်တော်တို့ အပြင်ထွက်တော့မယ်ဆိုတာ သူ သိတယ်။ Great Dane ခွေးမျိုးတွေက အပျင်းကြီးပြီး ယုယုယယ မွေးထားရတဲ့ခွေးလေးတွေပါ။ သူကတော့ ကျွန်တော် sidecar ဘေးမှာထိုင်ပြီး သွားလေရာနေရာတိုင်းကို လိုက်သွားတတ်တယ် ” လို့ Da Silva က စွန့်စားခန်းအား ချစ်မြတ်နိုးတဲ့ ၎င်းခွေးလေးရဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ယခု အသက် ၆ နှစ်ရှိပြီဖြစ်တဲ့ Diego က ကိုယ်အလေးချိန် ၉၅ ကီလိုဂရမ်ရှိပြီး ၎င်းရဲ့နောက်ခြေသလုံးအမြင့်က ခြောက်ပေကျော်ရှိနေပြီဆိုပေမဲ့လည်း ၊

.

Da Silva က သူ သွားနေကျဖြစ်တဲ့ လန်ဒန်မြို့မြေအောက်ရထားသို့ Diego လေးအား မခေါ်ဆောင်သွားဘဲ မနေနိုင်ပါဘူး။ Da Silva က Diego လေးရဲ့ သူစိမ်းများထံမှ အစားအစာကို ခိုးယူခြင်း (သို့) လက်ခံခြင်းအလေ့အထရှိခြင်းဟာ ခွေးလေးရဲ့ကြီးမားတဲ့အရွယ်အစားက ၎င်းအား ကြီးမားတဲ့အစာစားချင်စိတ်ကိုဖြစ်ပေါ်စေနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ Diego ရဲ့အရပ်အမောင်းမြင့်မားမှုက အခြားသူများထံမှ အာရုံစူးစိုက်မှုကို ပုံမှန်ရရှိလေ့ရှိပေမဲ့ အချို့ကလေးများက Diego ကို နွားတစ်ကောင်နဲ့ အထင်မှားနေတတ်ကြပါတယ်။

.

Da Silva နှင့် Diego တို့က နံနက်ခင်းလမ်းလျှောက်လေ့ရှိတဲ့အတွက် Victoria Park မှာတောင် Diego ရဲ့ပရိသတ်များရှိနေပြီး တစ်ခါတစ်ရံ Da Silva ရဲ့ကားဂိုဒေါင်ဖြစ်တဲ့ Bravos Motorcycles အထိလည်း လာရောက်လေ့ရှိကြပါတယ်။ ‘ အရှေ့လန်ဒန်မှာဆိုရင် လူတိုင်းနီးပါး Diego ကိုသိတယ် ၊ မင်းမှာ Great Dane တစ်ကောင်သာရှိရင် လူတိုင်းက စကားလာပြောပြီး ဓာတ်ပုံရိုက်ကြလိမ့်မယ်‘ လို့လည်း Da Silva က ထပ်မံပြောကြားခဲ့ပါတယ်။ ထို့ပြင် Diego လေးက ဧရာမခွေးမတစ်ကောင်အဖြစ် သူ့ဘဝအကြောင်း ထိုးထွင်းသိမြင်မှုဖြင့် Follower ထောင်ပေါင်းများစွာကို ဖျော်ဖြေပေးသည့် ၎င်းရဲ့ကိုယ်ပိုင် Instagram စာမျက်နှာကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

Mia (Mckzone daily)

Reference : unilad

Be the first to comment on "ထွားကြိုင်းလွန်းတဲ့ခန္ဓာကိုယ်အချိုးအစားကြောင့် နွားသငယ်တစ်ကောင်လို့ အမြဲလိုလို အထင်မှားခံနေရတဲ့ ဧရာမခွေးကြီးတစ်ကောင်"

Leave a comment

Your email address will not be published.


*