မင်္ဂလာဆောင်ပွဲမှာ တီရှပ်နဲ့ဂျင်းဘောင်းဘီသာ ၀တ်ဆင်ခဲ့တာကြောင့် လူအများ တခဲနက်ဝေဖန်ခဲ့ကြတဲ့ သတို့သား



.

.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

မကြာသေးမီက မင်္ဂလာဆောင်ပွဲတစ်ခုမှာ အင်္ဂလိပ်သတို့သားတစ်ဦးက ရိုးရှင်းတဲ့ ဝတ်စုံနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ရှိလာခဲ့ပါတယ် ။ ဒီဗီဒီယိုကို သတို့သမီးရဲ့ အချစ်ဆုံးသူငယ်ချင်းမိန်းကလေး @violetprice16x Tik Tok အသုံးပြုသူတစ်ဦးက တင်ခဲ့တာဖြစ်ပါတယ် ။ သတို့သမီးက အသက် 16 နှစ်အရွယ် Katherine Nicholson လို့ခေါ်ပါတယ် ။ Katherine က ပြီးပြည့်စုံတဲ့ မိတ်ကပ်နဲ့ လှပတဲ့ အဖြူရောင် မင်္ဂလာဝတ်စုံ ဝတ်ထားပြီး သတို့သားကတော့ အနက်ရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုသာ ဝတ်ထားတာကို ဗီဒီယိုမှ မြင်တွေ့နိုင်ပါတယ် ။

ဗီဒီယိုကို လွှင့်တင်ပြီးတာနဲ့ Netizens များက သတို့သားကို တခဲနက်ဝေဖန်ခဲ့ကြပါတယ် ။ သတို့သမီးကို မရိုမသေပြုတဲ့သူအဖြစ် လူအများက မြင်ကြပါတယ် ။ အချို့က ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးနဲ့ အိုးမဲ့အိမ်မဲ့တစ်ဦးလို့ပင် ဆိုကြပါတယ် ။ ဒါပေမဲ့ ဗီဒီယိုပိုင်ရှင်က အဆိုးမြင်မှတ်ချက်များကို တုံ့ပြန်ခဲ့တာက သူမရဲ့သူငယ်ချင်းဟာ သတို့သား ဘယ်လိုပုံစံမျိုးဘဲ ဝတ်ဝတ် ဂရုမစိုက်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့လကိထပ်ခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မင်္ဂလာဆောင်ပွဲမှာ တီရှပ်နဲ့ဂျင်းဘောင်းဘီသာ ၀တ်ဆင်ခဲ့တာကြောင့် လူအများ တခဲနက်ဝေဖန်ခဲ့ကြတဲ့ သတို့သား"

Leave a comment

Your email address will not be published.


*