လက်ဖက်ရည်အိုးထဲကို ဖိနပ်ပြုတ်ထည့်ပြီး ဟာသလုပ်ခဲ့ပေမယ့် လူမှုကွန်ယက်မှာ ဝေဖန်ခံရခြင်းကြောင့် အလုပ်မှ နှုတ်ထွက်ခံခဲ့ရတဲ့ ဝန်ထမ်းနှစ်ဦး



.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

ထိုင်ဝမ်နိုင်ငံ၊ Yunlin ကောင်တီရှိ bubble လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အင်တာနက်အသုံးပြုသူတစ်ဦးက DeGuard ပလပ်ဖောင်းပေါ် ကလစ်တစ်ခုတင်လိုက်ချိန်မှာတော့ အွန်လိုင်းမှာ များစွာ ဝေဖန်ခံရပါတယ် ။ ကလစ်ထဲမှာ အမျိုးသားတစ်ဦးက ညစ်ပတ်နေတဲ့ အနက်ရောင်ဖိနပ်ကို ယူသွားပြီး လက်ဖက်ရည်အိုးကြီးထဲမှာ ထည့်လိုက်ပါတယ် ။ ဒီလုပ်ပုံဟာ ဝယ်ယူသူ ဖောက်သည်များအတွက် အရမ်းကို အန္တရာယ်ရှိစေပါတယ် ။

ဖေဖော်ဝါရီ ၇ ရက်၊ ၆၅ ရက်မှာ Yunlin ပြည်နယ်ကျန်းမာရေးဗျူရိုမှ တာဝန်ရှိသူတစ်ဦးကို စုံစမ်းစစ်ဆေးရန် စေလွှတ်ခဲ့ပါတယ် ။ ကလစ်မှာပြထားတဲ့အတိုင်း ဖိနပ်ပြုတ်ထားတဲ့အိုးက သန့်ရှင်းရေးအိုးဟောင်းဖြစ်ကြောင်း ဆိုင်မှအတည်ပြုချက်ရရှိပါတယ် ။ 50 Lan ဌာနချုပ်က အဖြစ်အပျက်ကို သိရှိပြီးနောက် ဒေါသတကြီးဖြင့်လုပ်ငန်းခွင်မှာ ကိုယ်ရေးကိုယ်တာ စိတ်နေစိတ်ထားနဲ့ မသင့်လျော်တဲ့ အပျော်သဘော အပြုအမူတွေကြောင့် အဖွဲ့အစည်းရဲ့ ပုံရိပ်ကို ထိခိုက်ပျက်စီးစေတဲ့အတွက် Pan နဲ့ Lin လို့ အမည်ပေးထားတဲ့ ဝန်ထမ်းတွေကို ချက်ချင်း ရာထူးမှ ထုတ်ခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "လက်ဖက်ရည်အိုးထဲကို ဖိနပ်ပြုတ်ထည့်ပြီး ဟာသလုပ်ခဲ့ပေမယ့် လူမှုကွန်ယက်မှာ ဝေဖန်ခံရခြင်းကြောင့် အလုပ်မှ နှုတ်ထွက်ခံခဲ့ရတဲ့ ဝန်ထမ်းနှစ်ဦး"

Leave a comment

Your email address will not be published.


*