ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က တရုတ်နိုင်ငံ၊ Jining မြို့ တွင် အသက် ၇၈ နှစ်အရွယ် သူဌေးကြီးတစ်ဦးဟာ ၎င်းရဲ့ အသက် ၄၈ နှစ်အရွယ် သတို့သမီးနှင့် လက်ထပ်မင်္ဂလာဆောင်ခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲက အဆိုပါအဘိုးဟာ ရင်ဘတ်မှာ စွဲမက်ဖွယ်ကောင်းတဲ့ ပန်းစည်းပါတဲ့ ရောင်စုံအနီရောင်သတို့သားဝတ်စုံကို ၀တ်ဆင်ထားပြီး ဘေးနားက လူတွေကို အဆက်မပြတ်ဝှေ့ယမ်းပြရင်း မြင်းကြီးကို စီးနေခဲ့ပါတယ်။ ပိုပြီးထူးခြားတာက သူ့နောက်မှာ လူများစွာ သယ်ဆောင်လာတဲ့ ကြက်သွေးရောင်ပန်းလှည်းယှဉ်တစ်ခုရှိနေပါတယ်။ ၎င်းရဲ့အထဲမှာ ထိုင်နေတာက သတို့သားထက် အသက် 30 ငယ်တဲ့ သတို့သမီးပါဘဲ။
သူဌေးကြီးရဲ့မင်္ဂလာပွဲကို ရှေးခေတ်မင်္ဂလာဓလေ့ထုံးတမ်းပုံစံဖြင့် ကျင်းပခဲ့ပြီး သတို့သားဟာမြင်းစီးကာ ဇနီးအသစ်ကတော့ အိမ်သို့လိုက်သွားဖို့ ၎င်းလှည်းထဲမှာ ထိုင်နေခဲ့ပါတယ်။ သတို့သားဟာ အဘိုးကြီးတစ်ဦးဖြစ်ပြီး အသက်ကြီးတဲ့မျိုးဆက်ဖြစ်တာကြောင့် မိသားစုနှင့် ပိုမိုရင်းနှီးစေရန်အတွက် ရှေးအစဉ်အလာအတိုင်း မင်္ဂလာပွဲကျင်းပရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။ ထို့ကြောင့် ၎င်းထုံးတမ်းစဉ်လာဟာ အနီးနားရှိ လူအများရဲ့အာရုံကို စွဲဆောင်လာခဲ့ပြီး လူတိုင်းက ခေတ်မမီတော့တဲ့ မင်္ဂလာပွဲကို ကြည့်ဖို့ ပြေးလာခဲ့ကြပါတယ်။
အရေးကြီးဆုံးကတော့ ဒီသတို့သမီးနဲ့ သတို့သားရဲ့အသက်ကွာခြားချက်နဲ့ ၎င်းတို့အကြောင်း အချက်အလက်တွေကို နားထောင်ဖို့ပါပဲ။ ရွာသားများ၏ အဆိုအရ အထူးသဖြင့် သတို့သားက အသက် ၇၈ နှစ်ရှိပေမယ့် ဒီမင်္ဂလာပွဲက သူ့ရဲ့ပထမဆုံးအိမ်ထောင်လည်း ဖြစ်ပါတယ်။
သတို့သားဟာ အလွန်ချမ်းသာသူဖြစ်ရမည် သို့မဟုတ် ကြီးမားသော အငြိမ်းစားယူထားရမည်ဟု လူအများက ယုံကြည်ထားတဲ့အတွက်ကြောင့် ထိုအသက်အရွယ်မှာ ရွှင်မြူးဖွယ်မင်္ဂလာဆောင်ရန် များစွာ အကုန်အကျခံထားပုံရပါတယ်။
သတို့သားဟာ အက်ကြောင်းများ ပေါကြွယ်ဝသည့် ဓာတ်သတ္တုတွင်းကို ပိုင်ဆိုင်ကြောင်း ကောလာဟလများပင် ရှိသေးတဲ့အတွက် ဒါကလည်း သတို့သမီးက နောက်ပိုင်းမှာ အမွေထိုင်စားဖို့ အဘိုးကြီးကို သူ့ခင်ပွန်းအဖြစ် လက်ခံလိုက်ပုံရကြောင်းလည်း အများက ထင်ကြေးပေးနေကြပါတယ်။ သို့ပေမဲ့ မျိုးရိုးအမည် Li လို့အမည်ရတဲ့ သတို့သားက အိမ်ထောင်မပြုဖူးသလို ၊ သာမန်မိသားစုနောက်ခံမျိုးလည်းမရှိဘဲ အင်တာနက်သုံးစွဲသူတွေရဲ့ထင်မြင်ချက်အတိုင်း ဓာတ်သတ္တုသိုက်တွေလည်း မရှိကြောင်း သတို့သားရဲ့အိမ်နီးချင်းဖြစ်သူက ဆိုခဲ့ပါတယ်။
.
ထို့ပြင် သတို့သားဟာ သူ့ဇနီးကို ကောင်းကောင်းဆက်ဆံပြီး ၎င်းတို့ဟာ လက်ထပ်ရန် မဆုံးဖြတ်မီ 5-6 နှစ်ကျော်ကြာ အတူနေထိုင်ခဲ့ကြပါတယ်။ ထို့ပြင် ဤရိုးရာမင်္ဂလာပွဲကို အဘိုးကြီးရဲ့ ဝမ်းကွဲတူများက အဘိုး မကွယ်လွန်မီမှာ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပြီး လုပ်ပေးခဲ့ကြတာပါ။ သတို့သမီးနှင့် သတို့သားတို့ဟာ စားသောက်ဆိုင်တစ်ခုမှာ ပထမဆုံး တွေ့ဆုံခဲ့ကြပြီး ပွင့်လင်းပြီး အကောင်းမြင်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိခြင်းကြောင့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီးဟာ အသက် ၇၈ နှစ်အရွယ် အမျိုးသားရဲ့ အချစ်ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ကြောင်း သတို့သမီးရဲ့အသိတစ်ဦးက ပြောကြားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : everytruenews24
Be the first to comment on "မြင်းစီးပြီး ရှေးရိုးရာဓလေ့အတိုင်း မင်္ဂလာပွဲကျင်းပကာ ကိုယ့်ထက် အသက် ၃၀ ငယ်တဲ့သတို့သမီးနဲ့လက်ထပ်ထိမ်းမြားခဲ့တဲ့ ၇၈ နှစ်အရွယ်သတို့သား"