ခွေးတွေက အရမ်းဉာဏ်ကောင်းတယ်ဆိုတာ လူတိုင်းအသိပါဘဲ။ ၎င်းတို့ဟာ ၎င်းတို့မိသားစုအတွက် လိမ္မာပါးနပ်ပြီး အကူအညီဖြစ်စေတဲ့အရာတွေ အများကြီးလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် အချို့သူများဟာ ၎င်းတို့ရဲ့အချစ်တော်ခွေးလေးများအား လူသားတွေရဲ့အလုပ်များစွာကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်သင်ကြားပေးထားတတ်ကြပါတယ်။ တကယ်လည်း ခွေးလေးတွေဟာ လေ့ကျင့်ပေးနိုင်လေ ပိုလိမ္မာထက်မြက်လေပါဘဲ။ ခုလည်း ဒီဓာတ်ပုံတွေထဲက ဂျာမန်သိုးထိန်းခွေးလေးတစ်ကောင်ကို “သိပ်ပါးနပ်တဲ့ကောင်လေး” လို့ခေါ်ထိုက်ပါတယ်။ အိမ်မှာ ဘယ်သူမှမရှိတဲ့အခါ ၎င်း စမတ်ကျတဲ့ခွေးလေးဟာ အိမ်သို့လာပို့တဲ့ delivery package ထုပ်ကို ကိုယ်တိုင် လက်ခံပေးခဲ့ပါတယ်။
.
အတော်ကို စမတ်ကျပြီး လိမ္မာပါးနပ်လွန်းတဲ့ခွေးလေးပါဘဲဗျာ ။ ခွေးလေးရဲ့ နာမည်က Nuomi လို့ခေါ်ပြီး ထိုနေ့မှာ Nuomi ဟာ ဧည့်ခန်းကြမ်းပြင်ပေါ်၌ လဲလျောင်းနေချိန် တံခါးဝတွင် အမြန်ချောပို့သူတစ်ဦးရဲ့အသံကို ကြားလိုက်ရသလို တံခါးလာခေါက်တဲ့သူတစ်ယောက်ရှိတဲ့အတွက်ကြောင့် Nuomi လေးက ခေါင်းထောင်ပြီး တံခါးဆီထသွားခဲ့ပါတယ်။ ထို့နောက် Nuomi လေးက တံခါးဖွင့်ပြီး အထုပ်ကိုယူကာ အိမ်ထဲသို့ ယူလာခဲ့ပါတယ်။
.
ဒါတင်မကသေးဘဲ၊ စမတ်ကျတဲ့ခွေးလေးက သူစိမ်းကို တိုက်ခန်းထဲမဝင်ဖို့ သတိပေးနေခဲ့ပါတယ်။ ဘယ်လိုလဲဆိုတော့ အဆိုပါအမြန်ချောပို့သူအမျိုးသားက ၎င်းရဲ့အိမ်ထဲကို လှမ်းကြည့်လိုက်တော့ Nuomi လေးက ဟောင်ပြီး တံခါးကို ချက်ချင်းပိတ်ပစ်လိုက်တာပါဘဲ။
.
” ကျွန်တော် အရမ်းကြောက်သွားလို့ ကျွန်တော် ပြေစာယူဖို့ အချိန်တောင်မရှိခဲ့ဘူး” လို့ အဆိုပါချောစာပို့သူက South China Morning Post သို့ သူ့ရဲ့ခွေးဖောက်သည်နဲ့ တွေ့ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ၎င်းရဲ့ခွေးလေးက မည်မျှ နူးညံ့သိမ်မွေ့ကြောင်း အမြန်ချောပို့သူကို ပြသလိုခဲ့တဲ့အတွကိကြောင့် နောက်ပိုင်းမှာ သခင်ဖြစ်သူနှင့် ခွေးလေး Nuomi တို့ဟာ အဆာပြေမုန့်များပေးဖို့အတွက် ၎င်းအမြန်ချောပို့ကောင်တာဆီသို့ သွားရောက်ခဲ့ပြပါသေးတယ်။ Nuomi လေးကတော့ ထက်မြက်ပြီး တာဝန်သိတဲ့အိမ်စောင့်လေးပါဘဲဗျာ ။
Mia (Mckzone daily)
Reference : aubtu
Be the first to comment on "အိမ်သို့ delivery ရောက်လာတဲ့အခါ ဘယ်သူမှမရှိလို့ ပစ္စည်းလက်ခံပေးဖို့ ကိုယ်တိုင် တံခါးသွားဖွင့်ယူပေးခဲ့တဲ့ ထက်မြက်လွန်းတဲ့ ခွေးတစ်ကောင်"