၎တို႔၏ မတူညီေသာ ပုံစံမ်ား၊ အေရာင္မ်ား၊ ပုံသ႑ာန္မ်ားႏွင့္ အ႐ြယ္အစားမ်ားစြာျဖင့္၊ ထူးျခားေသာအပင္တစ္ပင္ကို ေငးၾကည့္ရင္း လုံးဝကြဲျပားသည့္အရာတစ္ခုကို သင့္အား အမွတ္ရေစသည္မွာ အထူးအဆန္းမဟုတ္ေတာပါဘူး။ ဒီျဖစ္စဥ္ကို ေနာက္တစ္ဆင့္တက္လွမ္းေစခဲ့တဲ့ ပန္းတစ္ပြင့္ကေတာ့ Night Sky Petunia ျဖစ္ၿပီး ၎ဟာ ၾကယ္ေတြကို ျမင္ႏိုင္ေစမယ့္ လွပတဲ့ ခရမ္းေရာင္ပန္းပြင့္ဘဲျဖစ္ပါတယ္။ သိပၸံပညာအရ Petunia မ်ိဳးစိတ္ဟု လူသိမ်ားေသာ ဤစၾကာဝဠာပန္းဟာ ၾကယ္ေရာင္စုံေသာ ေကာင္းကင္ယံကို အမွတ္ရေနသည့္ ထူးျခားေသာ အမွတ္အသားမ်ား ပါရွိေနပါတယ္။
တစ္မူထူးျခားေသာအပင္တစ္ခုစီတြင္ ေကာင္းကင္ကိုယ္ခႏၶာႏွင့္တူေသာ ေတာက္ပေသာအျဖဴအစက္မ်ားျဖင့္ ခရမ္းေရာင္အမႈန္အမႊားမ်ားပါရွိပါတယ္။ စြဲမက္ဖြယ္ေကာင္းေသာ ဤလကၡဏာဟာ 16 လက္မအျမင့္အထိေရာက္ရွိႏိုင္ၿပီး ေႏြဦးႏွင့္ေႏြရာသီအတြင္းပြင့္ႏိုင္သည့္ Night Sky Petunias ကို ဥယ်ာဥ္မႉးမ်ားႏွင့္ ပန္းဝါသနာရွင္မ်ားၾကား အထူးေရပန္းစားေသာအပင္ျဖစ္ေစခဲ့ပါတယ္။ ဒါဆို ဒီ ethereal ပုံစံေတြကို ဘာက ျဖစ္ေစတာလဲဆိုေတာ့ Burpee ၏အဆိုအရ ၊
ေန႔ႏွင့္ညအပူခ်ိန္မ်ားအၾကားႀကီးမားေသာကြဲျပားမႈက ပန္းပြင့္မ်ားေပၚတြင္ ယာယီအျဖဴေရာင္ကိုျဖစ္ေပၚေစတဲ့အတြက္ေၾကာင့္ သင့္ရဲ႕ Night Sky Petunias အား အၿမဲေတာက္ပေနေစရန္ အာမခံဖို႔၊ ၎တို႔အား ေန႔ဘက္တြင္ ပူေႏြးေနေစရန္ (100°F ဝန္းက်င္) ႏွင့္ ညအခ်ိန္တြင္ (50°F ခန႔္) ေအးျမေစရန္ ရည္႐ြယ္ထားရွိသင့္ပါတယ္။ ဒီေတာ့ လွပတဲ့ သင့္ကိုယ္ပိုင္ ခရမ္းေရာင္ဂလက္ဆီတစ္ခုကိုၾကည့္ႏိုင္မယ့္ ပန္းအိုးတအိုးကို စိုက္ပ်ိဳးလိုရင္ေတာ့ ၊ အျမန္ဆုံး Night Sky Petunia အေစ့ထုပ္ကို လိုက္လံရွာဝယ္ယူလိုက္ပါဗ် ။
.
.
.
.
.
Mia (Mckzone daily)
Reference : mymodernmet
Unicode
၎င်းတို့၏ မတူညီသော ပုံစံများ၊ အရောင်များ၊ ပုံသဏ္ဍာန်များနှင့် အရွယ်အစားများစွာဖြင့်၊ ထူးခြားသောအပင်တစ်ပင်ကို ငေးကြည့်ရင်း လုံးဝကွဲပြားသည့်အရာတစ်ခုကို သင့်အား အမှတ်ရစေသည်မှာ အထူးအဆန်းမဟုတ်တောပါဘူး။ ဒီဖြစ်စဉ်ကို နောက်တစ်ဆင့်တက်လှမ်းစေခဲ့တဲ့ ပန်းတစ်ပွင့်ကတော့ Night Sky Petunia ဖြစ်ပြီး ၎င်းဟာ ကြယ်တွေကို မြင်နိုင်စေမယ့် လှပတဲ့ ခရမ်းရောင်ပန်းပွင့်ဘဲဖြစ်ပါတယ်။ သိပ္ပံပညာအရ Petunia မျိုးစိတ်ဟု လူသိများသော ဤစကြာဝဠာပန်းဟာ ကြယ်ရောင်စုံသော ကောင်းကင်ယံကို အမှတ်ရနေသည့် ထူးခြားသော အမှတ်အသားများ ပါရှိနေပါတယ်။
တစ်မူထူးခြားသောအပင်တစ်ခုစီတွင် ကောင်းကင်ကိုယ်ခန္ဓာနှင့်တူသော တောက်ပသောအဖြူအစက်များဖြင့် ခရမ်းရောင်အမှုန်အမွှားများပါရှိပါတယ်။ စွဲမက်ဖွယ်ကောင်းသော ဤလက္ခဏာဟာ 16 လက်မအမြင့်အထိရောက်ရှိနိုင်ပြီး နွေဦးနှင့်နွေရာသီအတွင်းပွင့်နိုင်သည့် Night Sky Petunias ကို ဥယျာဉ်မှူးများနှင့် ပန်းဝါသနာရှင်များကြား အထူးရေပန်းစားသောအပင်ဖြစ်စေခဲ့ပါတယ်။ ဒါဆို ဒီ ethereal ပုံစံတွေကို ဘာက ဖြစ်စေတာလဲဆိုတော့ Burpee ၏အဆိုအရ ၊
နေ့နှင့်ညအပူချိန်များအကြားကြီးမားသောကွဲပြားမှုက ပန်းပွင့်များပေါ်တွင် ယာယီအဖြူရောင်ကိုဖြစ်ပေါ်စေတဲ့အတွက်ကြောင့် သင့်ရဲ့ Night Sky Petunias အား အမြဲတောက်ပနေစေရန် အာမခံဖို့၊ ၎င်းတို့အား နေ့ဘက်တွင် ပူနွေးနေစေရန် (100°F ဝန်းကျင်) နှင့် ညအချိန်တွင် (50°F ခန့်) အေးမြစေရန် ရည်ရွယ်ထားရှိသင့်ပါတယ်။ ဒီတော့ လှပတဲ့ သင့်ကိုယ်ပိုင် ခရမ်းရောင်ဂလက်ဆီတစ်ခုကိုကြည့်နိုင်မယ့် ပန်းအိုးတအိုးကို စိုက်ပျိုးလိုရင်တော့ ၊ အမြန်ဆုံး Night Sky Petunia အစေ့ထုပ်ကို လိုက်လံရှာဝယ်ယူလိုက်ပါဗျ ။
Mia (Mckzone daily)
Be the first to comment on "ခရမ္းေရာင္ပြင့္ဖတ္မ်ားေပၚမွာ စၾကဝဠာႀကီးတစ္လုံးကို ကိုင္ေဆာင္ထားပုံအလား အံ့မခန္းဖြယ္ လွရက္လြန္းတဲ့ ပန္းတစ္မ်ိဳး"