အရှေ့တောင်အာရှမှာနေထိုင်ရင်တော့ မနက်ခင်း လမ်းလျှောက်ရင်း အလုပ် ဒါမှမဟုတ် ကျောင်းသွားတဲ့အခါ ‘မြို့ပြ’ တောရိုင်းတိရိစ္ဆာန်အချို့နဲ့ သင် ရင်ဆိုင်ရနိုင်ပါတယ်။ ကုန်းမြေများ လျင်မြန်စွာ ရှားပါးလာသည်နှင့်အမျှ ကျွန်တော်တို့ လူသားများဟာ အခြားသော တိရိစ္ဆာန်များ၏ သဘာဝ ကျက်စားရာများကို ကျူးကျော်ရန် တွန်းအားပေး ခံခဲ့လာရပါတယ်။ လူသားအများစုကတော့ ၎င်းတို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ သင်ယူခဲ့ကြပေမယ့်လည်း တစ်ခါတလေမှာ အစီအစဉ်အတိုင်း ဖြစ်မလာနိုင်ပါဘူး။ မကြာသေးမီက စင်္ကာပူရှိ အလယ်တန်းကျောင်းသားလေးတစ်ဦးဟာ အရေကြီးတဲ့ “ဖိုင်” နှင့် “ပရောဂျက်” များပါရှိသော ၎င်းရဲ့အိတ်တစ်လုံးကို တစ်နည်းနည်းဖြင့် မျောက်တွေထံမှ အလုခံလိုက်ရပြီးနောက် ၊ မျာက်နှစ်ကောင်နှင့်အတူ သေချာတည်ငြိမ်စွာ ဓားစာခံ စေ့စပ်ညှိနှိုင်းနေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
.
ကျောင်းသားလေးဟာ လွန်စွာသိချင်လွန်းနေတဲ့ မျောက်နှစ်ကောင်ထံမှ ၎င်းရဲ့အရေးကြီးဖိုင်တွေ တစ်ခုခုအလုပ်မခံရအောင်တားဖို့ အသံကလည်း အရေးကြီးတဲ့အတွက် ကျယ်လောင်စွာ ညှိနှိုင်းနေခဲ့ပါတယ်။ အခြေအနေတွေပေါ်အရ ကြည့်ရတာ ကြည်နူးစရာကောင်းတာက ကောင်လေးရဲ့ အမူအယာက တည်ငြိမ်ပြီး ညင်သာစွာ ကြောက်လန့်တကြား ဖြစ်နေခဲ့တာပါဘဲ။ မျောက်တွေရဲ့သဘာဝအတိုင်း သင့်ရဲ့ပစ္စည်းတွေကို ပြန်မရနိုင်တော့အောင် ယူပြေးသွားနိုင်တဲ့အတွက် ဤကိစ္စမှာ မကြောက်သလိုနေဖို့အတွက် ယုတ္တိဗေဒကလည်း အရေးကြီးပါတယ်။
.
ဒါကိုသဘောပေါက်နေတော့ ကောင်လေးက မျောက်ဝံနှစ်ကောင်နဲ့ စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းပြီး သူတို့ကို အင်္ဂလိပ်လို ပြတ်ပြတ်သားသား ပြောနေခဲ့ပါတယ်။ မျောက်တစ်ကောင်က ကောင်လေးကို စောင့်ကြည့်နေတုန်း အခြားမျောက်တစ်ကောင်ဟာ ကောင်လေးရဲ့ကျောပိုးအိတ်ကိုဖွင့်ပြီး အစာစရှာတော့ ကောင်လေးက သူ့လက်တွေကို ခါယမ်းရင်း “ဟင့်အင်း မဖွင့်ပါနဲ့” လို့ပြောလာတဲ့သူ့အသံက မျောက်တွေအပေါ် ဩဇာအာဏာရှိပုံရနေပုံပေါ်နေခဲ့ပါတယ်။
.
ထို့နောက် ယဉ်ကျေးသိမ်မွေ့စွာ ဆူပူကြိမ်းမောင်းခြင်းက အလုပ်မဖြစ်မှန်း သိလိုက်ရတဲ့အဆုံးမှာ ၊ ကောင်လေးက မျောက်များနှင့် ‘သဘောတူညီချက်တစ်ခု’ လုပ်ရန် အားကိုးရာပြုကာ သူ့အိတ်နှင့် လဲလှယ်ရန်အတွက် Coke တစ်ဘူးကို ရနိုင်တယ်လို့ဆိုရင်း ၊“ ငါ့ပစ္စည်းကို ပြန်လိုချင်တယ် ၊ ကျေးဇူးပြုပြီး ၊ တောင်းပန်ပါတယ် ” လို့ ကောင်လေးက ပြောခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ မျောက်တွေဟာ တစ်ခုခုကြောင့် အာရုံပြောင်းသွားပြီး အနီးနားက သစ်ပင်တစ်ပင်ကို တက်သွားခဲ့တဲ့အခါမှ ကောင်လေးရဲ့သူငယ်ချင်း (ဗီဒီယိုရိုက်နေသူ) က သူ့အိတ်ကို အမြန်ပြန်လာယူပြီး မျောက်တွေမမြင်ခင်မှာ ထွက်ပြေးဖို့ ပြောလိုက်ပါတယ်။
ထို့နောက် ကံကောင်းချင်တော့ ကောင်လေးက သူ့ပစ္စည်းတွေကို ပြန်ကောက်ယူနိုင်ခဲ့ပေမဲ့ မျောက်တစ်ကောင်က သူ့ဆီပြန်လာပြီး ခြိမ်းခြောက်နေတော့ ကောင်လေးက ကြောက်ကြောက်နဲ့ အော်ဟစ်ရင်း အဝေးပြေးသွားနိုင်ခဲ့ပါတယ်။ ဗီဒီယိုအဆုံးသတ်ကိုကြည့်ပုံအရ ၎င်းအဖြစ်အပျက်ဟာ ပျော်ရွှင်စရာကောင်းတဲ့အဆုံးသတ်ဖြစ်ပုံပါဘဲ ။
Mia (Mckzone daily)
Reference : mashable
Be the first to comment on "မျောက်နှစ်ကောင်ထံမှ အိတ်တစ်လုံးအလုခံရပြီးနောက် ပြန်ရဖို့အရေး ကြောက်ကြောက်နဲ့ အလဲအလှယ်လုပ်ဖို့ ညှိနှိုင်းနေခဲ့တဲ့ ကျောင်းသားတစ်ဦး (ရုပ်သံ)"